လူငယ်တို့ သခင်ခရစ်တော်က သူ၏ လုပ်ငန်းစဉ်ကို သင်တို့လက်သို့ယုံကြည်စွာ အပ်နှံထားတယ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေဆုံခြင်း

လူငယ်တို့ သခင်ခရစ်တော်က သူ၏ လုပ်ငန်းစဉ်ကို သင်တို့လက်သို့ယုံကြည်စွာ အပ်နှံထားတယ်
စက်တင်ဘာလ ၇၊ ၂၀၁၉

မာဒါဂါစကာ နိုင်ငံတွင် သိုးထိန်းခရီးစဉ် အဖြစ်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေဆုံခြင်းတွင် သခင်ခရစ်တော်က သူရဲ့ လုပ်ငန်းစဉ်ကို သင်တို့လက်သို့ယုံကြည်စွာ အပ်နှံထားတယ်၊ ဒါကြောင့် နောက်လိုက်ကောင်း ပီသစွာ နေထိုင်လုပ်ဆောင်ကြရမယ်ဟု ပြောကြားခဲ့ပါသည်။

သခင်ခရစ်တော်က သူရဲ့တပည်တော်ကြီးတွေကို မေးခဲ့တယ် သင်တို့ဘာကို ရှာဖွေနေကြတာလည်၊ ထို့အတူ ကျွန်ုပ်လည်းသင်တို့ကို မေးတယ် သင်တို့ဘာကိုရှာဖွေနေကြတာလည်း။

လူငယ်တို့ သင်တို့ရှာဖွေနေတာ ကို ဘုရားသခင်သိတယ်၊ သင်တို့ရှာဖွေနေတဲ့ပျော်ရွှင်မူ့ဆိုတဲ့အရာ ကို ပြည့်ဝစွာပေးဖို့ အဲ့ဒီပျော်ရွှင်မူ့ကို ဘယ်အရာကမှ ယူသွားလို့မရသလို၊ သင်တို့ဟာလည်ပဲ အဲ့ဒီပျော်ရွှင်မူ့ကို ရယူပိုင်ဆိုင်ကြဖို့ ဖန်ဆင်းခံထားရသူတွေဖြစ်တယ်။

သင်တို့ရဲ့ယုံကြည်ခြင်းကနေ တောင်းတစွာရှာဖွေလာတဲ့အရာက သင်တို့ငါတို့နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ကမ္ဘာကြီး ကိုပိုမိုကောင်းမွန်အောင်ဖန်တီးပေးပါလိမ့်မယ်။ တပါးသူကောင်းကျိုးအတွက် တို့လုပ်ပေးလိုက်တဲ့အရာတွေက တို့ကိုပြောင်းလဲးလာစေတယ်၊ တို့ရဲ့အမြင်တွေ၊ စီရင်ဆုံးဖြတ်ချက်တွေကို ပြောင်းလဲးပေးနေခြင်းဖြစ်တယ်။

သခင်ခရစ်တော်က သင်တို့ရဲ့အမည်နာမအတိုင်း အယောက်တိုင်းစီကို ခေါ်နေတယ်၊ သင်ရဲ့လုပ်နိုင်စွမ်းအားအကန့်အသပ်၊ သင်ရဲ့အပြစ်၊ သင့်ရဲ့အမှားတွေကို ကြည့်ပြီး မခေါ်ဘူး သင်တို့ဟာ သူရဲ့ သာသနာ့လယ်ကွင်းမှာ ယုံကြည်စိတ်ချရသူတွေအဖြစ် ခေါ်ဆောင်ခြင်း
ခံကြရသူတွေပါ။

လူငယ်တစ်ယောက် ထောင်ကျတယ် သူမကောင်းလို့ထောင်ကျခဲ့တာမဟုတ်ဘူး မကောင်းတဲ့အရာကို ရွေးချယ်ခဲ့မိလို့ ဖြစ်ခဲ့ရတာ၊ သူ နောင်တရတယ်၊ အပြစ်တွေကို ပေးဆပ်တယ် အခု သူအသစ်သောစိတ်နဲ့ပြန်စဖို့ အသင့်ဖြစ်နေတယ်၊

ဒါကြောင့် ဘယ်လိုအခြေအနေပဲရောက်ခဲ့ပါစေ မှားခဲ့ပါစေ ဘယ်တော့မှ အရုံးမပေးနဲ့ လက်မလျှောနဲ့၊ သတိနဲဆက်လျှောက်ကြရမယ်။

ဘုရားသခင်က သင်တို့ကို မကြောက်ကြနဲ့ သူတပါကို ကူညီပေးခြင်း ကောင်းမွန်တဲ့အရာတွေပြုလုပ်ခြင်းမှာ သင်တို့ရဲ့လက်တွေညစ်ပတ်ပါစေ မကြောက်မရွံ့ဆက်လုပ်ကြပါ။

ဘုရားက သင့်ကိုယုံကြည်တယ် တချိန်တည်းမှာပဲ သင်ကိုယ်တိုင်က သင့်ကိုသင်ယုံကြည်ဖို့ သင့်အရည်အခြင်းကို ယုံကြည်ဖို့ တောင်ဆိုနေတယ်။ အတူတကွလက်တွဲးပြီး သမိုင်းစာမျက်နှာ အသစ်တွေရေးသွားကြရမယ်။ အဲ့ဒီမှာ ငါဟာ ဘုရားသခင်ရဲ့လုပ်ငန်းစဉ်မှာ အသုံးကျသူတစ်ယောက် ဖြစ်တယ်ဆိုတာကို ခံစားရမယ်။

သင်တို့လျှောက်မဲ့ လမ်းမှာ သင်တို့ဘယ်သောအခါမှ တစ်ယောက်တည်း မလျှောက်လှမ်းရပါဘူး ဘုရားသခင်က သင်တို့နဲ့ အတူရှိနေပါတယ်။
အမိမယ်တော်ကို အတုယူပြီး ဘုရားသခင်ရဲ့စည်မံကိန်းကို အကောင်အထည်ဖော်နိုင်အောင် အမိမယ်တော်ရဲ့ Yes ဆိုတဲ့ စကား ကဲ့သို့ ကမ္ဘာလောကတစ်ခုလုံးအတွက် အကျိုးရှိစေမဲ့ Yes မျိုး ပေးနိုင်ကြရမယ်။

လောကကို အလင်ပေးသူတွေဖြစ်ကြရမယ်၊ အဲ့ဒီအလင်ရောင်ဟာလည်း မျှော်လင်ခြင်းမီးစာ မှာ တောက်လောင်နေစေကြပါ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေဆုံခြင်းတွင် ပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News

https://bit.ly/2lJ5fc8

 

Add new comment

1 + 17 =