လူငယ်များ သခင်ခရစ်တော်ရဲ့နှုတ်ကပါတ်တော်ကို အဆင်းရဲဆုံး သူများထံသို့ သယ်ဆောင်ပေးကြဖို့ သင်တို့ကို ဖိတ်ခေါ်ပါတယ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် လူငယ်များ

လူငယ်များ သခင်ခရစ်တော်ရဲ့နှုတ်ကပါတ်တော်ကို အဆင်းရဲဆုံး သူများထံသို့ သယ်ဆောင်ပေးကြဖို့ သင်တို့ကို ဖိတ်ခေါ်ပါတယ်
သြဂုတ်လ ၂၈၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ လူငယ်များအတွက် ထုတ်ဝေခဲ့သော စာချွန်တော်ကို အခြေခံပြီး လူငယ်အဖွဲ့ဖွဲ့စည်းခြင်း သင်တန်းပေးခြင်း များကို ပါရာဂွေး နိုင်ငံ မြို့တော် အစန်းစီရွန် Asunci'on တွင် ပါရာဂွေး နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ စီမံ မူဖြင့် ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ပါရာဂွေး လူငယ် ၆၀၀ ခန့်တက်ရောက်ခဲ့ပါသည်။

ယင်းအခမ်းအနား သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လူငယ်များအတွက် သခင်ခရစ်တော်ကို အတုယူပြီး နောက်လိုက်ကောင်းများဖြစ်ကြဖို့ အားပေးစာတစ်စောင် ပေးပို့ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ပေးပိုသော စာစောင်တွင် လူငယ်များ၊ ယုံကြည်ခြင်း နှင့် ခေါ်တော်မူခြင်းအတွက်စမ်းစစ်ခြင်း စသည့်ခေါင်းစဉ်သုံးခုကို အခြေခံပြီး ရေးသားပေးပို့ခဲ့ပါသည်။

ကျေးဇူးတော်အချိန်ကာလမှာ အသီးအပွင်များ ထွက်ပေါ်လာနိုင်ရေး လူငယ်များ သင်တို့ကို အပေါင်းအသင်းမိတ်ဆွေအဖြစ် ခေါ်နေသော သခင်ခရစ်တော်ကို လက်ခံကြပြီး သူ၌အသက်ရှင်ခြင်းအားဖြင့် လူဘဝရဲ့ကောင်းကျိုးရလဒ်အသီးအပွင်များ ဖြစ်ပေါ်လာအောင်ကြိုးစားကြပါ တိုက်တွန်လိုက်ပါတယ်။ ဘုရားသခင်က သင်တို့ကို တစ်ဦးချင်းစီသော်လည်းကောင်း အစုအဖွဲ့ဖြင့်လည်းကောင်း ကယ်တင်ခြင်း၏ သတင်းကောင်းကို သယ်ဆောင်ကြဖို့ သက်သေခံကြဖို့ အထူသဖြင့် အဆင်းရဲဆုံးညီကိုမောင်နှမ တွေဆီမှာ သက်သေခံကြဖို့ စေလွတ်နေတယ် ဒါကြောင့် သခင်ခရစ်တော်ရဲ့ခေါ်သံကို နားထောင်ကြပါ၊

လူငယ်များကို သူအတွက် ဆုတောင်းပေးကြဖို့ နှင့် အမိမယ်တော်၏ ကြားဝင်ဆုတောင်းပေးမှုဖြင့်ကျေးဇူးတော်များ ခံစားရပါစေ ဟု အဆုံးသတ်ဖော်ပြထားပါသည်။ ရဟန်းမင်းကြီး ပေးပို့သော စာကို အပိတ် မစ္ဆားတရားတွင် ဖတ်ကြားခဲ့ပါသည်။

သုံးရက်တာကာလ ဝိညာဉ်ခွန်အားဖြည့်တင်းခြင်းတွင် သာသနာတော်ကြီးမှ လူတိုင်းအတွက် လက်ဆန့်တန်းပြီး လုပ်ဆောင်နေသလို သင်တို့လည်း အတုယူလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။ ယင်း လူငယ်သင်တန်းတွင် အဖွဲ့အစည်းအငယ်လေးများဖွဲ့ပြီး မိသားစုအကြောင်း၊ နိုင်ငံရေးအကြောင်း၊ အမျိုးသမီးများ အခန်းကဏ္ဍ၊ အားကစား၊ စွဲလမ်းခြင်း နှင့် သဘာဝပတ်ဝန်းကျင် အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ လူငယ်များ လူမူရေးလုပ်ငန်းများတွင် စုစည်းခိုင်မာစွာ ပါဝင်နိူင်ရေး၊ ခွန်အားရရှိရေး နှင့် ဘုရားသခင်၏ အလင်းပြမူများ ခံယူရရှိစေရန် ရည်ရွယ်ထားပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2PjbKk4

 

Add new comment

6 + 4 =