သာသနာပြုခြင်းအတွက် အဓိက ဦးဆောင်သူ သန့်ရှင်းသောဝိညာဉ်တော် ဘုရား 

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေဆုံခြင်း ဘာသာတရားသင်ကြားခြင်း

သာသနာပြုခြင်းအတွက် အဓိက ဦးဆောင်သူ သန့်ရှင်းသောဝိညာဉ်တော် ဘုရား 

 အောက်တိုဘာ ၂၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေဆုံခြင်း ဘာသာတရားသင်ကြားခြင်းတွင် သာသနာပြုခြင်းအမူတော်တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဦးဆောင်နေကြောင်းကို ဝေမျှ သင်ကြားခဲ့ပါသည်။

ဖမ်းဆီးနှိပ်စက်ခြင်း၊ စတေဖာနူးကို ကျောက်ခဲးဖြင့်ပစ်သတ်ခဲ့ကြခြင်း စသည့် ညှင်းပန်း နှိပ်စက်မူ့တွေ ကြောင့် ရှေးဦး ခရစ်ယာန်တွေ နေရာအနှံပျံနှံသွားခဲ့ကြတယ်။ သာသနာတော်ဟာ ညှင်းပန်းနှိပ်စက်ခံရမူတွေကြားမှာ ပိုမိုကျယ်ပြန့် လာခဲ့တယ်။

ရှေးဦး ခရစ်ယာန်တွေအကြားမှာ ကရုဏာရေးလုပ်ငန်များကို ဦဆောင်လုပ်ကိုင်ပေးရသူ ဒီကင် ခုနှစ်ဦးထဲ့မှ ဖိလစ် သည် ဆာမာရီယာဒေသတခွင် ဟေားပြေားခြင်း၊ ကုသပေးခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ပေးခြင်းများ ပြုလုပ်နေခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားမှလည်း ဖိလစ် ၏ တရားကို ကြားနာသူ အယောက်တိုင်းစီ၏ နှလုံးသားများကို ဖွင့်လှစ်ပေးနေခဲ့တယ်။

ဖိလစ် ဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နိုးဆော်မူ့ကို ခံရပြီး တောကန္တာရ ခရီးကြမ်းတခုကို ထွက်ခဲ့တယ် သူသွားနေသော လမ်းခရီးမှာ ပရောဖက် အီဇာဧယ ရဲ့ကျမ်းစာကို ဖတ်ပြီးခရီးသွားနေတဲ့ အီသီရိုးပီးယား ဘုရင်မကြီးရဲ့ ဘဏ္ဍစိုး တစ်ယောက် နဲ့တွေခဲ့ပြီး သမ္မာကျမ်းစာ ကို ရှင်းပြပေးခဲ့တယ်။

အီသီရိုးပီးယား ဘုရင်မကြီးရဲ့ ဘဏ္ဍစိုး ဟာ ပရောဖက် အီဇာဧယ ရဲ့ကျမ်းစာထဲက ဘုရား၏ အစေခံ အကြောင်းကို ဖတ်နေခဲ့တယ်၊ သို့သော် သူနားမလည်ခဲ့ဖူး၊ ကျမ်းစာဖတ်နေတာကို သိတဲ့ဖိလစ်က ဘဏ္ဍစိုး ရဲ့ လှည်းနားကပ်သွားပြီး သင်ဖတ်တာကို သင်နားလည်ပါသလား လို့မေးခဲ့တယ်၊ ဘဏ္ဍစိုးက သူနားမလည်ကြောင်း တစ်ယောက်ယောက် ရှင့်ပြပေးဖို့ လမ်းညွှန်ပေးဖို့လိုကြောင်းပြေားခဲ့တယ်။

ရာထူးအရှိန်အဝါကြီးမားပြီး ငွေကြေးဥစ္စာ ပေါးကြွယ်ဝတဲ့သူတယောက်က နှိမ့်ချစွာနဲ့ သူကို ရှင်းပြပေးဖို့ လို့အပ်ကြောင်းဖော်ပြခဲ့တယ်။ သူမှာ နှိမ့်ချခြင်းကျေးဇူးတော်ရှိနေတယ်။

နုတ်ကပတ်တော် ဖတ်ရုံမျှ နှင့်မလုံလောက်၊ နှုတ်ကပတ်တော်နှင့်မွေလျှော်ပြီး အသက်ရှင်သူဖြစ်ရမယ်၊ အဲ့လိုပုဂ္ဂိုလ်တွေဟာ နှိမ်ချခြင်းကျေးဇူးတော်နှင့်ပြည့်ဝနေသူတွေဖြစ်တယ်။ နုတ်ကပတ်တော်ရဲ့လှုံဆော်မူ့ကြောင့် ဘုရားကို ပိုမိုသိချင်စိတ်ပြင်းပြလာသလို၊ ဘုရားကိုရှာဖွေခြင်း၊ သိအောင်ကြိုးစားခြင်း နည်းလမ်းမှန်သမျှဟာ နှိမ့်ချခြင်းကျေးဇူးတော်ရဲ့ တွန်းအားတွေဖြစ်နေရမယ်။

ဖတ်လိုက်တဲ့ နှုတ်ကပတ်တော် စကားလုံးတိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နိုးဆော်မူ့ကို ခံစားနေရမယ်။ ဘုရားရဲ့အကြောင်း နုတ်ကပတ်တော်ကို နက်ရှိုင်းစွာနားလည်လာနိုင်ဖို့ လူကိုကန့်သတ့်ထားတဲ့ လောကအရာတွေ၊ မာန်မာန၊ အတ္တ၊ လောဘ၊ ရာဂ စတဲ့အရာတွေကို နုတ်ကပတ်တော်က ထိုးဖောက်ကျော်လွားပြီး အနက်ရှိုင်းဆုံး နှလုံးသားမှာ ငြိမ်းချမ်းမူ့ခံစားနေရဖို့ သန့်ရှင်းသောဝိညာဉ်တော် လိုအပ်တယ်။

နုတ်ကပတ်တော်ကို နားလည်သွားတဲ့သူ ခံစားသွားရတဲ့သူဟာပြောင်းလဲလာတယ်။ အီသီရိုးပီးယား ဘုရင်မကြီးရဲ့ ဘဏ္ဍစိုး ဟာ ပရောဖက် အီဇာဧယ ရဲ့ကျမ်းစာထဲက ဘုရား၏ အစေခံ အကြောင်းကို ဖိလစ် ရဲ့ ရှင်းပြမူနဲ့ နားလည်လာတဲ့အခါ သူရဲ့ယုံကြည့်မူ့ကို အပြည့်အဝ ဘုရားသခင်နှင့်ပေါင်းစပ်ဖို့ ဘုရားသားသမီးဖြစ်ဖို့ ဆေးကြေားခြင်းကို ဖိလစ်လက်တော်ကနေခံယူခဲ့တယ်။ ။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ဖိလစ်ကို အီသီရိုးပီးယား ဘုရင်မကြီးရဲ့ ဘဏ္ဍစိုး နဲ့တွေ့ဖို့ သဲကန္တာရ ကိုပို့ခဲ့ခြင်းဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသာ သာသနာပြုခြင်းလုပ်ငန်းကို အစပြုပေးသူ လုပ်ဆောင်ပေးနေသူ လမ်းပြပေးနေသူဖြစ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော်မရှိရင် သာသနာပြန်ပွားရေးဆိုတာမရှိဘူး၊ သန့်ရှင်းသောဝိညာဉ်တော်မပါရင် သာသနာပြုလုပ်ငန်းဟာ ကြော်ငြာလုပ်ငန်းလောက်ပဲဖြစ်နေမယ်။ ။

သန့်ရှင်းသောဝိညာဉ်တော်သင့်ကို အသုံးပြုပြီဆိုလျှင့် ကိုယ့်ဘဝ အဟောင်းကို စွန့်ပစ်စေမယ် ဘဝသစ်ကိုစတင်စေမယ်၊ နေရာသစ်ကို ပို့မယ်၊ သူရဲ့နှုတ်ကပတ်တော်ကို ဘဝနဲ့ ရဲရင့်စွာဝန်ခံစေမယ်၊ သင့်ရဲ့အသက်ကိုပါပေးဆပ်ရတဲ့အထိသင့်ကို သူအသုံးပြုမယ်။ သန့်ရှင်းသောဝိညာဉ်တော်အသုံးပြုခံရသူဟာ ခရစ်တော်ရဲ့နောက်လိုက် (အမှန်တရားနဲ့မေတ္တာ)၊ (အမှန်တရားနဲ့မေတ္တာ) သခင်ခရစ်တော်ကိုဝေမျှသူ၊ သခင်ခရစ်တော်ကို ဝေမျှခြင်းအမူ့မှာ ဝမ်းမြောက်စွာ သက်ပေး လုပ်ကိုင်သူ ဖြစ်လာတယ်။ ထို့အတွက်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအသုံးပြုခံရဖို့ ဆုတောင်းကြပါစို့ဟု ဟောပြောသင်ကြားခဲ့ပါသည်။ ။

By Kyi Maung
Credit to Vatican News
https://bit.ly/2prp9dg

Add new comment

2 + 12 =