သာသနာကို ခုတုံးလုပ် ပြီး ဘုန်းကြီး၊ ဆရာတော်တွေကို မိမိအကျိုးအတွက် အသုံးချတဲ့သူတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေ သူတော်ကောင်းယောင်ဆောင်သူများသာဖြစ်၊ သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ကို သတိပြုကြလော့

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူး နေ့တိုင်း လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

သာသနာကို ခုတုံးလုပ် ပြီး ဘုန်းကြီး၊ ဆရာတော်တွေကို မိမိအကျိုးအတွက် အသုံးချတဲ့သူတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေ သူတော်ကောင်းယောင်ဆောင်သူများသာဖြစ်၊ သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ကို သတိပြုကြလော့
သြဂုတ်လ ၂၁၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူး နေ့တိုင်း လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် ခရစ်ယာန်များ တစ်လုံးတဝတည်း ရှိခြင်း၊ ဘုရားသခင်၏ မိသားစုတည်ဆောက်ခြင်း နှင့် သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ကိုရှောင်ကျင်ကြဖို့ အရေးကြီးကြောင်းကို သွန်သင်ခဲ့ပါသည်။

သခင်ခရစ်တော်၏ အသွေးတော် နှင့်အသားတော် ကိုယ်တော်မြတ် စက္ကရမင်းတူးဖြစ်သော ဝိညာဉ်အဟာရဖြည့်တင်းခြင်း၌သာ ညီအစ်ကိုမောင်နှစိတ်ရှိသော အဖွဲ့အစည်းကို တည်ဆောက်ကြရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခရစ်ယာန်များသည် သခင်ခရစ်တော်၏ ခံန္ဓာတော်အစိတ်အပိုင်များဖြစ်ကြပြီး သခင်ခရစ်တော်၌သာ ပြည့်ဝသောအသက်တာကို ဖော်ဆောင်နိုင်လို့ဘဲဖြစ်တယ်။

ဘုရားနှင့်ပေါင်းစပ်ခြင်း၊ ကိုယ်နှင့်နီးစပ်သူများကို ချစ်ခြင်းမေတ္တာ ထားခြင်းသည် ဘုရားမိသားစုတည်ဆောက်ခြင်း၊ တလုံးတဝတည်းရှိသော သာသနာတော်ကို တည်ဆောက်ခြင်း ဖြစ်တယ်၊ ဒီအချက်ဟာ အသင်းတော်ဖြစ်တည်ခြင်းရဲ့ အဓိကအချက်ဖြစ်တယ်၊

သခင်ခရစ်တော်ကို ခံယူခြင်း၌ တို့တတွေအားလုံး ဟာ တစ်ယောက် နှင့်တစ်ယောက် ဆက်နွယ်သွားကြတယ်၊ သခင်ခရစ်တော်၌သာ တို့တတွေအားလုံးပေါင်းစပ်သွားကြခြင်း ဖြစ်တယ်။

တပါးသူကို ရက်ရောစွာကူညီခြင်း၊ အလိုအပ်ဆုံးသောသူများကို ကြည့်မြင်ကူညီခြင်း အားဖြင့် သင့်နှလုံးသားပြောင်းလဲလာခြင်းကို ဖော်ပြသလို၊ အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်း နှင့် ဆုတောင်းခြင်း အသက်တာမှာ မွေ့လျှော်ခြင်းများဟာ သင်ကိုယ်သင် ကောင်းသော် ခရစ်ယာန်တစ်ယောက်အဖြစ်ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။

စစ်မှန်စွာပြောင်းလဲသွားသူတို့ရဲ့အသက်တာမှာ သူတို့ရဲ့စကားလုံးများထက် သူတို့၏လက်တွေကြသောလုပ်ရပ်များက သူတို့ရဲ့ဘဝအမှန်ကို ဖော်ဆောင်ပေးနေတာပါ။

သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ဟာ ခရစ်ယာန်အသက်တာမှာ အဆိုးဝါးဆုံးသော အကျင့်ဖြစ်တယ်၊ အဲ့ဒီအကျင့်ဟာ ခရစ်ယာန် အဖွဲ့အစည်းအတွက် ဆိုးဝါးသော ရန်သူဖြစ်တယ်၊

သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ဟာ မိမိအတွင်းစိတ်ကိုသေ စေတယ်၊ အဖွဲ့အစည်းအတွင်းမှာ အဆိတ်အတောက်ကိုဖြစ်စေတယ်၊ တကိုယ်ကောင်းဆန်တဲ့ စိတ်ကြီးစိုးထားစေတယ်၊ မိမိကိုယ်ကိုယ်အမှန်တရားနဲ့ဝေးကွာစေတယ်၊ ရိုးသားမူ့ကို သေဆုံးစေတယ်၊ ရိုးသာစွာ ချစ်ရန်၊ ပေးလှုရန် မလုပ်ဆောင်နိုင်တော့ဘူး၊
အဲ့လို အကျင်းစရိုက်ရှိသူ ခရစ်ယာန်တွေဟာ အမည်ခံခရစ်ယာန် တွေဖြစ်တယ်။ ဘုရားကျောင်းကိုလာကြည့်တဲ့ ခရီးသွားတွေနဲ့တူတယ်၊ လာကြည့်ရုံသက်သက်ပါပဲ လေးနက်တဲ့အနှစ်သာရ ကို သူတို့ မသိရှိ မခံစားကြပါဘူး။

တပါးသူကို အသုံးချပြီး မိမိနာမည်ရအောင်လုပ်သွားသော လုပ်ရပ်ဟာ မိမိအတွင်းစိတ်ကို မုချသေစေသော အလုပ်သာဖြစ်တယ်။

သာသနာကို ခုတုံးလုပ် ဘုန်းကြီး၊ ဆရာတော်တွေကို မိမိအကျိုးအတွက် အသုံးချသွားသူတွေဟာ သာသနာတော်ကို ဖျက်ဆီးတဲ့သူတွေ သူတော်ကောင်းယောင်ဆောင်သူတွေဖြစ်တယ်။

ဘာသာပြန်ဆိုသူ Kyi Maung
Photo credits to Vatican News

https://bit.ly/2KPrs2i

 

Add new comment

1 + 18 =