သနားကြင်နာမှူသည် စစ်မှန်သော ချစ်ခြင်းမေတ္တာ၏ပြရုပ်

အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

သနားကြင်နာမှူသည် စစ်မှန်သော ချစ်ခြင်းမေတ္တာ၏ပြရုပ်
ဇူလိုင်လ ၁၄၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ကောင်းသော ဆာမာရီတန် ပုံဥပမာကို အခြေခံပြီး ဝေမျှခဲ့ပါသည်။

ကိုယ်နှင့် နီးစပ်သောသူကို မိမိကိုယ်ကို ချစ်သကဲ့သို့ ချစ်သော ချစ်ခြင်းမေတ္တာ ဖြင့် ခရစ်ယာန်တို့သည် ဘုရားကိုချစ်ခြင်း၊ ဘုရားတရားရှိခြင်း၊ လူပီသခြင်းတို့ကို ဖော်ပြခြင်းဖြစ်တယ်။

ဒုက္ခရောက်နေသူကို သနားကြင်နာမူှဖြင့့််ကူညီခြင်းသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်း ဖြစ်ကြောင်း နှင့် ယင်းကဲ့သို့သော မေတ္တာဖြင့် ကူညီခြင်းသည် သခင်ခရစ်တော်၏ စစ်မှန်သော နောက်လိုက်ဖြစ်ပြီး ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ဖော်ပြခြင်းဖြစ်တယ်။ အဖ ဘုရားသခင်သည် သနားကြင်နာတော်မူသကဲ့သို့ သင်တို့သည် လည်း အချင်​းချင်​း သနားကြင်နာကြရမည် ဟူသော ကျမ်းချက်သည် ခရစ်ယာန် အယောက်တိုင်းစီအတွက် လိုက်နာရမည့် ရှင်းလင်းသော ဘဝရဲ့ ဥပဒေဖြစ်တယ်။ တပါးသူကို စစ်မှန်သော သနားကြင်နာမူ့ နှင့်ပြုစုစောင့်ရှောက်ပေးသော သူဟာ ကောင်းသော အိမ်နီနားခြင်းကောင်း၊ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်တယ်။

ဆာမာရီတန် တစ်ဦး ကို ပုံဥပမာပေးခြင်းမှာ သခင်ခရစ်တော် ဆိုလိုတာက ဘာသာခြား၊ လူမျိုးခြား စစ်မှန်သော ဘုရားကို မသိသူ တစ်ဦး၊ တို့လို ဘုရားကျောင်းတက်တဲ့သူမဟုတ်၊ အဲ့လိုလူပုဂ္ဂိုလ် တစ်ဦးတောင်မှ သူမှာရှိတာကို ထုတ်ယူသုံးစွဲပြီး မိမိရှေ့မှာ ဒုက္ခရောက်နေသူတစ်ယောက်ကို ကူညီပေးတဲ့စိတ်ရှိတယ်ဆိုရင် တို့ခရစ်ယာန်တွေ ဘုရားကိုသိသူတွေ ပိုမိုလုပ်ဆောင်ရမယ်။ ခရစ်ယာန် တစ်ယောက် ဘဝအသက်တာရှင်သန်မူ့ှရဲ့ သောချက်ဟာ တစ်ပါးသူအပေါ်မှာ မိမိရဲ့ သနားကြင်နာမူ့ှပြသနိုင်ခြင်း စွမ်းအားပဲ ဖြစ်တယ်။

လူတစ်ယောက် သင့်ရှေ့မှာ ဒုက္ခရောက်နေတာ၊ အကူညီလိုနေတာကို သင်ရင်ထဲမှာ ဘာမှ မခံစားရဘူး သနားကြင်နာမူ့ ကရုဏာတရား၊ စာနာစိတ်ဘာမှမဖြစ်ပေါ်ဘူဆိုရင် သင့်ကိုသင် စမ်းစစ်သင့်ပြီ သင်မှာ တစ်ခုခုမှားယွင်းနေပြီဆိုတာသတိထားပါ။

ဘုရားကို ချစ်သော အချစ် လူကို ချစ်သော အချစ် ခွဲခြားမှူမရှိပဲ ရက်ရောသော ချစ်ခြင်းမေတ္တာ ဖြှင့် မိမိညီကိုမောင်နှမ မိတ်ဆွေ များကို ချစ်နိုင်ရန် ကျေးဇူးတော်များ သွန်းလောင်းချပေးတော်မူပါစေ။
By Kyi Maung

Photo credit to Vatican News
https://bit.ly/2SgYCtN

Add new comment

5 + 2 =