လူသားအားလုံးရဲ့နေအိမ် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြစို့

ရဟန်းမင်းကြီးရုံးတော် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin
လူသားအားလုံးရဲ့နေအိမ် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြစို့
ဒီဇင်​ဘာ ၄၊၂၀၁၈

ရဟန်းမင်းကြီးရုံးတော် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ ပိုလန်နိုင်ငံ Katowice တွင် ဒီဇင်​ဘာ ၂ ရက်မှ ၁၄ ရက်ထိပြုလုပ်နေသော Cop24 အစည်းအဝေး တွင် အတူတကွပူးပေါင်း၍ လူသားအားလုံးရဲ့နေအိမ် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြဖို့ အခမ်းအနားတွင် ရာသီဥတုပြောင်းလဲမှုများနှင့်စပ်လျှင်းပြီး ရဟန်းမင်းကြီးကိုယ်စား မိန်ခွန်းပြောကြားခဲ့ပါသည်။

ကမ္ဘာကြီး ပူနွေးလာမှုကိုထိမ်းချုပ်ကြရန် သဘောတူညီချက် နှင့်စပ်လျှင်းပြီး နိုင်ငံတကာ အစိုးရများ၏ ပူးပေါင်းပါဝင်မှု အများအပြားလိုအပ်ကြောင်း၊ လူသားတို့ ကမ္ဘာကြီး စိမ်းလန်းစိုပြည်ရေးတည်ဆောက်ရာတွင် တိကျ​သေချာသော အခြေခံလူ့ကျင့်ဝတ်များ တည်ဆောက်ရန်၊ ဆင်းရဲမှုကို ဖြေရှင်းပြီး လူ့ဂုဏ်သိက္ခာကို မြင့်တင်ရန်၊ လက်ရှိကာလနှင့် အနာဂတ်လိုအပ်ချက်များကို အလေးထားရန် တင်ပြဆွေးနွေးခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုသည် လူသားတို့ အလုပ်အကိုင်အခွင့်အလမ်းများ နှင့်ဆက်စပ်နေကြောင်း၊ လူတို့ဘဝ လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဆင်းရဲမွဲ​တေမှုပပြောက်ရေး၊ အထူးသဖြင့် ရာသီဥတုဆိုးရွားစွားပြောင်းလဲမှု​ကြောင့် ထိခိုက်နစ်နာသူများဘဝ မြင့်တင်ပေးရေးတို့နှင့် ဆက်စပ်နေကြောင်းလည်း ဆွေးနွေးခဲ့ကြပါသည်။

ရာသီဥတုပြောင်းလဲမှုသည် စက်မှု့ထွန်းကားလာခြင်းကြောင့် အဓိကမဟုတ် လူတို့၏ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးမှု​ကြောင့်သာ ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု​ကြောင့် ဒုက္ခရောက်ကြရသူများ၊ လူဂုဏ်သိက္ခာ မဲ့စွာနေထိုင်နေကြရသူများ၊ ဆုံးရှုံးနစ်နာမှုများသာ တိုးပွားလာကြောင်း၊

ရာသီဥတုပြောင်းလဲမှုသည် ယခုလက်ရှိလူတို့နှင့် အနာဂတ် မျိုးဆက်သစ်တို့ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကြီးတစ်​ခုဖြစ်ကြောင်း၊ လူသားအားလုံးရဲ့နေအိမ် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြရာတွင် လူသားတိုင်း အဖွဲ့အစည်းတိုင်ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2018-12/parolin-cop24-working-together-build-common-home-climate-change.html

#climate, #commonhome, #cop24, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 12 =