Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူအများ သတိထားမိစေရန် အရေးကြီးသော ရက် ၃ရက် ကို ရဟန်းမင်းကြီး သတိပေး
နိုဝင်ဘာလ ၁၁၊ ၂၀၁၈
အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် စပိန်နိုင်ငံ ဘာစီလိုနာ မြို့ တွင် ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက် စနေနေ့ သူတော်စင် ၁၆ ပါး တင်မြှောက်ခြင်း၊ နိုဝင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့က ပထမကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပခြင်းနှင့် နောက်တပတ် တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကို ကမ္ဘာ ဆင်းရဲသားများနေ့အဖြစ် ကျင်းပမည့်အကြောင်း လူအများ သတိထားမိစေရန် အရေးကြီးသော ရက် ၃ရက် ကို ရဟန်းမင်းကြီး သတိပေးခဲ့ပါသည်။
၁။ ။ သူတော်စင် ၁၆ ပါးတင်မြှောက်ခြင်း
ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော
ဘုန်းတော်ကြီး Teodoro illera of Olma နှင့် သူ၏ အပေါင်းအပါ ၁၅ ဦးတို့သည် ၂၀၁၈ နိုဝင်ဘာလ ၁၀ ရက် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် သူတော်စင်အဖြစ်တင်မြှောက် ဂုဏ်ပြုခြင်းခံခဲ့ရပါသည်။ ဘုရားသခင်နှင့် သာသနာအတွက် အသက်ပေးသွားကြသော ၁၆ ဦးတွင် ရဟန်းဘုန်းတော်ကြီး သီလရှင် ၁၃ ပါးနှင့် သာမန်လူဝတ်ကြောင် ၃ ဦးတို့ဖြစ်ကြောင်း၊ သူတို့အားလုံးသည် စပိန်နိုင်ငံ အနယ်နယ် အရပ်ရပ်တွင် မတူညီသော အချိန်နေရာများတွင် အသင်းတော် အတွက် ဘုရားသခင်အတွက် မိမိတို့၏ ယုံကြည်ခြင်းကို အသက်ပေးကာကွယ်သွားကြသော သူတော်စင်များဖြစ်ကြပါသည်။ သူတို့၏ ရဲရင့်သော စိတ်နှင့် အသင်းတော်အတွက်ဘုရားသခင်အတွက် အသက်ပေးသွားကြသော သူတော်စင်များကို ဂုဏ်ပြုရင် ဘုရားသခင်၏ ဘုဏ်တော်ဂုဏ်တော်ကြီးပါစေ ဟု ချီးမွမ်းခဲ့ပါသည်။
၂။ ပထမ ကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့်
နိုဝင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့ တွင် ပထမကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့် အခမ်းအနားကိုကျင်းပခဲ့ပါသည်၊၊ ပုပ်ရဟန်းမင်းကြီး ဘနဒက် ၁၆ မှ ယင်းစစ်ပွဲကို အဘဟသပ် လူအသက်ပေါင်းများစွာကို ဖျက်စီးသတ်ဖြတ်ခြင်းဟု သုံးသပ်ခဲ့ပါသည်။ အီတလီနိုင်ငံ စံတော်ချိန် နေ့လည် ၁း ၃၀ တွင် နိုင်ငံတဝှမ်း ခေါင်းလောင်းများထိုးခြင်းဖြင့် ပထမ ကမ္ဘာစစ် ၏ ဆိုးကျိုးများကို သတိထားဆင်ခြင်ရာနေ့ အမှတ်တရအဖြစ်ကျင်းပခဲ့ပါသည်။ ယင်းကျင်းပခြင်းသည် ကမ္ဘာတဝှမ်း သွေးချောင်းစီးခဲ့ကြရသော ပထမကမ္ဘာစစ်၏ ဆိုးကျိုး၊ ထိတ်လန့်ဖွယ်ရာများကို ပြင်းထန်စွာ သတိပေးနေကြောင်း၊ ဆက်လက်ပြီး ယနေတိုင် တိုက်ခိုက်သတ်ဖြတ်နေကြသော စစ်ဖြစ်ရာနေရာဒေသများကို တရားဥပဒေဘောင်အတွင်းမှ နည်းလမ်းရှာ၍ စစ်ပွဲများကို အဆုံးသတ်ကြရန် နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြရန် တိုက်တွန်းခဲ့ပါသည်။
၃။ ။ ကမ္ဘာ ဆင်းရဲသားများနေ့
နောက်တပတ် တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကို ကမ္ဘာ ဆင်းရဲသားများနေ့အဖြစ် ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့၌ စိန့်ပီတာ ရင်ပြင်တွင် ယာယီဆေးကုသမှုများ အတွက်ပြင်ဆင်ထားပေးပြီး အကူအညီလိုအပ်သူများကို ကုသပေးသွားရန် စီစဉ်ထား လျှက်ရှိသည်။ အထူးသဖြင့် ယင်းနေ့တွင် ဆင်းရဲသားများ အနှိမ်ခံလူတန်းစားများ အကူညီများရရှိစေရန် မျှော်လင့်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2018-11/pope-beatification-world-war-i-world-day-poor.html
#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment