သင်တို့ပူဇော်လှုဒါန်းသော အရာများသည် အဓိကမဟုတ် သင်တို့၏ သူတပါးအပေါ် သနားကြင်နာမှု့သည်သာအဓိကဖြစ်ကြောင်း

Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၈၊ Santa

နိုဝင်ဘာလ ၈ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရှင်လုကားခရစ်ဝင်ကျမ်းစာ ကို အခြေခံပြီး ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သူတပါးမကောင်းကြောင်း တီးတိုးညီးတွားပြောဆိုခြင်း၏ ဆိုးကျိုးနှင့် သမ္မာကျမ်းစာ ၏ဆိုလိုရင်းနှင့် လောကလူတို့နားလည်မှုတို့သည် ဆန်ကျင်ဘက်ဖြစ်နေကြောင်း ဟောကြားခဲ့ပါသည်။
သခင်ခရစ်တော် အပြစ်သာများ၊ အခွန်ခံ များနှင့် အတူသွားလာစားသောက်သည်ကို အပြစ်တင်ဝေဖန်နေကြသော ကျမ်းတတ်​ဆရာတို့အား မည်သို့မည်ပုံ သက်သေခံရမည်ကို
သခင်ခရစ်တော်၏ သက်သေခံပုံ၊ အခွန်ခံများ၊ အပြစ်သားများ သခင်ခရစ်တော်ထံချဉ်း​ကပ်ပုံ၊ နှင့် သခင်ခရစ်တော်ထံမှ နာယူပုံ အချက်သုံးချက်ဖြင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ရှင်းပြဟောကြားခဲ့ပါသည်။
အပြစ်သားနဲ့အတူရှိခြင်း၊ သွားလာခြင်း၊ နူနာရောဂါသည်ကို တို့ထိခြင်း စသည့် အချက်တို့သည် ကျမ်းတတ်​ဆရာတို့အတွက် အပြစ်ကူးစက်စေကြောင်း၊ မိမိသန့်ရှင်းမှု့ကို ထိခိုက်စေကြောင်း ယုံကြည်ထားကြပါသည်။

သက်သေခံတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့အတွက် ရှေးရိုး အစွဲ​တွေကို ဆန့်ကျင်ရတဲ့အခြေအနေတွေ၊ နေထိုင်မူပုံစံတွေကို ဆန်ကျင်ရတဲ့အခြေအနေတွေ ရှိတယ်၊ သက်သေခံခြင်းက နုတ်​က ပြော​နေခြင်းထက် လက်တွေ့ပြခြင်းက ပိုမိုထိရောက်ကြောင်း၊ လက်တွေ့ပြခြင်းကသာ တပါးသူတွေပြောင်းလဲလာဖို့ ပိုမိုတွန်းအားပေးကြောင်း၊ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ ကျမ်းတတ်​ဆရာတွေဟာ ကျမ်းစာကို တတ်​သိကြပေမဲ့ နားလည်သဘောပေါက်မှု့မရှိကြကြောင်း၊ အဲ့ဒါ​ကြောင့် သခင်ခရစ်တော်က သင်တို့ပူဇော်လှုဒါန်းသော အရာများသည် အဓိကမဟုတ် သင်တို့၏ သူတပါးအပေါ် သနားကြင်နာမှု့သည်သာအဓိကဖြစ်ကြောင်း၊ သနားကြင်နာတတ်ေ​သာ စိတ်ကိုသာ ပိုမို အလိုရှိကြောင်းဖော်ပြခဲ့တာပါ။ သခင်ခရစ်တော်ရဲ့ သက်သေခံခြင်းနည်းလမ်းသည် သနားကြင်နာမှု့ကို အဓိကဖော်ြ​ပနေကြောင်း၊ သနားကြင်နာခြင်းသည်သာ အစစ်အမှန် သက်သေခံခြင်းဖြစ်ကြောင်း၊ သနားကျင်နာမှု၏ နောက်တွင် ပေးဆပ်ခြင်းကူညီခြင်းများ လိုက်ပါလာသည်​။ အဲ့ဒါ​ကြောင့် လက်တွေ့ကျ​သော ဘဝဖြင့် သက်သေခံကြစေလိုကြောင်း၊
ကျမ်းတတ်​ဆရာတွေက သခင်ခရစ်တော် အပြစ်သားများ၊ အခွန်ခံ များနှင့် အတူသွားလာစားသောက်သည်ကို ဤသူသည် အပြစ်သားများနှင့်အတူစားသောက်ပါလား ဟုသာမြင်ခဲ့ကြသည်။
ဤသူသည် အပြစ်သားများကို ပြုပြင်ပြောင်းလဲလာ​စေရန် ကူညီပေးနေပါလား ဟုမမြင်ခဲ့ကြပါ။ ကိုယ်ကတပါးသူကို မကောင်းမြင်ဖို့ အပြစ်ရှာဖို့သာတွေးတော​နေလျှင် ကိုယ်ဆီမှ မကောင်းသောအရာများသာ ထွက်ရှိလာမည့်အကြောင်း၊ ယင်းမကောင်းသောအရာများသည် မိမိ အတွင်းစိတ်ကိုယ်ဖော်ပြသလို
ကိုယ့်​ရဲ့ အတွင်းစိတ်ပုပ်ကိုသာ ထုတ်ဖော်နေကြောင်း၊ ကျွနုပ်တို့နေစဉ် ဘဝ အသက်တာတွင်လည်း သူတပါးကိုပြုပြင်ပြောင်းလဲလာစေရန် ကောင်းမွန်သောစိတ်နှင့် လမ်းမှန်ပြ၍ ပြုပြင်ပေးရမည့်အစား မိမိမကြိုက်နှစ်သက်သူကို တီးတိုးပြစ်တင်ပြောဆိုတတ်ြ​ကပါသည်၊ ယင်းတီးတိုးပြောဆိုပြစ်တင်မှု့သည် မိမိ၏ ကြောက်တတ်ေ​သာအတွင်းစိတ်ကိုဖော်ပြနေကြောင်း၊ တိုက်ရိုက်မ​ပြာ
ရဲ​သော​ကြောင့်​ ကွယ်ရာမှာသာ တီးတိုးပြေားရဲကာ နိမ့်ကျ​သော စိတ်ဓာတ်ပိုင်ဆိုင်သူများသာဖြစ်ကြောင်း ဖော်ပြနေပါသည်။ လူတွေဟာ သူအခြေအနေအလိုက် တီးတိုးပြောဆိုပြစ်တင်နေတတ်​ကြပါတယ်၊ ဘာသာရေးသမားတွေ၊ ဘာသာရေးအသိုင်းအဝိုင်မှာ တီးတိုးမကောင်းပြောကြသလို၊ နိုင်ငံရေးသမားတွေ သူတို့အသိုင်းအဝိုင်းမှာ တီးတိုးပြစ်တင်ပြောဆိုနေကြပါသည်၊ သူများအကြောင်း တီးတိုးပြစ်တင်ပြောဆိုတဲ့အကျင့်ဟာ တချို့​သောသူတွေအတွက် နေ့စဉ်စားစရာတခုလိုတောင်ဖြစ်နေတယ် မပြောရရင်မနေတတ်​ကြတော့ဘူး။ သတိထားပါ၊ နိမ့်ကျတဲ့သင့်စိတ်ကို အရင်ပြင်ပါ။
သူတပါးကို အပြစ်ရှာရန်၊ အပြစ်တင်ရန် သွားပုပ်လေလွင့်ပြောတတ်ြ​ခင်းသည် ကောင်းကျိုးဖြစ်တည်မှု့ အဓိက ဆိုလိုရင်းနဲ့ပိုမိုဝေးကွာ​စေကြောင်း၊ သခင်ခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန်၊ အပြစ်သားများသည် ကိုယ်တော်ကို ပိုမိုလိုအပ်ကြောင်း၊ ကို ပျောက်သောသိုး တကောင်ကိုရှာဖို့ သိုးကိုးဆယ်ကိုးကောင်ကို ထားခဲ့ပြီး သွားရှာတဲ့ဥပမာပေး၍ ဟေားကြားခဲ့ပါသည်၊ သို့​သော် သခင်ခရစ်တော်၏ လုပ်ရပ်၊ ဆိုလိုရင်းကို နားမလည်သော ကျမ်းတတ်​ဆရာတို့ သခင်ခရစ်တော်သည် အပြစ်သားများနှင့် အတူစားသောက် သွားလာကြောင်းပြစ်တင် ဖို့ရန်သာ ရှာဖွေနေကြကြောင်းကို ရှင်းလင်းဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-francis-homily-daily-mass-witness-complaining-questions.html

#pope, #mass, #murmur, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 5 =