လောက ပစ္စည်းဥစ္စာများထက် လူသည် သာလွန်မြင့်မြတ်၏

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

လောက ပစ္စည်းဥစ္စာများထက် လူသည် သာလွန်မြင့်မြတ်၏
စက်တင်ဘာလ ၂၂၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ တနင်္ဂနွေနေ့ နေ့တိုင်း လူထုတွေဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း တွင် တနင်္ဂနွေနေ့သမ္မာကျမ်းစာကို အခြေခံပြီး လောကပစ္စည်းဥစ္စာများကို အသုံးချပြီး ပိုမိုကောင်းမွန်သော ခင်မင်ရင်းနှီးမှုကို တည်ဆောက်ကြဖို့ သခင်ခရစ်တော် သင်ကြားပေးနေကြောင်း ဝေမျှခဲ့ပါသည်။

ရိုးသားမှုမရှိသော လောကပစ္စည်းဥစ္စာများကို သတိပြုကြရမယ်၊ ဒီအရာတွေက လူတွေကိုကွဲကွာစေတဲ့၊ ခွဲးခြားချိုးနှိမ်စေတဲ့ တံတိုင်းတွေကို တည်ဆောက်စေတယ်၊ ဖြစ်ပေါ်စေတယ်၊ သခင်ခရစ်တော်ရဲ့ ဆိုလိုရင်းက ဒီလောက ပစ္စည်းဥစ္စာတွေ့ကနေ လူသားတွေကြား ကောင်းမွန်တဲ့ ရင်းနှီးမှုကိုသာတည်ဆောက်စေခြင်းဖြစ်တယ် ကွဲကွာစေဖို့၊ ချိုးနှိမ်ကြဖို့ ကိုအားမပေးပါဘူး၊ လောကပစ္စည်းဥစ္စာများကို အသုံးချပြီး ကောင်းမှုကုသိုလ်များ၊ ပါရမီများ ဆည်းပူးခြင်းဖြင့် ထာဝရအသက်တာကို ရရှိအောင် နည်းလမ်းများအဖြစ်အသုံးချကြဖို့ သင်ကြားပေးခြင်းဖြစ်တယ်။ ဒါကြောင့် ဒီအရာတွေကို စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် ညီကိုမောင်နှမစိတ်တိုးပွားစေရာ နည်းလမ်းများအဖြစ် အသုံးပြုကြရမယ်။

ဘုရားက တို့လက်မှာ အပ်နှံထားတဲ့အရာတွေကို နွမ်းပါးသူများအား ဝေမျှကူညီပေးကြဖို့ ပေးအပ်ထားတယ်ဆိုတာ မမေ့ပါနဲ့။ မိမိအခက်အခဲမှ ရုန်းထွက်တတ်သော ဘဏ္ဍာစိုးကဲ့သို့ ကိုယ့်ရဲ့ ဆိုးဝါးနေတဲ့အခြေအနေကိူ ပြောင်းလဲနိုင်ရမယ်။ ဒီနေရာမှာ ပြောခြင်တာက မှားနေတဲ့ဘဝအသက်တာကနေ အမှန်တရားဘက်ရောက်လာစေချင်တာ ပါ။ ကို့ယ့်ကြောင့် တပါးသူမျက်ရည်ကျခဲ့ရရင် သူ့ကို ပျော်ရွှင်အောင်ပြန်လုပ်ပေးပါ။ ကိုယ်မှာ လိုအပ်တာထက်ပိုလျှံနေတာတွေကို လိုအပ်နေသူများအားဝေမျှကြပါ၊ ယင်းကဲ့သို့ပြုမူခြင်းအားဖြင့် ဘုရားသခင်၏ နှစ်သက်မဥကို ခံယူကြပါဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဝေမျှခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2mqsub2

Add new comment

10 + 8 =