"သူ၏ ပစ္စည်းဥစ္စာ ကိုခိုးယူ ခြင်းကိုမပြုလင်"့

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း
"သူ၏ ပစ္စည်းဥစ္စာ ကိုခိုးယူ ခြင်းကိုမပြုလင်"့
နိုဝင်ဘာလ ၇၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညာတ်တော်ဆယ်ပါးတွင် (သူ၏ ပစ္စည်းဥစ္စာ ကိုခိုးယူ ခြင်းကိုမပြုလင့်) ဟူသော သတ္တမ ပညာတ်တော် ကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
ချစ်လှစွာသော ညီကိုမောင်းနှမ အပေါင်းတို့၊ သတ္တမ ပညာတ်တော်က ခိုးယူခြင်း အကြောင်းနှင့် သူတပါး ပစ္စည်းဥစ္စာ ကို ရိုသေလေးစား ရမည့်အကြောင်း ကို ဖော်ပြထားပါတယ်။ ကက်သလစ်ခရစ်ယာန်ဆိုင်ရာ လူမှုရေး သွန်သင်ချက်များနှင့် အသင်းတော်၏ ယုံကြည်ခြင်းအလင်းပေးမှုတို့ကိုအခြေခံပြီး၊ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာလောကကြီး တခုလုံးသည် လူသားအားလုံးပိုင်ဆိုင်သော အရာဖြစ်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားကြဖို့ ဖိတ်ခေါ်နေပါတယ်၊
အများပြည်သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့သည်၊ တဦးတစ်ယောက်ဆီ ပိုင်ဆိုင်မှု၏ အခွင့်အရေးကိုယုတ်လျော့စေခြင်းမျိုးမဟုတ်ပဲ ယင်းအခွင့်အရေးကို အဖြစ်သင့်ဆုံးပုံစံဖြင့် ဖော်ဆောင်ထားရှိပေးခြင်းဖြစ်ပါသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်သူသည် ဘုရားသခင်ရဲ့အလိုတော်ကို ထိမ်းသိမ်းထားသူသာဖြစ်ပြီး ယင်း ပစ္စည်းဥစ္စာများကို အများအကျိုးအတွက် တိုးပွားများပြားအောင်လုပ်ဆောင်ရမည့်တာဝန်ဖြင့် ပေးအပ်ထားခြင်းခံသူဖြစ်ပါသည် ဟု အသင်းတော်သွန်သင်ချက် (CCC 2404) တွင် ခေါ်ပြထားပါသည်။ ကမ္ဘာကြီးမှာ လောကလူသားအားလုံးကို လုံလောက်စွာပေးစွမ်းနိုင်သော အရင်းအမြစ်များအလုံအလောက်ရှိနေသော်လည်း လူတို့၏
ကိုယ်ချင်းစာတရားနည်းပါးမှု၊ တရားမျှတမှုကင်းမဲ့ခြင်း၊ စီးပွားရေးစီမံခန့်ခွဲခြင်းညံ့ဖြင်းမှု၊ တရားဥပဒေ အားနည်းမှုတို့ကြောင့် ငါတို့၏ ညီကိုမောင်းနှမ အများစုမှာ လွန်စွာဆိုးရွားသော အငတ်ဘေးဒဏ်နှင့်ကြုံတွေ့နေကြရပါသည်။
သခင်ခရစ်တော်ရဲ့ပေးဆပ်မှုကိုအတုယူရမယ် ဘုရားသခင်ဟာပြီးပြည့်စုံတဲ့ဘဝ အခြေအနေ ကနေ အဆင်းရဲခံပြီး တို့လူသားတွေရဲ့ ဆင်းရဲဒုက္ခထဲကို ဆင်းလာပြီးကယ်တင်ပေးခဲ့တယ်၊ အဲ့ဒါဟာငါတို့ ချမ်းသာဖို့ သူအနစ်နာခံပေးခဲ့တာ၊ အဲ့ဒါက တကယ် ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိပ္ပါယ် ကို အပြည့်အဝဖော်ဆောင်ပေးခြင်းပါပဲ။ ပစ္စည်းဥစ္စာ အဓိကမဟုတ် ချစ်ခြင်းမေတ္တာသာဖြစ်သည်။
(သူ၏ ပစ္စည်းဥစ္စာ ကိုခိုးယူ ခြင်းကိုမပြုလင့်) ဟူသော သတ္တမ ပညာတ်တော်သည် သင်၏ ပစ္စည်းဥစ္စာ အားဖြင့် အများအကျိုးသယ်ပိုးမှသာလျှင် ပစ္စည်းဥစ္စာသည် ဘုရားကျေးဇူးတော်ဖြစ်လာမည်။ လူ့လောက အသက်ရှင်မှုသည် ရယူရန် ရှင်သန်နေခြင်းမျိုးမဟုတ်ပဲ ပေးဆပ်ရန် ရှင်သန်နေခြင်း ဖြစ်သည် ဟု ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-general-audience-7-november-you-shall-not-steal.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 9 =