သင့်နှလုံးသားမှာ ဘုရားရှိကြောင်း ကရုဏာတရားများဖြင့် ဖော်ပြကြပါ

နိုင်ငံတကာ တက္ကသိုလ် ကျောင်းများ၊ သာသနာပြုကျောင်များ၏၂၁ ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်လာကြသော ကိုယ်စားလှယ် ၃၀၀ နှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်း

သင့်နှလုံးသားမှာ ဘုရားရှိကြောင်း ကရုဏာတရားများဖြင့် ဖော်ပြကြပါ
စက်တင်ဘာ ၂၁၊ ၂၀၁၉

နိုင်ငံတကာ တက္ကသိုလ် ကျောင်းများ၊ သာသနာပြုကျောင်များ၏၂၁ ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်လာကြသော ကိုယ်စားလှယ် ၃၀၀ နှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်းတွင် ဘုရားရဲ့ကျေးဇူးတော် သင်တို့နှလုံးသားထဲးမှာ တောက်လောင်နေကြဖို့ သတိပေးပြောကြားခဲ့ပါသည်။

ဘုရားကို ထိတွေခံစားချင်သော စိတ်ဆန္ဒတော့ရှိကြတယ် သို့သော် ဘုရားရှင်ဒို့နဲ့ နီးကပ်စွာရှိနေတယ် ဆိုတာကိုတော့ ဧမာဦးကို သွားနေတဲ့ တပည်တော် နှစ်ဦးကဲ့သို့ သတိမထားမိကြသူတွေအများကြီးရှိတယ်၊ ဘုရားရှင်က တို့ရဲ့ဘေးမှာရှိနေပြီး တို့ကို ပြောပြနေတယ် ဒို့တတွေရဲ့နှလုံးသားတွေကို တောက်လောင်နေစေတယ်။

သာသနာတော်ဟာ လောကအောင်မြင်မူ့မှာ သာယာနေပြီး သခင်ခရစ်တော်ကို ကြေငြာဖို့ မေ့နေတာမျိုးမဖြစ်စေရဘူး၊ သာသနာတော်ရဲ့ အဓိကတာဝန်ဟာ သခင်ခရစ်တော်ကို သက်သေခံနေဖို့ပဲဖြစ်တယ်။ ဘုရားကျောင်းတွေကို လှပတဲ့ရှေးဟောင်းပြတိုက်ကြီးတွေလိုမမြင်ဘဲ အဖ ဘုရားရှင်ရဲ့ အိမ်တော်အဖြစ်ခံစားကြဖို့၊ အဖ ဘုရားသခင်က သူသားသမီးတွေ သူအိမ်ကိုရောက်လာပြီး မိသားစာရဲ့အိမ်၊ နွေးထွေမူ့တွေခံစားစေချင်တယ်။

ယနေ့ခေတ်လောကကြီးမှာ လောကသာယာမူ့လောက်သာရူမြင်ကြပြီး ဘဝရဲ့ စစ်မှန်မူ့ကို ထိတွေ့ခံစားသူတွေနည်းပါးလားတယ်။ ဒါကြောင့်မိသားစုတွေအနေနဲ့ သားသမီးတွေကို လက်ကိုင်ဖုန်းတွေက ပေးတဲ့ပျော်ရွှင်မူ့မှာ မွေ့လျှော် မနေစေဘဲ စစ်မှန်တဲ့မိသားစု၊ ရိုးရှင်းတဲ့ မိသားစု ပျော်ရွှင်မူတွေပေးကြရမယ်။

မိသားစုဝင်တွေကို ချစ်တတ်အောင်၊ အချစ်ပေးတတ်သူဖြစ်အောင် သင်ပေးရမယ်၊ အဲဒီလိုသင်ပေးဖို့ တစ်ယောက်ကိုတစ်ယောက် အရှိကိုအရှိအတိုင်း နားလည်လက်ခံပေးတတ်သော အလေ့အထရှိရမယ်။ အဲ့ဒီအရာကသာ မိသားစုတွေကို တခြားသောအရာတွေထက် စစ်မှန်သော ပျော်ရွှင်မူကိုပေးနို်င်မယ်။

သခင်ခရစ်တော်ကို ရှာဖွေနေသူတွေဖြစ်ရမယ်၊ သူကြောင့်သာရင်ထဲးမှာ ခံစားချက်တွေတောက်လောင်နေစေရမယ်၊ တပါးသူကို ဆရာလုပ်ပြီး ညွှန်ကြားနေတာ၊ အပြစ်တင်ဝေဖန်နေတာတွေထက် သခင်ခရစ်တော်ကဲ့သို့ သူတို့ဘေးမှာ သူတို့နဲ့အတူ ခရီးသွားဖော်အဖြစ်ရှိနေပေးပြီး သူတိုရဲ့နှလုံးသားတွေကိုချစ်ခြင်းမေတ္တာခြင့် ပြည့်လျှံတောက်လောင်နေစေရမယ်။

ဘုရားအကြောင်းပြောနေတာထက် သခင်ခရစ်တော် သူဘေးမှာရှိနေတာကို သိအောင်ခံစားနိုင်အောင် သင်ရဲ့ ကရုဏာတရားတွေကဖော်ပြပေးနေရမယ်။ သခင်ခရစ်တော်ဘေးမှရှိနေတာကို သိရှိခံစားသွားရခြင်းက သူဘဝကို ပိုမိုပြည့်စုံသွားစေတယ်။

သာသနာတော်ရဲ့ နှလုံးသာဖြစ်တဲ့ ဘုရားဟာချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုတဲ့သတင်းစကားကို လူတွေဆီရောက်အောင်ပေးပို့ရမယ်။ သခင်ခရစ်တော်တို့ကိုချစ်တယ်၊ သူအသက်ပေးပြီးတို့ကိုကယ်တင်တယ်၊ အခုသူငါတိုဘေးမှာ ရှိနေတယ် ဆိုတာ သိရင် ခရစ်ယာန်အသက်တာ တိုးတက်လာပါလိမ့်မယ်။

တပါးသူတွေရဲ့ဘဝတိုးတက်လာစေဖို့ တို့ခရစ်ယာန်တွေလုပ်ဆောင်ရမှာ က ချစ်ခြင်းမေတ္တာတံတား တွေ တည်ဆောက်ပေးကြရမယ်၊ ဒုက္ခရောက်သူတွေကိူ ကူညီပေးရမယ်၊ ဆင်းရဲးသားတွေကိူ ဂရုစိုက်ပေးရမယ်၊ စိတ်ဓာတ်ကျနေသူတွေကိူ အားပေး နှစ်သိမ့်ရမယ်၊ ကို့ကို ကူညီပေးသူ များကို ကျေးဇူးတင်တပ်ရမယ်၊ အဲ့ဒီနည်းလမ်းတွေအားဖြင့် တို့တတွေဟာ ဘုရားရှိကြောင်း လက်တွေ့သက်သေခံနေသူတွေ ဖြစ်ကြရမယ်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kHbDjL

 

Add new comment

8 + 12 =