သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသင်းတော်သည် နုှတ်ဆိတ်နေနိုင်မည်မဟုတ်ပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသင်းတော်သည် နုှတ်ဆိတ်နေနိုင်မည်မဟုတ်ပါ
ဇူလိုင်လ ၆၊ ၂၀၁၉

ဒုတိယ အကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး၏ သဘာပတ်ဝန်းကျင်နှင့်ဆိုင်သည့် စာချွန်တော် "Laudato si" အခြေခံပြီး အီတလီနိုင်ငံ Amatirce မြို့တွင် ပြုလုပ်နေသည့် အဖွဲ့ဝင်များ၏ အစည်းအဝေးသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှူ့အသိုင်းအဝိုင်​း တရားမျှတရေးတို့သည် နက်ရှိုင်းစွာ ဆက်နွယ်နေကြောင်းကို သတိပေးစာတစ်စောင် ထုတ်ပြန်ပေးပုူိ့ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ စာချွန်တော်ပါ တန်ဖိုးထားရမည့်သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော အချက်အလက်များ၊ နေထိုင်မူ့ှပုံစံများကို အဓိကထား အပြည့်အဝ ဖော်ဆောင်နေသော အဖွဲ့အစည်းများ အီတလီနိုင်ငံနှင့် ကမ္ဘာတဝှမ်းတွင် ဒါဇင်ပေါင်းများစွာရှိပါသည်။
Amatrice သည် ၂၀၁၆ ခုနှစ်က ၆.၂ ပြင်းအားရှိ ငလျှင်ဒဏ်ခံခဲ့ရသောမြို့ုဖြစ်ပါသည်။ ယင်းမြို့တွင် ဖြစ်ပျက်ခဲ့သော အရာသည် ကျွန်​ုပ် နှလုံးသားတွင်ရှိနေကြောင်း၊ တို့အားလုံးရဲ့ အိမ်ဖြစ်သော ကမ္ဘာကြီးရဲ့ ဟန်ချက်မညီမျှမူ့ှကြောင့် ကပ်ဘေးဆိုက်ရောက်ရခြင်းဖြစ်တယ်၊ သဘာဝတရားကို မျှတစွာနေထိုင်တက်သော လူများမရှိလျှင် သဘာဝတရားနှင့်လူတို့အကြား ဆက်သွယ်ဆက်ဆံရေး ဘယ်သောအခါမျှကောင်းနိုင်မည်မဟုတ်ပါဘူး။

ဒုတိယ အကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး၏ သဘာပတ်ဝန်းကျင်နှင့်ဆိုင်သည့် စာချွန်တော် "Laudato si" ကို အခြေခံပြီး ပြုလုပ်နေသော အစည်းအဝေးတွင် အရာရာအားလုံးသည် ဆက်စပ်နေကြောင်း နှင့် အောက်တိုဘာလတွင် အမေဇုံဒေသ သဘာဝပတ်ဝန်းကျင်ကို အဓိကထားပြုလုပ်မည့် အသင်းတော်၏ ညီလာခံအတွက် အမေဇုံဒေသ တွေ့ကြုံနေရသည့် စိန်ခေါ်မူ့များ အတွက် လေ့လာစုံစမ်းမူ့များ အဓိကထား လုပ်ဆောင်နေကြောင်း ဖော်ပြထားပါသည်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး မှ အမေဇုံဒေသနှင့် ယင်းဒေသနေထိုင်သူတို့ခံစားနေရသည် ဒုက္ခများ နှင့် ဖျက်လို့ဖျက်စီး လုပ်ထားသော စိတ်နေစိတ်ထား၊ တောတွင်း တိရစ္ဆာန် များကို စီးပွားရေးအတွက် သတ်ဖြတ် ဖျက်စီးနေကြသူတွေ မျက်ကန်း အပြုအမူမျိုးလုပ်ပြီး တရားမျှတမူ့ မျှော်လင့်နေကြတာတွေဟာ ဝမ်းနည်းစရာကောင်းသည့် ကမ္ဘာ့ အနှံအပြားတွင် ဖြစ်ပျက်နေသော အရာများဖြစ်ကြောင်း ဖော်ပြထားပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမူ့အသိုင်းအဝိုင်​း တရားမျှတရေးတို့သည် နက်ရိုှင်းစွာ ဆက်နွယ်နေကြောင်း နှင့် အမေဇုံဒေသတွင် ဖြစ်ပျက်နေသော အရာများသည် ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်နိုင်ကြောင်း ထို့အတွက် ကျွနု်​ပ်တို့အနေနှင့် မဆိုင်သလို မနေနိုင်သလို အသင်းတော်သည် လည်း နုှတ်ဆိတ်နေမည်မဟုတ်ပါ။

ဘုရားသခင်ပေးခဲ့သော လှပသည့် ဖန်ဆင်းခံအရာအားလုံးကို ထိမ်းသိမ်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အချက်သုံးချက်ဖြင့် လမ်းညွန်ပေးခဲ့ပါသည်။
၁။ ။ ထောက်ရှုခြင်းနှင့်ချီးမွမ်းခြင်း
ယင်းထောက်ရှုချီးမွမ်းခြင်းမှ ရိုသေလေးစားခြင်းစီသို ကျွန်​ုပ်တို့ကို ခေါ်ဆောင်ပေးပါလိမ့်မည်၊ ရိုသေလေးစာခြင်းမှ ဖန်းဆင်းခံအရာများ နှင့် ဖန်ဆင်းရှင်အပေါ် ကြည်ညိုရိုသေခြင်းစီသို့ လမ်းပြခေါ်​ဆောင်သွားပါလိမ့်မည်။
၂။ ။ နားလည်သဘောပေါက်ခြင်း
အရာရာအားလုံးကို ဘုရားက အလကားပေးထားတယ်၊ အဲ့တာကြောင့် ငါတိုကိုယ်၌ကလည်း ကျေးဇူးတော်အဖြစ် ပြန်လည်ဝေမျှနိုင်ရမယ်။
၃။ ။ စွန့်လွှတ် အနစ်နာခံခြင်း
အများကောင်းကြိုးအတွက်၊ ပိုမိုကောင်းမွန်သော အကြိုးရလဒ်အတွက် စွန်လွတ် အနစ်နာခံနိုင်သော စိတ်ရှိရမယ်။

https://www.vaticannews.va/en/pope/news/2019-07/pope-message-laudato-si-...

#amazon, #pope, #ecology, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 14 =