သတင်းကောင်း သယ်ဆောင်သူမျာနှင့် ဘုရားကိုအပြည့်အဝ ယုံကြည်သူများဖြစ်ကြဖို့ အာဗရာမို အဖွဲ့ဝင်များအား ပုပ်ရဟန်းမင်းကြီး တို်က်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အာဗရာမို အဖွဲ့ဖွဲ့စည်း နှင့်တွေ့ဆုုံခြင်း

သတင်းကောင်း သယ်ဆောင်သူမျာနှင့် ဘုရားကိုအပြည့်အဝ ယုံကြည်သူများဖြစ်ကြဖို့ အာဗရာမို အဖွဲ့ဝင်များအား ပုပ်ရဟန်းမင်းကြီး တို်က်တွန်း

စက်တင်ဘာလ ၁၄၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အာဗရာမို အဖွဲ့ဖွဲ့စည်းခြင်း နှစ်သုံးဆယ်ပြည့်အတွက် စုရုံးရောက်ရှိနေကြသော အဖွဲ့ဝင်များ နှင့်တွေ့ဆုုံခြင်းတွင် အာဘရာဟံ ကဲ့သို့ မိမိနေရင် အရပ်ကိုစွန့်ပစ်ပြီး ဘုရားသခင်ခေါ်ဆောင်ရာအရပ်သို့ ပြည်ဝသောယုံကြည်ခြင်း နှင့် လိုက်လျှောက်နိုင်သူများ ဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

အာဘရာဟံ ၏ အလင်းပေးမူ့ကို ခံယူကြဖို့ မကြောက်ကြပါနဲ့၊ သူရဲ့ ဘဝအသက်တာ ရှင်သန်ခဲ့မူ့အားဖြင့် လင်းကျေးဇူးခံစားကြပါစေ အထူးသဖြင့် ဘုရားခေါ်သံကို နာခံတပ်သောအကျင့်နှင့် ပြည့်ဝကြပါစေ၊ ကိုယ်ဘဝ ဘယ်လိုဖြစ်နေလို့၊ ဘာတွေဖြစ်နေလို့ ဆိုပြီး စိုးရိမ်ပူပန်နေတာမျိုးမဖြစ်ကြနဲ့၊ ဘုရားသခင်တစ်ဦးသာလျှင် ဘယ်အချိန်၊ ဘယ်နေရာမှာ တို့အယောက်တိုင်းစီကို တွေ့မယ်ဆိုတာ သိသောသူဖြစ်တယ်။

ဘုရားရဲ့ခေါ်သံကိုကြားနိုင်ရန် တိတ်ဆိတ်စွာနားထောင်တတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့စကားသံကိုကြားနိုင်ဖို့ စစ်မှန်သောတိတ်ဆိတ်ခြင်းကို ဖော်ဆောင်တပ်ရမယ်၊ ဒါဟာအရေးကြီးတဲ့အချက်ဖြစ်တယ်။

အာဘရာဟံ၏ ယုံကြည်ခြင်း နှင့် နာခံခြင်းက သူအရပ်ဒေသကိုစွန်ခွာစေပြီး တခြားအရပ်ဒေသကိုသွားစေခဲ့တယ်၊ လူတွေအတွက် ဘာမှ သေခြာမူ့မရှိတဲ့အဖြစ်လို့ထင်ရပေမဲ့ အာဘရာဟံအတွက် ဘုရာက ကတိပေးထားတာဖြစ်လို့ သေခြာသောကတိအဖြစ်သူယုံကြည်ခဲ့တယ် သူထွက်ခွာခဲ့တယ်၊ ဘုရားကတိထားရာနေရာမှာပဲ ဘုရားရဲလူမျိုးတော် စတင်ကြီးထွားရာနေရာဖြစ်ခဲ့တယ်။

အဲ့ဒီလိုပါပဲ ဘုရားရဲ နုတ်ကပတ်တော်ကြေငြာဖို့ အရောက်တိုင်းစီကိုစေလွတ်နေတယ် ဘုရားသခင်စေလွတ်တဲ့နေရာကို အာဘရာဟံကဲ့သို့ ယုံကြည်ခြင်းပြည့်ဝစွာ သွားဖို့လိုတယ်။ အာဘရာဟံ သူရဲ့ယုံကြည်ခြင်းကြောင့် သူမျှော်လင့်ထားတာထက်ပိုပြီး ခံစားခဲ့ရတယ်၊ အာဘရာဟံ ၏မျိုးဆက်မှပေါ်ထွက်လာသော နှိမ်ချသော အမိမယ်တော်မာရီယားထံမှ ဘုရားရှင်ရဲ့ စီမံကိန်းတွေ အကောင်အထည်ပေါ်လာခဲ့တယ်။ ဒါကြောင့် သင်တို့အသ့င်းအဖွဲ့အနေနှင့် သွားကြပါ ဘုရားရဲ့လုပ်ငန်းစဉ်ကိူ ကရုဏာ တရားဖြင့်၊ ယုံကြည်ခြင်းပြည့်ဝစွာ ဖော်ဆောင်ကြပါ ဟု ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

By Kyi Maung

Credit to Vatican News

https://bit.ly/2mebEfq

Add new comment

3 + 6 =