ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သဝဏ်လွှာ ပေးပို့

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
အသင်းတော်သည် ဘုရားသခင်၏ သတင်းကောင်းကို ကြေငြာဟောပြောရန် လူအများကို မျှော်လင့်ချက်ပေးနိုင်သော အမျိုးသားအမျိုးသမီး သာသနာပြုများ (ပရောဖက်) များလိုအပ်
နိုဝင်ဘာလ ၁၃၊ ၂၀၁၈

စပိန်နိုင်ငံ အမျိုးသား အမျိုးသမီး ကက်သလစ် သူတော်စင်​အသင်းဂိုဏ်း​ပေါင်းစုံ နိုဝင်ဘာလ ၁၃၊ ၂၀၁၈ အင်္ဂါ နေ့ကပြုလုပ်သော
၂၅ ကြိမ်မြောက် အထွေထွေညီလာခံ သို့ တက်ရောက်လာကြသော ကိုယ်စလှယ်တော်များထံ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
အသင်းတော်သည် ဘုရားသခင်၏ သတင်းကောင်းကို ကြေငြာဟောပြောရန် လူအများကို မျှော်လင့်ချက်ပေးနိုင်သော အမျိုးသားအမျိုးသမီး သာသနာပြုများ (ပရောဖက်) များလိုအပ်ကြောင်း၊
မသေချာမှု​တွေ၊ ကိုယ်အလိုဆန္ဒတွေကိုဘေးဖယ်ထားသော သူတော်စင်​ဘဝများသည် ဂရုဏာတရားများ၊ စိတ်အားထက်သန်မှု့များနှင့် အခွင်အလမ်းများ အမြဲရှိနေမည်ဖြစ်ကြောင်း၊ အသင်းတော်ထဲတွင် ​ခေါ်​တော်​မူခြင်း​ ​လျှော့နည်းလာခြင်း၊ သာသနာပြုများ အသက်အရွယ်ကြီးရင့်လာကြခြင်း၊ ထောင်ပံမှု မလုံလောက်ခြင်း၊ နည်းပညာတိုးတက်မြင့်မားလာခြင်း၊ ထင်မှတ်မထားသော ပြောင်းလဲမှုများ၊ ဘေးဖယ်ကန့်သပ်ခံထားရမှုများ၊ လူမှု့ရေးဆီ​လျှော်မူမရှိတော့ခြင်းများအကြောင်းကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါသည်။
ဘုရားသခင်၏ ခေါ်တော်မှုခြင်းကိုလူငယ်တွေကြားနိုင်ရန် ကူညီပေးကြဖို့ လူငယ်တွေကိုသာသနာပြုရာမှာ တွေကြုံရမည့်အခက်အခဲ့းများကို ရင်ဆိုင်ရန်ခွန်အားရှိကြဖို့၊ လူငယ်များအပေါ်ပိုမိုအာရုံစိုက်ဖို့ကိုလည်း ဖော်ပြခဲ့ပါသည်။
ခရစ်ယာန်အသက်တာ၏ အခြေခံကျ​သော ခေါ်တော်မူခြင်းအသက်တာအတွက် မေးခွန်းထုတ်နိုင်သောသူများ နည်းလမ်းသစ်များဖော်ထုတ်ပေးနိုင်သည်။ ရဲရင့်​သော အမျိုးသမီးအမျိုးသား သာသနာပြုများ၊ ဘုရားကို ဆက်ကပ်ထားသူများလိုအပ်ကြောင်း ကိုလည်းဖော်ပြခဲ့ပါသည်။
ဘုရားကို ဆက်ကပ်ထားသူများသည် သန့်ရှင်းသော အသက်တာကို လျှောက်နေကြရမည်၊ သနားကရုဏာ​ရေး လုပ်ရပ်များကို ပင်ပမ်ြး​ခင်းမရှိလုပ်ဆောင်ဆိုင်သူတွေဖြစ်ရမည်။ မိမိဂုဏ်ဖော်ဖို့ရန်၊ သူရဲ​ကောင်းလုပ်ပြရန်၊ ကြွားဝါရန်မဟုတ်
ဘုရား၏ အဆုံးမဲ့ ချစ်ခြင်းမေတ္တာ နှင့် ဘုရားသခင်ကို ပြည့်ဝသော ယုံကြည်ခြင်းတို့ဖြင့်သာ ဆင်းရဲသားများကို သတိပြုမိသောစိတ်၊ နှစ်ဦးနှစ်ဖက်မျှတွေးတတ်ေ​သာစိတ်၊ ဒုက္ခရောက်နေသူများကို ကူညီပေးခြင်းတို့ပြုလုပ်ကြရန် တိုက်တွန်းထားပါသည်။
နိဂုံးချုပ်အနေနှင့် မိမိ၏ သက်တောင့်သက်သာနေထိုင်ရသော အခြေအနေမှ ရုန်း​ထွက်ပြီး သမ္မာကျမ်းစာ၏ အလင်ပြမှုဖြင့် ဒုက္ခရောက်နေသူများအကူအညီမဲ့နေသူများကို အလင်းပေးကြရန်၊ အသင်းတော်နှင့် အသင်းတော် အတွင် မှာ တည်ရှိနေကြရန် တိုက်တွန်းလိုက်ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-spain-confer-prophets-hope.html

#pope, #message, #religious, #spain, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 4 =