ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ရောမမြို့ဆေးရုံသို့ လမစေ့ဘဲ ​မွေးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများ အားထည့်သွင်းပြုစုကာကွယ်ပေးရသည့် ဆေးရုံသုံးပစ္စည်းများလှုဒါန်း

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ရောမမြို့ဆေးရုံသို့ လမစေ့ဘဲ ​မွေးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများ အားထည့်သွင်းပြုစုကာကွယ်ပေးရသည့် ဆေးရုံသုံးပစ္စည်းများလှုဒါန်း
ဒီဇင်္ဘာ ၁၉၊ ၂၀၁၈

နိုဝင်ဘာလ ၂၁၊ ၂၀၁၈ ရက်နေက Bayer ဆေး ကုမ္ပဏီမှ ရရှိသော လမစေ့ဘဲ​မွေးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများ အားထည့်သွင်းပြုစုကာကွယ်ပေးရသည့် ဆေးရုံသုံးပစ္စည်းများကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ရောမမြို့​ဆေးရုံသို့ ခရစ္စမတ် လက်ဆောင်အဖြစ် လှုဒါန်းခဲ့ပါသည်။ ယင်းတို့အထဲမှ တစ်​ခုကို အီသီယိုးပီးယာ နိုင်ငံဆေးရုံသို့ ပို့​ဆောင်ပြီး အီသီယိုးပီးယာ နိုင်ငံမှ လမစေ့ဘဲမွးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများအတွက် အသုံးပြုရန်ဖြစ်ပါသည်။

ရဟန်းမင်းကြီးရုံးတော် ဆေးဖက်ဆိုင်ရာ လူမူ့ဝန်ထမ်း ရဟန်းမင်းအမတ် ကာဒီနယ် Konrad Krajewski မှ ဗုဒ္ဓဟူးနေ့ တွင် အခမ်းအနားဖြင့်ကောင်းကြီးပေး၍ ရောမမြို့​ဆေးရုံသို့ ပေးအပ်ခဲ့ပါသည်။ ယင်းလမစေ့ဘဲ ​မွေးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများ အားထည့်သွင်းပြုစုကာကွယ်ပေးရသည့် ဆေးရုံသုံးပစ္စည်း နှစ်ခုမှ တစ်ခုကို ရောမမြို့ Fatebenefratelli ဆေးရုံ ကလေးအထူးကြပ်မတ်ဆောင်အတွက် အသုံးပြုရန်ဖြစ်ပါသည်။ ယင်းဆေးရုံတွင် နှစ်စဉ် ကလေးသူငယ် ခြောက်ရာ ခန့် အထူးကြပ်မတ်ဆောင်တွင်ကုသပေးနေရရကြောင်း နှင့် အထူးသဖြင့် လမစေဘဲ ​မွေးလာသည့် ၈၀ ရာခိုင်နုန်းသောကလေးငယ်လေးများကို ချစ်ခြင်း​မေတ္တာ၊ ဂရုစိုက်မှုများဖြင့် ပြုစုပေးနေသော ဆေးရုံဖြစ်ပါသည်။

လမစေ့ဘဲ ​မွေးဖွားလာသည့် မွေးကင်းစကလေးငယ်လေးများ အားထည့်သွင်းပြုစုကာကွယ်ပေးရသည့် ဆေးရုံသုံးပစ္စည်း အခြားတခုကို Vatican's Bambino Gesu Pediatric ဆေးရုံသို့ပေးလှုခဲ့ပြီး ယင်းဆေးရုံးမှတဆင့် CUAMM အာဖရိက အဖွဲ့အစည်းနှင့်တွဲဖက်လုပ်ကိုင်နေသော အီသီယိုးပီးယာ ဆေးရုံတစ်​ခုသို့ ခရစ္စမတ် လက်ဆောင်အဖြစ် ပို့ဆောင်ပေးလှုသွားမည်ဖြစ်ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-donates-incubators-hospitals.html

#christmasgift, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 6 =