သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့ ရဟန်းမင်းကြီးဟောကြားသော တရားတော်

အပတ်စဉ် တနဂ်နွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း

ယေဇူး၊ မာရီယား ဇူဇယ် ကဲ့သို့ မိသားစုဝင်များအချင်းချင်းတစ်ဦးကိုတစ်ဦး အကျိုးပြုကြပါ
ဒီဇင်ဘာလ ၂၉၊ ၂၀၁၉

အပတ်စဉ် တနဂ်နွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းတွင် ရဟန်းမင်းကြီးမှလူထုပရိတ်သတ်အား ယေဇူး၊ မာရီယား ဇူဇယ် ကဲ့သို့ မိသားစုဝင်များအချင်းချင်းတစ်ဦးကိုတစ်ဦး အကျိုးပြုကြဖို့ ဟေားကြားခဲ့ပါသည်။

ဘုရားရှင်၏စီမံကိန်းတော်ကို အပြည့်အဝလbbtက်ခံခဲ့ကြသော နာဇရက်မြို့မှသန့်ရှင်းသောအိမ်ထောင်စုလေးသည် ဘုရားရှင်၏အလိုဆန္ဒကို မိမိတို့၏မိသားစုအတွင်း လက်ခံခဲ့ကြသကဲ့သို့ မိသားစုတိုင်းသည်လက်ခံကြရမည်။

အမိမယ်‌တော်ကဲ့သို့ အမျိုးသမီးငယ်များသည် မိမိခင်ပွန်း နှင့်အတူတကွ ဘဝတစ်ခုထူထောင်ရန် ရည်ရွယ်ချက်များ အ‌ မျော်လင့်ချက်များ ထားရှိကြပါလိမ့်မည် သို့သော်လည်း အမိမယ်တော်သည် သူမလုပ်ဆောင်ရမည့်တာဝန် ဝတ္တရားမှာ ဘုရားရှင်၏အလိုဆန္ဒ နှင့်စီမံကိန်းဖြစ်ကြောင်း သိရှိလာသောအခါ တွန့်ဆုတ်မှုမရှိဘဲ ကျွန်မသည်ဘုရားရှင်၏အစေခံမဖြစ်ပါသည် ကိုယ်တော်၏အလိုတော်အတိုင်းကျွန်မ၌ဖြစ်ပါစေ ဟု အမိမယ်တော် ဝန်ခံ နိုင်ခဲ့တယ်။

သူတော်မြတ်ရှင်ဂျိုးဇက်သည် အမိမယ်တော်ကိုစွန့်ပစ်ပိုင်ခွင့်ရှိသော်လည်း သူ၏ရွေးချယ်မှုသည်ဘုရားရှင်၏စည်စီမံကိန်း တော်ကို စကားတစ်ခွန်းမျှပြောဆိုခြင်းမရှိဘဲ အလုပ်ဖြင့်သာလက်တွေ့သက်သေပြခဲ့သူဖြစ်တယ်၊ မယ်တော်မာရီယာရွေးချယ်လက်ခံခဲ့သည့် ဘုရားရှင်၏စီမံကိန်းအပေါ် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိခဲ့ဘဲ အမိမယ်တော်နှင့်အတူ လက်ခံခဲ့သူဖြစ်ပါသည်။

သန့်ရှင်းသောအိမ်ထောင်စု၏ အဓိကမိသားစုဝင်ဖြစ်သည်ယေဇူးခရစ်တော်သခင်ကိုယ်၌သည်ကာ ဖခမည်းတော်၏အလိုတော်ဖြစ်တယ်။ ရှင်လုကား အခန်းကြီ ၂: ၄၉ မှာ ငါသည်ငါ ၏အဖအိမ်၌ရှိနေရမည်ကိုသင်တို့မသိသလော၊ ဆက်လက်ပြီး ရှင်ယောဟန် ၄: ၄၃ မှာ ငါ၏အစားအစာသည်ငါ့ကိုစေလွှတ်တော်မူသောသူ၏အမှုကိုဆောင်ရွက်ခြင်းဖြစ်သည်၊
ထိုအချက်များသည် ဖခမည်းတော်ဘုရားနှင့်သခင်ခရစ်တော်တစ်လုံးတစ်ဝရှိကြောင်းကိုဖော်ပြနေသောအချက်များပင်ဖြစ်သည်၊ ဆက်လက်ပြီးသခင်ခရစ်တော်က အိုအဖကိုယ်‌‌ တော်၏အလိုတော်ကိုဆောင်ရွက်ရန်ကျွန်ုပ်ရောက်ရှိလာပါပြီ။

ဒီမိသားစုဝင်သုံးဦးလုံး၏လုပ်ဆောင်မှုများကို ထောက်ရှု့ကြမည်ဆိုလျှင် မိသားစုဝင်တိုင်းသည်ဖခမည်းတော်၏အလို‌တော်ကို မိမိကျရာနေရာတွင်အပြည့်အဝဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ကြရမည်၊ တစ်ချိန်တည်းမှာပဲ တစ်ဦးကိုတစ်ဦးကူညီပေးရင်း အဖခမည်းတော်၏အလိုတော်ကိုရှာဖွေဖြည့်ဆည်းဆောင်ရွက်နေကြသည်ကိုတွေ့ကြရမည်။
ထိုအတွက်ကြောင့်ကျွန်ုပ်တို့လူသားများသည်လည်း သန့်ရှင်းသောအိမ်ထောင်စု၏ပုံဥပမာကိုထောက်ရှုကြပြီး မိသားစုဝင်အချင်းချင်းတစ်ဦးကိုတစ်ဦးအကျိုးပြုကြကာအဖခမည်းတော်ဘုရား၏အလိုတော်ကို ရှာဖွေဖြည့်ဆည်းဆောင်ရွက်နေကြရမည်ဖြစ်သည်၊ ထိုအချက်သည်မိသားစုအတွင်းသန့်ရှင်းဖြူစင်ခြင်းပါရမီ၏အခြေခံအရင်းအမြစ်ဖြစ်ပေသည်ဟု ရဟန်းမင်းကြီးမှဟောကြားခဲ့ပါသည်။

https://bit.ly/37kvcB5
#rvamyanmarservice
Credits to Vatican News

Add new comment

3 + 1 =