ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မော်ရောကို နိုင်ငံသို့ သွားရောက်လည်ပတ်မည်

Casablanca in Morocco
၂၀၁၉ မတ်လ ၃၀ နှင့် ၃၁ နေ့တွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မော်ရောကို နိုင်ငံသို့ သွားရောက်လည်ပတ်မည်
နိုဝင်ဘာလ ၁၄၊ ၂၀၁၈

ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးဌာန အကြီးအကဲ Greg Burke မှ ၂၀၁၈ နိုဝင်ဘာလ ၁၃၊ အင်္ဂါ နေ့ ထုတ်ပြန်သော သတင်း၌ ၂၀၁၉ မတ်လ ၃၀ နှင့် ၃၁ နေ့တွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မော်ရောကို နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

မောရောကို နိုင်ငံမြို့တော် ရာဘက် မြို့၏ ဂိုဏ်းချုပ်ဆရာတော် ပေးပို့သောစာတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မော်ရောကို နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း၏ အဓိကရည်ရွယ် ချက်သည် ခရစ်ယာန်နှင် အစ္စလမ်ဘာသာ တို့အကြား ဘာသာတရား နှည်းနှော်ဖလှယ်မှုပိုမိုအားကောင်းပြီး နားလည်မှုများပိုမိုတိုးတက်စေရန် ရည်ရွယ်ထားသည်။ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကြွရောက်လာခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေမည်ဟုလည်း ယုံကြည်သည်။
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သည် ကျွန်ုပ်တို့နှင့်ပိုမိုရင်းနှီးမှုရှိစေရန်နှင့် ကျွန်ုပ်တို့ကို ခွန်အားပေးရန်၊ အတူတကွ ဆုတောင်းရန် ကောင်းကြီးမင်္ဂလာများပေးသနားရန် အလိုရှိကြောင်း ဖော်ပြထားသည်။
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သည် မော်ရောကို နိုင်ငံ ဘုရင်မင်းမြတ် နှင့် နိုင်ငံတော်အကြီးအကဲများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ မော်ရောကို နိုင်ငံရှိ ခရစ်ယာန်များပိုမိုစည်းလုံးကြရန်နှင့် ယုံကြည်မှုမတူညီသော ညီကိုမောင်နှမများနှင့်လည်း စည်းလုံးစွာနေထိုင်ကြရန် ဆန္ဒရှိသည်။
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကြွရောက်လာခြင်းသည် ရောမမြို့ ဂိုဏ်းချုပ်ဆရာတော် (ပုပ် ဖရန်စစ်) နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်အသင်းတော်နှင့် မောရောကို နိုင်ငံရှိ ကက်သလစ်အသင်းတော်သည် တလုံးတဝတည်းရှိကြောင်းကိုလည်း ဖော်ပြပေးရာ ရောက်သည်။
နောက်ဆုံးအနေနှင့် ခရီးအဝေးကြီးမှ သူ၏ သားသမီးများကို လာရောက်တွေဆုံမည့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကို ကြိုဆိုတွေဆုံကြရန် နှင့် အရှင်သူမြတ်၏ ခရီးစဉ် အစစအရာရာ အဆင်ပြေချောမွေ့စေရန် နေ့စဉ်ဆုတောင်းလျှက် စောင့်ကြိုနေကြရန် ရေးသားဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-11/apostolic-journey-morocco-rabat-letter.html

#pope, #visit, #morocco,#peterkm,
Photo credits to Casablanca in Morocco  (©photonaka - stock.adobe.com)
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 1 =