သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ အမှောင်ဘ၀ကို လင်းစေသူ အလင်းရှင်ဖြစ်သည်

သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ အမှောင်ဘ၀ကို လင်းစေသူ အလင်းရှင်ဖြစ်သည်

သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ အမှောင်ဘ၀ကို လင်းစေသူ အလင်းရှင်ဖြစ်သည်

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းမပြုခင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အလင်း နဲ့ ယုံကြည်ခြင်းလက်ဆောင်ဆိုတဲ့ ဆောင်ပုဒ်ကို ထောက်ရှုဝေငှခဲ့ပါတယ်။ ကျွန်ုပ်တို့ တွေ အလင်းကို လက်ခံဘို့နဲ့ပဲ မလုံလောက်ကြပါဘူး။ ကျွန်ုပ်တို့ တဘ၀လုံးနဲ့ သက်သေခံဖော်ပြနိုင်ဘို့က ကျွန်ုပ်တို့ ကိုယ်တိုင်က အလင်းဖြစ်ဘို့လိုပါတယ်ဟု အရှင်သူမြတ်က ၄င်းရဲ့ မင်္ဂလာစကား ကို အစချီခဲ့ပါတယ်။

ကမ္ဘာကြီး၏အလင်း

ဝါတွင်းကာလ တနင်္ဂနွေနေ့ ဧဝံဂေလိကျမ်းချက်မှ သခင်ယေဇူးက မျက်မမြင်ကို အလင်းရစေသည့် အချက်ကို ထောက်ရှုပြီး အရှင်သူမြတ်က အလင်းဆိုတဲ့ ဆောင်ပုဒ်သည် ဒီတပတ် တနင်္ဂနွေနေ့ ဝတ်ပြုခြင်းရဲ့ အဓိက နေရာမှာ ကျကြောင်း မျက်ကန်းအား လင်းစေသည့် တန်ခိုးလက္ခဏာအားဖြင့် ကမ္ဘာကြီး၏အလင်းဖြစ်ကြောင်းကို သခင်ယေဇူးက ထပ်မံ သေချာစေခဲ့တယ်။ သူဟာ၊ ကျွန်ုပ်တို့၏ အမှောင်ဘ၀ကို လင်းစေသူ အလင်းရှင်ဖြစ်သည်။ ဒါဟာ ကိုယ်တိုင်တို့ထိခြင်း နဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ လင်းစေခြင်း အဆင့် ၂ ဆင့် လုံးကိုပါ သက်ရောက်စေတဲ့ အလင်းဖြစ်တယ်။ မျက်မမြင်သူဟာ ပထမတော့ သခင်ခရစ်တော်ဆီက ထိတွေ့ကုသတဲ့ အလင်းကို ရရှိခဲ့ပြီး နောက်တော့ ဝိညာဉ်အလင်းကိုလည်းရခဲ့တယ်။

ယုံကြည်ခြင်းအလင်း
ဖာရီရှဲတွေနဲ့ ဉပ​ဒေ အရာရှိတွေဟာ သခင်ယေဇူးရဲ့ တန်ခိုး ကို အသိအမှတ်မပြုခြင်ကြပဲ မျက်မမြင် လူနာကိုပဲ ထပ်တလဲလဲ မေကြတယ်။ ဒါပေမဲ့ မျက်မမြင်ကတော့ သူမသိကြောင်းနဲ့ အရင်က ကျနော် မျက်စိကန်းတယ် အခုပြန်မြင်ပြီ ဒါပဲသိပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။ တဖြေးဖြေးနဲ့တော့ သူ့ကို ကုသ ပေးသူ အလင်းရစေသူကို မျက်ကန်းဟာ သိလာခဲ့ပြီး ဘုရား၏သားတော် ဘုရားဆီမှလာသူဖြစ်ကြောင်းကို မှတ်မိလာကာ မက်ဆီယားသခင်ကို ကြိုဆိုခဲ့တယ်။

ဘဝကို အလင်းသစ်မှာမြင်တွေ့စေခြင်း

ယုံကြည်ခြင်းအလင်းနဲ့ မျက်မမြင်ဟာ သခင်ခရစ်တော်ဆိုတာကို သိလာသလို ကျွန်ုပ်တို့လဲ အတွေ့အကြုံရှိအောင်ပြုကြစို့။ မျက်မမြင်ကသူ့ဘ၀ကို ကမ္ဘာကြီးနဲ့ သူ့ဘေးနားက ရှိသူအားလုံးမှာ အလင်းသစ်အားဖြင့် မြင်တွေ့လာတယ်။ ထင်ယောင်ထင်မှား သံသယစိတ်တွေ မမြင်နိုင်ခြင်းရဲ့ ကျေးကျွန်မဖြစ်တော့ဘူး။  မျက်မမြင်ရဲ့ အလင်းရရှိတဲ့ ပုံစံက အပြင်ကနေ လွတ်မြောက်တဲ့ ပုံစံ ဉပမာ ဖြစ်တတယ်။ အပြစ်ဆိုတာ ကျွန်ုပ်တို့ကိုယ်ကိုယ် နဲ့ ကမ္ဘာကြီးကို သေချာတွေ့မြင်ရဘို့ကို အဟန့်အတားဖြစ်စေတဲ့ ကျွန်ုပ်တို့မျက်နှာကို ကာထားတဲ့ အမှောင်ဇာပုဝါ တခုပါပဲ။ အမှောင်ကျခြင်းနဲ့ အမှောင်နဲ့ ပတ်သက်တဲ့ အရိပ်အယောင်တွေကို ဘုရားရှင်ရဲ့ ကြင်နာသနားခြင်းက ဖယ်ရှားပစ်လိုက် ပြီး အသစ်သောအလင်း ကို ပေးတာဖြစ်ပါတယ် အရှင်သူမြတ်ကဆိုပြီး ဆက်လက်မြွက်ကြားတာက

အလင်းဖြစ်လာခြင်း

ဘုရားရဲ့သနားခြင်းနဲ့ ကုသခြင်းခံလိုက်ရတဲ့ မျက်မမြင်ဟာ အခုမြင်ရပြီ။ ၀ိညာဉ်ရော ကာယပါ မြင်ပြီ။ ဒါပေမဲ့ အလင်းကို လက်ခံရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်က အလင်းဖြစ်လာရမှာပါ။ ဘုရားသခင်ရဲ့ မြတ်သော အလင်းတော်ကို လက်ခံရရှိဘို့နဲ့ လက်ခံပြီးတဲ့ အလင်းတော်ကို ကျွန်ုပ်တို့ ဘ၀နဲ့ ဖော်ပြသက်သေခံဘို့ ကျွန်ုပ်တို့တွေဟာ ဖိတ်ခေါ်ခြင်းခံကြရပါတယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က မတ်လ ၂၂ ရက် ၂၀၂၀ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအစီအစဉ်မှာ မြွက်ကြားခဲ့ တာကို ဝေငှပေးလိုက်ပါတယ်ရှင်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/2xizZGv

 

Add new comment

4 + 3 =