လူ့ဂုဏ်သိက္ခာ တန်ဖိုးထားခြင်းကိုဖော်ပြရန် သေဒဏ်ပေးခြင်းကို အဆုံးသတ်ဖို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တောင်းဆို

သေးဒဏ်ပေးခြင်းကို ဆန့်ကျင်သော နိုင်ငံတကာ ကော်မရှင်အဖွဲ့နှင့်တွေ့ဆုံခြင်း
လူ့ဂုဏ်သိက္ခာ တန်ဖိုးထားခြင်းကိုဖော်ပြရန် သေဒဏ်ပေးခြင်းကို အဆုံးသတ်ဖို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တောင်းဆို
ဒီဇင်္ဘာ ၁၇၊ ၂၀၁၈

ဒီဇင်္ဘာ ၁၇၊ ၂၀၁၈ တနင်္လာနေ့က သေးဒဏ်ပေးခြင်းကို ဆန့်ကျင်သော နိုင်ငံတကာ ကော်မရှင်အဖွဲ့နှင့်တွေ့ဆုံခြင်းတွင် သေဒဏ်ပေးခြင်းကိုကျင့်သုံးနေသေသေားနိုင်ငံများကို အဆုံးသပ်ကြရန် တောင်းဆိုခဲ့ပါသည်။

သမ္မာကျမ်စာ ရှု့ထောင့်နှင့် အသင်းတော် သွန်သင်ချက်များအရ သေဒဏ်ပေးခြင်းသည်၊ နောင်တရပြီးပြုပြင်ရန် အခွင့်အလမ်းများကို အဆုံးသပ်လိုက်ခြင်းနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့်၊
တရားမျှတခြင်းလိုအပ်သလို၊ သနားကြင်နာမူကို ပိုမိုအလေးထားဖို့၊ ရဟန်းမင်းကြီး အဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံတကာအဆင့်ဖြင့် သေဒဏ်ပေးခြင်း အဆုံးသပ်ရေးကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ တစိုက်မှတ်မှတ် ပြုလုပ်လာခဲ့ပါသည်။

မိမိဘဝ ပြန်လည်ပြုပြင်ရန် အခွင့်အရေးမရှိသော၊ လူအဖွဲ့အစည်းအတွင်း သဟဇာတဖြစ်အောင်းပြုလုပ်မပေး၊ ပြုပြင်မပေးသော ထောင်တွင်းအပြစ်ဒဏ်များကိုလည်း ဖုံးကွယ်ထားသော သေဆုံးမှု့အဖြစ် ပြောဆိုထားပါသည်။ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ လူတယောက်၏ ပြန်လည်သင့်မြတ်စေခြင်း၊ ပြုပြင်ပြောင်းလည်းလာခြင်း၊ မျှော်လင့်ခြင်းနှင့် အသက်ကို ဖျက်စီပိုင်ခွင့်မရှိကြောင်းလည်း ဖော်ပြထားပါသည်။

သေဒဏ်ပေးခြင်းကိုဆန်ကျင်သော အသင်းတော်၏ အမြင် နှင့် နိုင်ငံတကာအသိအမှတ်ပြုထားသော လူ့ဂုဏ်သိက္ခာကို ကာကွယ်ခြင်းများကို နိုင်ငံတကာအဖွဲ့အစည်းများမှ တန်တူညီမျှ လိုက်နာကျင်သုံးကြရန်လည်း တိုက်တွန်းထားပါသည်။

သေဒဏ်ပေးခြင်းကို ဆက်လက်အသုံးပြုနေသေးသော နိုင်ငံများ၊ သေဒဏ်ပေးခြင်းဥပဒေရှိနေသေးသော်လည်း အသုံးပြုခြင်းမရှိတော့သောနိုင်ငံများ၊ ရက်စက်သော သေဒဏ်ပေးခြင်းကိုအသုံးမပြုကြဖို့၊ သေဒဏ်ပေးခြင်းကို ဦးစားမပေးကြဖို့ တပ်ရိုက်တောင်ဆိုထားကြောင်းကိုလည်း ဖော်ပြထားပါသည်။

လူအဖွဲ့အစည်းအများစုတွင် အပြစ်ဒဏ်ပေးခြင်းကိုသာဦးစားပေးကြပြီး ပြုပြင်ပြောင်းလာစေသော အခွင့်အရေးကို အနည်းငယ်သာ ဦးစားပေးနေကြကြောင်း။ အစဉ်အလာအရ တရားမျှတမူ့ဖော်ထုတ်ခြင်းတွင် လူဂုဏ်သိက္ခာကို တန်ဖိုးထားမှု့ဖြင့် ပြည့်ဝစွာဖော်ထုတ်ကြစေလိုကြောင်း။
ယင်းတွင်ထည့်သွင်းစဉ်းစားရမည့် အဖွဲ့အစည်းကိုထိခိုက်စေမှု့များ၊ အားနည်းသူကိုကာကွယ်ပေးသော ဥပဒေများ၊ ကျူးလွန်ခံရသူများ၏ ဒုက္ခများကို တရားမျှတစွာ ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း။
မိခင်၊ ဖခင်မှ မိသားစုတွင် တရမျှတမှု့ဖော်ထုတ်သော နည်းလမ်းမျိုးကိုသာ လိုအပ်ကြောင်းနှင့်၊ လူ့အဖွဲ့အစည်းတွင် တဦးနှင့်တဦးအပြန်အလှန်ကာကွယ်စောင့်ရှောက်ခြင်းသည် အများကောင်းကျိုးအတွက် ချစ်ခြင်းမေတ္တာ ဖြင့်တည်ဆောက်သော လူ့အဖွဲ့အစည်းကိုတည်ဆောက်နေခြင်းဖြစ်ကြောင်းကို သတိပြုနားလည်စေလိုကြောင်း
ဖော်ပြထားပါသည်။

အသင်းတော်နှင့် ရဟန်းမင်းကြီးရုံးတော်၊ သေဒဏ်ပေးခြင်းကိုဆန်ကျင်သော နိုင်ငံတကာကော်မရှင်အဖွဲ့နှင့် ပူးပေါင်းပြီး ရက်စက်သော သေဒဏ်ပေးခြင်းကို ဆန်ကျင်ကြဖို့ တောင်းဆိုလိုက်ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-death-penalty-begs-end-ethic-caring.html

#pope, #begs, #deayhpenalty, #peterkm,
Photo credits to Vatican News.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 4 =