လူသားသမိုင်းတစ်​ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်

ဒီဇင်္ဘာ ၂၀ ရက် ကြာသာပတေးနေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား
လူသားသမိုင်းတစ်​ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်
ဒီဇင်္ဘာ ၂၀၊ ၂၀၁၈

ဒီဇင်္ဘာ ၂၀ ရက် ကြာသာပတေးနေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် မယ်တော်သခင်မအား သိကြားတမန်အမိန့်​တော်ပြန်သောနေ့သည် လူသားသမိုင်းတစ်​ခုလုံးကို ပြောင်းလဲခဲ့သောနေ့ရက်အဖြစ် ဟောကြားခဲ့ပါသည်။

 

ရှင်လုကား ၁း ၂၆-၃၈ သည် ဟောကြားရန်ခက်ခဲ​​သောကျမ်းပိုဒ်​ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ လူသားတွေအတွက်အံ့သြဖွယ်ရာ ဘုရားရဲ့လုပ်ဆောင်မှုက လူသားတို့၏ ဘဝကြမ္မာတခုလုံးကို ပြောင်းလဲသွားစေခဲ့လို့ပါပဲ။ ယနေ့ကြားနာရတဲ့ ရှင်လုကားကျမ်းစာ သိကြားတမန်က မာရီယား ကို အမိန်တော်ပြန်လိုက်သောအချိန်သည် လူသားကမ္ဘာတစ်​ခုလုံး၊ သမိုင်းတစ်​ခုလုံး အရာရာအားလုံးကို ပြောင်းပြန်လှန်လိုက်သလို ပြင်းထန်သော အပြောင်းအလဲ အချိန်အခါတစ်​ခုဖြစ်တယ်။ သခင်ခရစ်တော် လူ့အဖြစ်ယူ၊ ဘုရားကလူ့အဖြစ်ယူတဲ့နေ့၊ လူသားအဖြစ်လောကထဲကို ​ရောက်လာတဲ့နေ့ အဲ့ဒီယုံကြည်ချက်ရှေ့မှာ ငါတို့အားလုံးဒူးထောက်လိုက်ခြင်းပါပဲ။ ဘုရားကလူအဖြစ် လောကထဲဝင်လာခြင်းက သမိုင်းအသစ်စတဲ့နေ့ပဲ၊ အရာရာ အသစ်စတဲ့နေ့ပါပဲ။ အသင်းတော်ထုံးတမ်းအစဉ်အလာအရ ဒီကနေ့ဟာ အခြေတည်တဲ့နေ့၊ ဘုရားက သူကိုသူနှိမ့်ချပြီး လူသားတွေစီကြွလာသောနေ့သည် အကြီးမားဆုံးအံ့သြဖွယ်ရာနေ့ဖြစ်လာတယ်။ သမိုင်း​တွေအကုန် အသစ်စတင်ရသောနေ့ဖြစ်လာတယ်၊ လူတွေကိုအံ့သြစေသောဘုရားက အကြီးမာဆုံး အံသြမှုကို လူတွေအတွက်လုပ်ပေးခဲ့တယ်။

 

ရဟန်းမင်းကြီးမှ လူအများထောက်ရှု့နိုင်ရန် အောက်ပါ သမ္မာကျမ်းပိုဒ်​ကို ဖတ်ပြခဲ့ပါတယ်​။ (ထိုအခါ ကောင်းကင်တမန်က ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ သက်ဆင်းလိမ့်မည်။ အမြင့်ဆုံးသော် အရှင်၏တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတ္တံသောသူငယ်သည် သန့်ရှင့်မွန်မြတ်ပြီး ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။ ထို့ပြင်ကြည့်လော၊ သင်၏ ဆွေမျိုး ဧလိဇဘက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲ၍ အမြုံမဟုအခေါ်ခံရသောသူမသည် ယခု ဆဋ္ဌမလရှိလေပြီ။ အကြောင်းမူကာဘုရားသခင်မတတ်​နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိဟု မိန့်ဆိုလေ၏။ မာရီယားကလည်း ကျွန်မသည်ထာဝရဘုရားသခင်၏ အစေခံမဖြစ်ပါ၏ သင်၏စကားအတိုင်းကျွန်မ၌ဖြစ်ပါစေဟုဆို၏။ ထို့နောက်ကောင်းကင်တမန်တော်သည်သူမထံမှ ထွက်ခွာသွားလေ၏။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-the-annunciation-rivolutionizes-history.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 13 =