သင်တို့၏ယုံကြည်ခြင်းကို အတွေးအမြင်သဘောတရားစနစ်များဖြင့် အစားမထိုးရ

အောက်တိုဘာလ ၈ နေ့က Casa Santa Marta တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားခဲ့သောတရား‌တော်

သင်တို့၏ယုံကြည်ခြင်းကို အတွေးအမြင်သဘောတရားစနစ်များဖြင့် အစားမထိုးရ
အောက်တိုဘာ ၈၊ ၂၀၁၉

အောက်တိုဘာလ ၈ နေ့က Casa Santa Marta တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားခဲ့သောတရား‌တော်တွင် ပရော်ဖက်ယောနအကြောင်း၊ နီနီ‌ဝေးမြို့သားတို့၏နောင်တရခြင်းအကြောင်း နှင့်ဘုရားသခင်၏ဂရုဏာမေတ္တာတော်အကြောင်းတို့ကို အခြေခံပြီးဟောကြားခဲ့ပါသည်။

ဒီကနေ့ ပထမကျမ်းစာမှာ ဘုရားသခင်ကယောနကို နီနီ‌ဝေးမြို့အား အပြစ်ဒဏ်ခတ်မည့်အကြောင်းဟောကြား‌စေခဲ့တယ်၊ ယောန၏ဟောကြားမှုကြောင့် နီနီဝေးမြို့သားတို့ နောင်တရပြီးပြောင်းလဲလာခဲ့ခြင်းကြောင့် ဘုရားသခင်မှသူတို့အားအပြစ်ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းပေးခဲ့တယ်။

မနက်ဖြန်မှာကြားနာရမည့် ပရော်ဖက် ယောန၏ကျမ်းစာအဆက်မှာ ယောနဟာသူပြောတဲ့အတိုင်းဘုရားသခင်ကမပြုလုပ်ခဲ့တဲ့အတွက် ဘုရားသခင်အပေါ်မှာစိတ်ဆိုးခဲ့တဲ့ အကြောင်းကိုကြားနာရမယ်။ ယောန က ဘုရားသခင်မှ နီနီဝေးမြို့သားတို့အပေါ်ထားရှိသည့် ကြီးမားသည့်ကရုဏာတရားအပေါ်မှာစိတ်ဆိုခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့်ယောနဟာ ဘုရားသခင်အတွက်ပရောဖက်တပါး ဖြစ်ရခြင်းထက်သေခြင်းကသာ၍ကောင်းလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က သူ့ရဲ့မဟာဂရုဏာပေါ်မှာအခြေခံပြီး ပြောင်းလဲလေ့ရှိသောကြောင့်သူစိတ်ဆိုးခဲ့တယ်။

ဒါကြောင့်‌ယောနဟာနီနီ‌ဝေးမြို့အပြင်မှာတဲတစ်လုံးဆောက်ပြီးနေခဲ့တယ် ပြီးတော့ နီနီဝေးမြို့သူမြို့သားတွေဘာဖြစ်လာမလဲဆိုတာကိုသူစောင့်ကြည့်နေခဲ့တယ်။

ဘုရားသခင်ကသူ့ကိုသင်ခန်းစာပေးချင်တဲ့အတွက် သူနေတဲ့ တဲ‌ဘေးမှာ အရိပ်ရအပင်တပင်ကိုပေါက်စေခဲ့တယ်၊ သို့သော်လည်းမကြာခင်မှာဘုရားသခင်ကအဲဒီသစ်ပင်ကို ခြောက်သွေ့ပြီး သေ‌စေခဲ့တယ်။ ဒီတကြိမ်မှာလည်းယောနဟာဘုရားသခင်အပေါ်မှာ သူစိုက်ပျိုးခြင်းမပြုလုပ်ခဲ့တဲ့အပင်‌သေသွားခြင်းအပေါ် လွန်စွာစိတ်ဆိုးခဲ့တယ်။

အဲဒီမှာဘုရားသခင်ကယောနကို သင်စိုက်ပျိုးခြင်းမပြုလုပ်ခဲ့သည့် ဒီသစ်ပင်အပေါ်မှာတောင် သင်အဲဒီလောက်တွယ်တာမြတ်နိုး‌နေခဲ့တယ်ဆိုလျှင် ကျွနု်ပ်ဖန်ဆင်းခဲ့သောနီနီ‌ဝေးမြို့သားများအတွက် ကျွနု်ပ်မနှ‌မြောသင့်ဘူးလားဟု ဘုရားသခင်ကယောနကိုသတိပေးခဲ့တယ်။

ဒီနေရာမှာ ယောန၏ခေါင်းမာမှုနှင့် ဘုရားသခင်၏ခေါင်းမာမှုနှစ်ခုကိုတွေ့ရတယ်။ ယောန၏ခေါင်းမာမှုက သူ့ရဲ့ယုံကြည်ခြင်းခံယူချက်အပေါ်မှာ ခေါင်းမာခဲ့ခြင်းဖြစ်တယ်၊ ဘုရားသခင်၏ခေါင်းမာခြင်းကတော့ သူ့ရဲ့မဟာကရုဏာသနားကြင်နာမှုမှာ ခေါင်းမာခဲ့ခြင်းဖြစ်တယ်၊ ဘုရားသခင်ဟာကျနော်တို့ကိုလွယ်လွယ်နဲ့ ဘယ်တော့မှမစွန့်ပစ်ဘူး၊ နောက်ဆုံးအချိန်တိုင်အောင်နောင်တရဖို့အတွက်၊ ကျနော်တို့ရဲ့နှလုံးသားတံခါးတွေကိုခေါက်ပြီး ကြိုးစားသတိပေးနေခဲ့တယ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်။ ဘုရားသခင်ဟာတို့နဲ့အမြဲရှိနေတယ်၊

ယောနဟာသူ့ရဲ့ယုံကြည်ခြင်းအပေါ်မှာအခြေခံပြီး သူယုံကြည်တဲ့အတိုင်းဖြစ်ရမည်ဟုခေါင်းမာသောသူဖြစ်တယ်၊ တချို့သောခရစ်ယာန်တို့ရဲ့အသက်တာမှာလည်းထိုကဲ့သို့သောစိတ်နေစိတ်ထားတွေကို‌တွေ့ရတယ်၊ ငါကဒီလိုယုံကြည်ထားတယ်ဒါ‌ကြောင့်ဘုရားကငါ့ကို ဒီလိုလုပ်ပေးရမယ်၊ စသည်ဖြင့် ဘုရားသခင်အပေါ်မှာ၊ မိမိယုံကြည်ခြင်းအပေါ်မှာ၊ ဘုရားသခင်၏လုပ်ဆောင်မှုအပေါ်မှာ လိုက်ပြီးအခြေအနေတွေကန့်သတ်ထားတတ်ကြတယ်၊ ဒီလိုစိတ်ထားဟာရောဂါကဲ့သို့စိတ်ထားမျိုးဖြစ်ပြီး၊ မှားယွင်းသောယုံကြည်မှုမျိုးသာဖြစ်တယ်။

မိမိရဲ့ယုံကြည်ခြင်းကို၊ မိမိ၏အတွေးအမြင်စနစ်များဖြင့် ပိတ်‌လှောင်‌ဘောင်ခတ်ထားသူတို့သည်၊ မိမိယုံကြည်ခြင်းကိုသေးသိမ်‌စေပြီး၊ယုံကြည်ခြင်းတိုးတက်မှုကို ပိတ်ဆို့ထားသလိုဖြစ်နေတတ်တယ်။ ယင်းကဲ့သို့ မိမိ၏အတွေးအခေါ် အယူအဆ စနစ်မှာ နစ်မြုပ်နေသူတွေဟာ အတိတ်သမိုင်း၏စိန်ခေါ်မှုတွေ၊ လက်ရှိဘဝ၏စိန်ခေါ်မှုတွေ၊ ဘုရားသခင်၏စိန်ခေါ်မှုတွေကို လိုက်နာပြောင်းလဲဖို့ရန် ‌ကြောက်ရွံ့နေသူတွေသာဖြစ်တယ်၊ ထိုကဲ့သို့သောခရစ်ယာန်များအတွက် ယုံကြည်ခြင်းတိုးတက်ဖို့ရန် လွန်စွာခက်ခဲပါလိမ့်မယ်။

ထိုကဲ့သို့သောပုဂ္ဂိ်ုလ်များဟာ မိမိယုံကြည်တဲ့အတိုင်းအရာအားလုံးကန့်သတ်ထားခြင်ကြတယ်၊ မိမိကိုယ်ကိုဘုရားလက်သို့အပြည့်အဝအပ်နှံပြီး၊ ဘုရားကိုလွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးရန် ကြောက်ရွ့ံနေကြသူတွေသာဖြစ်တယ်၊ ဒီအချက်ဟာ မိမိ အတွင်းစိတ်သေးသိမ်ခြင်း၊ မိမိအလိုကိုသာကြည့်တတ်သော စိတ်သဘောထားအမြင်ကျဉ်းမြောင်းမှုသာဖြစ်တယ်။

ပရောဖက်ယောန၏ အဖြစ်အပျက်မှ သာသနာတော်ကိုပုံရိပ်နှစ်ခုဖြင့်သတိ‌ပေးနေတယ်။ ပထမတစ်ခုက အပြစ်ရှိသူကိုအပြစ်ပေးရမည်ဟု မိမိအတွေးအမြင်ဖြင့်ဆုံးဖြတ်ထားသောသူ၊ ဒုတိယတစ်ခုမှာတော့ ဘုရားသခင်ဟာအပြစ်သားကိုကယ်တင်ဖို့အတွက် မည်သို့သောအခြေအနေမျိုးမှာမဆို ဘုရားသခင်သည်ကယ်တင်ခြင်းအမှုကိုသာ ဦးစားပေးကြောင်း ဖော်ပြနေခြင်းတို့ဖြစ်ပါတယ်။

ကျွနု်ပ်တို့၏အပြစ်အနာအဆာများကြောင့်၊ ဘုရားသခင် ကျွနု်ပ်တို့ထံသို့ချဉ်းကပ်ခြင်းအမှုကို​ မည်သည့်အပြစ်အနာဆာကာမှမတားဆီးနိုင်ပါ။

သခင်ခရစ်တော်သည် နူနာရောဂါစွဲသူ၊ ဖျားနာနေသူများကိုကုသ‌ပေးခဲ့ပါတယ်၊ သို့သော်လည်း သူတို့၏နူနာရောဂါ၊ အဖျားရောဂါများသူ့အားကူးစက်ရန်မဟုတ်ဘဲ၊ တစ်ပါးသူအားကုသ‌ပေးရန်လာခဲ့ခြင်းဖြစ်သည်၊ ဘုရားသခင်သည်အပြစ်သားကို အပြစ်တစ်ခုတည်းကိုသာကြည့်ပြီး စီရင်ဆုံးဖြတ်ရန် ကြွလာခြင်းမျိုးမဟုတ်၊ အပြစ်သားကိုသနားကရုဏာဖြင့်။ ကယ်တင်ရန်ကြွလာခြင်းဖြစ်သည်ဟုပုပ်ရဟန်းမင်းကြီးမှ ဟောကြားခဲ့ပါသည်။
By Kyi Making
Credit to Vatican News
https://bit.ly/2Vs6iuN

Add new comment

5 + 4 =