သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏ နုတ်ကပါဌ်တော်ကို ဝေမျှကြပါ

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏ နုတ်ကပါဌ်တော်ကို ဝေမျှကြပါ
စက်တင်ဘာလ ၁၈၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင်၊ ဘုရား၏ လုပ်ဆောင်မူ့လော သို့မဟုတ် လူတို့၏ လုပ်ဆောင်မူ့လော ဟူသော စမ်းစစ်တတ်သည့် အလေ့အထ ကို ပြုလုပ်ကြဖို့ တမာန်တော်ဝတ္ထုကို အခြေခံပြီး ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သင်ကြားပေးခဲ့ပါသည်။

ချစ်လှစွာသော ညီကိုမောင်နှမအပေါင်းတို့ ဒီတပတ်မှာတော့ တမာန်တော်ကြီး ရှင်ပေတရု နှင် တမာန်တာ်ကြီးတွေရဲ့ ရဲးရင့်စွာ သခင်ခရစ်တော်ရဲနုတ်ကပါဌ်တော် ကို ပျံနှံအောင်လုပ်ဆောင်ဟောပြောခဲ့ခြင်းကို ထောက်ရူကြည့်ကြရအောင်၊

တမာန်တော်ကြီး ရှင်ပေတရု နှင် တမာန်တာ်ကြီးတွေကို ဧဝံဂေလိတရားတော်ကို မဝေမျှဖို့ အမျိုးမျိုး တားမြစ်ပိတ်ပင်ခဲ့ကြတယ် ဒီနေရာမှာ တမာန်တော်ကြီးတွေဟာ သန့်ရှင်သေားဝိညာဉ်တော်ဘုရားဆီကရရှိခဲ့သော ကျေးဇူးတော်တွေနဲ့ ပိုမို ကျယ်လောင်စွာ ရဲးရင့်ပြတ်သားစွာ ပိုလို လုပ်ဆောင်ခဲ့ကြတာကိုတွေရတယ်၊ ဘုရားရှင်ရဲ့ကယ်တင်ခြင်း တရာတော်ဟာ သန့်ရှင်းသော်ဝိညာဉ်တော်ရဲကျေးဇူးတော်တွန်းအားကြောင့် ဘယ်လိုမှ နုတ်ဆိတ်နေလိုမရခဲ့ဘူး ပိုလို့သာပျံနှံလာပါတော့တယ်။

ဘာသာစကားမတူညီသူတွေပါ တမာန်တော်ကြီးတွေရဲ့ စကားကို နားလည်ကြတယ်၊ သာသနာတော်ဟာ စဉ်ဆက်မပြတ်ကြီးထွားလာနေတယ် ဒါကြောင့် တမာန်တော်ကြီးတွေရဲ့ ဟောပြောမူ့အပေါ် စိုးရိမ်မကင်းဖြစ်လာတဲ့ ကျမ်းတတ်ဆရာတွေ၊ ဖာရီဆေဦးတွေ၊ တရားဥပဒေထုတ်ပြန်ကြတဲ့ သူတွေဟာ၊ သူတို့ရဲ့ တရားခုံရုံးမှာ တင်ပြဆွေးနွေးခြင်းကိုပြုလုပ်ကြတယ်၊ အဲ့ဒီမှာ လူတို့အထင်ကြီးလေးစားခံရတဲ့ ဥပဒေပညာရှင် ဂါမာလီအဲ က ဒါဟာ ဘုရားသခင်ရဲ့ အလိုဆန္ဒ၊ ဘုရားအလုပ်လုပ်တာဆိုရင် တို့တတွေ တားဆီးပိတ်ပင်လို့ရမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် လူတွေပြုလုပ်တဲ့အရာ သက်သက်ပဲဆိုရင် တော့ သူဖာသာပျောက်ကွယ်သွားလိမ့်မယ်၊ ဒါကြောင့် တမာန်တော်တွေရဲ ဟောပြောချက်တွေဟာ ဘုရား၏ လုပ်ဆောင်မူ့လော့ သို့မဟုတ် လူတို့၏ လုပ်ဆောင်မူလော့ ဆိုတာ စမ်းစစ်ကြဖို့ တု်ိက်တွန်းခဲ့တယ်။

ပရောဖက်ဉာဏ်နှင့် ရှုမြင်ခဲ့တဲ့ ဥပဒေပညာရှင် ဂါမာလီအဲ က အလျှင်စလိုမလုပ်ကြဖို့၊ အချိန်တခုကို စောင်ကြည့်ကြဖို့ တိုက်တွန်း နိုးဆော်ခဲ့ခြင်းဖြစ်တယ်၊

ဒီနေရာမှာ စမ်းစစ်ခြင်း ဆိုတဲ့အရာဟာ အရေးပါလာတယ်၊ ဒီလို စမ်းစစ်မူ့မျိုးဟာ အဖွဲ့အစည်းတိုင်းအတွက် တန်ဖိုးရှိတဲ့အရာဖြစ်တယ်၊ သာသနာတော်အတွက်လည်း အရမ်းတန်ဖိုးရှိတဲ့ အချက်ဖြစ်တယ်၊ အလျှင်စလို ဆုံးဖြတ်ချက်မချဖို့၊ အခြေအနေ၊ အကြောင်းအရာပေါ်မှာ သေခြာလေ့လာစောင်ကြည့်ဖို့ အရေးကြီးတယ်။

စမ်းစစ်ခြင်း ဟာ နက်နဲတဲ့ပညာရပ်တစ်ခုဖြစ်တယ်၊ အဲ့ဒီလိုစမ်းစစ်ခြင်မှာ သတ်မှတ်ထားတဲ့ ပုံသေအဖြေတွေထက် ပိုမိုနက်ရှိုင်းတဲ့ဆီထိပိုဆောင်ပေးတယ်၊ ဒါဟာဝိညာဉ်ရေးရာ အသိပညာမြင်မားမူ့ဖြစ်ပြီး အဲ့ဒီလို စမ်းစစ်သူ ဘုရားရဲ့သားသမီးတွေအတွက် သမိုင်းတလျှောက် ဘုရားရဲ့ လုပ်ဆောင်မူ့တိုင်းကို ပြန်လည် သိမြင်ခံစားလာစေတယ်။

ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆီက ကျေးဇူးတော်တောင်းခံပြီး၊ အခြေအနေ၊ အချိန်အခါ အဖြစ်အပျက်အားလုံးကနေ ဘုရားသခင် တို့ကို ဘာတွေပြောနေလည်းဆိုတာ နားထောင်နိုင်အောင်ကြိုစားကြရမယ် ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သင်ကြားပေးခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2mhK3Kh

 

Add new comment

12 + 1 =