ရဟန္တာအပေါင်းပွဲးနေ့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ

ကြာသပတေးနေ့ လူထုပရိသတ်နှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
ရဟန္တာအပေါင်းပွဲးနေ့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၁၊ ၂၀၁၈

ကြာသပတေးနေ့ လူထုပရိသတ်နှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် နေ့စဉ် သမ္မာကျမ်းစာကို အခြေခံ ပြီး မင်္ဂလာ တရားတော်၏ သွန်သင်ချက်များကို နေစဉ်အသက်တာ ရှင်သန်နေထိုင်ရင်း ဖြူစင်ခြင်းပါရမီ ကိုဆည်းပူကြဖို့ နှင့် ရဟန္တာ တို့၏အကြောင်းများကို တွေးတောနေရုံသာမဟုတ်၊ သူတို့ကဲ့သို့ကျင့်ကြံကြရန် တိုက်တွန်းခဲ့ပါသည်။
ရဟန္တာ တွေဟာ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချ အားကိုးရတဲ့ ညီကိုမောင်နှမတွေဖြစ်တယ် ဒါကြောင့် ဒီနေ့ဟာ မိသားစုပွဲနေ့လည်းဖြစ်တယ်၊ အဲ့ဒီညီကိုမောင်နှမတွေက ကောင်းတာကိုသိတယ် သိတဲ့အတိုင်း ကျွန်တော်တို့ကောင်ကျိုးအတွက်ကူညီပေး ကြတယ်၊ ကျွန်တော်တို့ကိုလည်း သူတို့နဲ့အတူ ကောင်းကင်နိုင်ငံရဲ့ ပျော်ရွှင်မှု ကို မျှဝေခံစားစေချင် ကြတယ်။
ယနေ့ မင်္ဂလာ တရားတော်က ကောင်းကင်နိုင်ငံတော်မှာ ပျော်ရွင်ရဖို့ စံစားရဖို့ ကျွန်တော်တို့ကိုလမ်းညွန်ပြပေးနေပါတယ်။ မင်္ဂလာ တရားတော်က လောက နေထိုင်အသက်ရှင်ပုံနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်ဆိုတာကို သတိထားရမယ်။
- သမ္မာကျမ်းစာ က ဆင်းရဲသောသူ မင်္ဂလာ ရှိတယ်ပြောနေချိန်မှာ လောကကမ္ဘာလူသားတွေက ချမ်းသာသူ မင်္ဂလာ ရှိတယ်လို့ပြောကြတယ်။
- သမ္မာကျမ်းစာ က နုညံ့သိမ်မွေ့ နှိမ်ချသူဟာ မင်္ဂလာ ရှိတယ်ပြောနေချိန်မှာ လောကကမ္ဘာလူသားတွေက မာနတရား ကောင်းကြောင်းပြောနေကြတယ်။
- သမ္မာကျမ်းစာ က ဖြူစင်ရိုးသားခြင်းက မင်္ဂလာ ရှိတယ်ပြောနေချိန်မှာ လောကကမ္ဘာလူသားတွေက ကလိမ်ကကျစ်ကျတာ၊ ယာဂစိတ် ပြင်းထန်နေတာကို ဂုဏ်ယူနေကြတယ်။
မင်္ဂလာ တရားတော်၊ ဖြူစင်ခြင်းပါရမီတွေက လူတွေကို လမ်ပြပေးနေပေမဲ့ လူတွေက မမြင်ကြဘူး။
- ထာဝရပျော်ရွင်ရဖို့ အသက်ရှင်နေသလား၊ တခဏ ပျော်ရွင်ရဖို့ အသက်ရှင်နေသလား၊
- ဘုရားသခင်အတွက် အသက်ရှင်နေသလား၊ ကို့ယ်ကိုကိုယ် အတွက်ပဲအသက်ရှင်နေသလား၊
- ကောင်းကင်နိုင်ငံကိုသွား နေတာလား၊ ငရဲကိုသွားနေတာလား။
ဒီကနေစဉ်းစားကြပါ။
ရဟန္တာ တွေအသက်ရှင်ခဲ့တဲ့ဘဝကိုပြန်ကြည့်ပါသူတို့တွေ လောကနဲ့ ဆန့်ကျင်ပြီး ဘုရားကိုရွေးချယ်ခဲ့တယ်၊
မာနအစား၊ နှိမ့်ချခြင်း
မိုက်ရိုင်းကြမ်းတမ်းခြင်းထက်၊ နှုးညံ့သိမ်မွေ့ခြင်း
မသိကျိုးကျွန်ပြုခြင်းထက်၊ သနားကြင်နာခြင်း
ကလိမ်ကကျစ်ကျြခင်းထက် ၊ ရိုးသားဖြူစင်ခြင်းကိုရွေးချယ်ခဲ့ကြတယ်။
ရဟန္တာ တွေကျင့်ခဲ့ကြသို့ လိုက်ကျင့်ကြရမှာဖြစ်တယ် ဟု ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-angelus-all-saints-day-holiness-beatitudes.html

#allsaints, #pope, #preach, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 2 =