သခင်ခရစ်‌တော်သည်ကျွနုပ်တို့အားရိုသေလေးစားရန်၊ ဖြူစင်ရိုးသားရန် နှင့် နူးညံ့သိမ်မွေ့ရန်သင်ကြားပေးနေခြင်း

သခင်ခရစ်‌တော်သည်ကျွနုပ်တို့အားရိုသေလေးစားရန်၊ ဖြူစင်ရိုးသားရန် နှင့် နူးညံ့သိမ်မွေ့ရန်သင်ကြားပေးနေခြင်း
ဇန်နဝါရီလ ၁၂၊ ၂၀၂၀

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုပရိသတ်တွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ရဟန်းမင်းကြီးမှ စိန့်ပီတာရင်ပြင်ရှိ ဘုရားဖူးသူတော်စင်များကို သခင်ခရစ်‌တော်သည်ကျွနုပ်တို့အား ရိုသေလေးစားရန်၊ ဖြူစင်ရိုးသားရန် နှင့် နူးညံ့သိမ်မွေ့ရန်သင်ကြားပေးနေကြောင်း ဝေမျှဟောကြားခဲ့ပါသည်။

သခင်ခရစ်တော် သည်သူကိုယ်တိုင်အဖခမည်းတော်၏အလိုတော်ဖြစ်သည် သားတစ်ဦး၏နာခံတတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ရိုးသားဖြူစင်ခြင်းနှင့် ရိုသေလေးစားခြင်းများကို သူကိုယ်တိုင်သက်သေပြခဲ့ပြီး အဖခမည်းတော်၏ချစ်ခြင်းမေတ္တာတို့သည် သူ၏သားသမီးများအပေါ် အတိုင်းအဆမဲ့ ချစ်ခင်ကြင်နာတော်မူကြောင်းသက်‌ သေပြခဲ့ပါသည်။

ကျွနုပ်တို့လူသားများသည်လည်း အထူးသဖြင့်ယုံကြည်သူခရစ်ယာန်များသည် သခင်ခရစ်တော်၏စိတ်နေစိတ်ထားဖြစ်သည် ရိုးသားဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းများကိုကျင့်ယူကြဖို့ နှင့် ရှင်မာတေဦးကျမ်းစာ ကို အခြေခံပြီး ကလေးသူငယ်များနှင့်မိသားစုဝင်များအတွက်ဆုတောင်းပေးကြဖို့ သခင်ခရစ်တော်၏ဆေးကြောခြင်းခံ‌
‌ တော်မူသော ပွဲနေ့၌တောင်းဆိုခဲ့ပါသည်။

သခင်ခရစ်တော်သည်ယောဟန်ထံမှ ဆေးကြောခြင်းခံယူရန်တောင်းခံခဲ့သည့်အကြောင်းကို ရှင်းပြရာတွင် ၊ ယောဟန်သည်သခင်ခရစ်တော်မည်သူဖြစ်သည်ကို သိရှိနားလည်ပြီးအပြစ်ကင်းမဲ့သော မက်ဆီးယာ သခင်သည် သူ၏လက်မှဆေးကြောခြင်းကိုမခံထိုက်၊ သူသာလျှင် မက်ဆီယာ သခင်ထံမှ ဆေးကြောခြင်းခံယူရမည့်သူသာဖြစ်ကြောင်း သခင်ခရစ်တော်နှင့်ပြောဆိုခဲ့ပါသည်။

သခင်ခရစ်တော် ယောဟန်ထံမှ ဆေးကြောခြင်းခံယူခြင်းသည် ဘုရားနှင့်လူသားများကြာဆက်သွယ်ပေးသည့် ပေါင်းကူးတံတားတခု တစ်ချိန်တည်းမှာပဲ သခင်ခရစ်တော်သည်ဘုရားရှင်၏ဖက်၌ရှိသကဲ့သို့ လူသားတို့ဖက်၌လည်း ရှိနေကြောင်းကိုဖော်ပြပေးခြင်းဖြစ်ပါသည်။ ထို့အတွက်ကြောင့်သခင်ခရစ်တော်သည် ယောဟန်အားဤသို့မိန့်တော်မူခဲ့ပါသည် ယခုအခါတွင်မူဤသို့ရှိပါစေ၊ အကြောင်းမူကား‌ ဖြောင့်မှန်ရာအလုံးစုံတို့ကို ငါတို့လိုက်နာသင့်သည်ဟုမိန့်တော်မူခဲ့ခြင်းဖြစ်သည်။

ခရစ်ယာန်တို့ထားရှိရမည့်စိတ်နေစိတ်ထားသည်၊ သခင်ခရစ်တော်၏စိတ်နေစိတ်ထားမျိုးဖြစ်ပြီး လောကအရာများကိုဆန့်ကျင်ကာ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ ချိုးချန်ချုပ်တည်းခြင်း၊ ရိုသေလေးစားတတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချခြင်းစိတ်နေစိတ်ထားများကို သခင်ခရစ်တော်ထံမှသင်ယူကြရမည်ဖြစ်သည်။

မိမိကိုယ်ကိုယ် ကြွားဝါ အမွှန်းတင်သော နောက်လိုက်များသည်၊ နောက်လိုက်ကောင်းများမဟုတ်ကြပါ၊ ကောင်းသောအရာများကိုပြုလုပ်သောသူ၊ နူညံ့သိမ်မွေ့သောသူနှင့်နှိမ့်ချသောသူများသာလျှင် သခင်ခရစ်တော်၏နောက်လိုက်ကောင်းများဖြစ်ကြောင်း၊ ယင်းကဲ့သို့သောနောက် လိုက်များသည် သခင်ခရစ်တော်၏ပါရမီများကို၊ တစ်ပါးသူအားမိမိဘဝနှင့်‌ ဝေမျှသူများဖြစ်ကြပါသည်။

(သခင်ခရစ်တော် ဆေးကြောခြင်းခံယူခြင်းအပြီး ရေထဲမှတက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည်ပွင့်လာပြီးလျှင်ဘုရားသခင်၏ဝိညာဥ်‌တော်သည် မိမိအပေါ်သို့ချိုးငှက် သဏ္ဌာန်ဖြင့် ဆင်းသက်လာသည်ကို မြင်တော်မူ၏ ထို့နောက်ကောင်းကင်ကအသံထွက်ပေါ်လာသည်ကား ဤသူသည်ငါနှစ်သက် မြတ်နိုးရာငါ၏ချစ်သားပေတည်း ) ဖော်ပြပါကျမ်းပိုဒ်ကိုရှင်းပြရာတွင် ရဟန်းမင်းကြီးမှ ကျနုပ်တို့သည် ရေအားဖြင့်၎င်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၎င်း ဘုရားရှင်နှစ်သက်မြတ်နိုးရာသားသမီးများဖြစ်လာကြပါသည်၊ ထို့အတွက်ကြောင့်ကျွန်ုပ်တို့ဘုရားရှင်၏သားသမီးတစ်ဦးစီတိုင်းသည် ဘုရားရှင် စေလွှတ်တော်မူသောလုပ်ငန်းစဉ်ဖြစ်သည့် ဘုရား၏ချစ်ခြင်းမေတ္တာတော်သည်လူသားအားလုံးအပေါ်မှာ အတိုင်းအဆမဲ့ရှိနေကြောင်းကို ကျနုပ်တို့၏ညီကိုမောင်နှမများအား‌ ဝေမျှ ပြောကြားသက်သေခံကြရမည်ပါသည်။
ကျွနုပ်တို့အဆေးကြောခြင်းခံယူခဲ့သောနေ့ကိုအမှတ်ရကြရမည် အဘယ့်ကြောင့်ဆိုသော်ထိုနေ့သည် ဘုရားရှင်၏ပြည့်ဝသောချစ်ခြင်းမေတ္တာကိုကျွန်ုပ်တို့အထဲ၌ဖော်ပြသောနေ့ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်ဟူ၍ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

https://bit.ly/35WkfVa
#rvamyanmarsevice, #pkm
Credit to Vatican News

Add new comment

5 + 1 =