ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ တစ်​ကမ္ဘာ လုံးအတွက် ခရစ္စမတ် ကောင်းကြီးမင်္ဂလာ

Pope Francis delivers the Christmas Urbi et Orbi blessing
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ တစ်​ကမ္ဘာ လုံးအတွက် ခရစ္စမတ် ကောင်းကြီးမင်္ဂလာ
ဒီဇင်္ဘာ ၂၅၊ ၂၀၁၈

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ တစ်​ကမ္ဘာ လုံးအတွက် ခရစ္စမတ် ကောင်းကြီးမင်္ဂလာပေးခြင်းတွင် ညီကိုမောင်နှမစိတ်ကို အဓိကထား ဟောကြားခဲ့ပါသည်။

ခရစ္စမတ်ဟာ ဘုရားသခင်သည် ကောင်းမြတ်တော်မူသော အဖ ဖြစ်ပြီး ကျွနု​ပ်တို့အားလုံးသည် ညီကိုယ်မောင်နှမ များဖြစ်ကြကြောင်းကို ကျွနု​ပ်တို့ကိုလာရောက်ပြောကြားသော သူငယ်တော်လေးရဲ့ အကြောင်းပဲဖြစ်ပါသည်။ သခင်ခရစ်တော်သာ ကျွနု​ပ်တို့အားလုံးကို ညီကိုမောင်နှမစိတ်ရင်းကျေးဇူးတော် မပေးခဲ့လျှင် အနှစ်သာရ မဲ့သောကမ္ဘာကြီးသာဖြစ်နေပြီး တရားမျှတသောကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည်မဟုတ်ပါ။ ထို့အတွက်ကြောင့် ကျွနု​ပ်၏ ခရစ္စမတ် ဆန္ဒသည် လူသားတိုင်းညီကိုယ်မောင်နှမစိတ်ထား ပြည့်ဝကြဖို့ဖြစ်ပါသည်။
 

 
ညီကိုယ်မောင်နှမစိတ်ထား

ဘာသာမတူခြင်း၊ အတွေးအခေါ်မတူခြင်း၊ ယဉ်ကျေးမှု မတူခြင်း၊ နိုင်ငံမတူခြင်း စသည် မတူကွဲပြားမှု့များကို အဓိကမထားကြဘဲ အယောက်တိုင်းစီသည် ညီကိုယ်မောင်နှမစိတ်ထား ဖြင့်ရှင်သန်ကြစေလိုကြောင်း၊ ကျွနု​ပ်တို့တွေကြုံရသော မတူကွဲပြားမှုတို့သည် ကျောက်စီ ပန်းချီဆရာ တစ်ဦး၏ လက်ထဲမှာရှိသော ​ရောင်စုံ​ကျောက်တုံးကလေးများကဲ့သို့ လှပသောပန်းချီကားတစ်​ခုဖြစ်လာဖို့ ကြွယ်ဝသော အရင်းအမြစ်များဖြစ်ကြပါသည်။ ကျွနု​ပ်တို့အားလုံး၏ မိဘဖြစ်သောဘုရားသခင်သည် ကျွနု​ပ်တို့ကိုညီကိုမောင်နှမဟူသော ခိုင်မာသော အခြေခံနှင့် ခွန်အားပေါ်တွင် ပေါင်းစည်းပေးခဲ့ပါသည်။
 

 
ရဟန်းမင်းကြီး ၏ အထူးဆုတောင်းပေးရာဒေသများ

- အီဇရာအဲ နှင့် ပါလက်စတိုင်း ဒေသတို့တွင် နှစ်ပေါင်း ၇၀ ကြာ ဒုက္ခရောက်စေခဲ့သောပြသနာများ အဆုံးသတ်​ရန်၊ ဘုရားသခင်ရွေးချယ်ခဲ့သောနေရာကို ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ပြသနိုင်ဖို့ရန် ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် ညှိနိုင်းဆွေးနွေးခြင်းများပြန်လည်ပြုလုပ်စေလိုကြောင်း

- ဆီးရီးယား ဒေသအတွက် နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပေါ်နေသော စစ်ပွဲများအပြီး ညီကိုမောင်နှမ စိတ်ဓာတ်များ ဖော်ဆောင်ကြရန် နှင့် စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူများ မိမိနေရင်းဌာနသို့ပြန် နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်စေလိုကြောင်း

- အာဖရိက ဒေသ အတွက် သန့်ရှင်းဖြူစင်ေ​သာသူငယ်တော် ငြိမ်းချမ်းရေး၏ အရှင်သခင်၏ ကျေးဇူးတော်ဖြင့် စစ်ပွဲများ ရပ်တန့်စေပြီး ငြိမ်းချမ်းရေး၏ ရောင်ခြည်ဦး အာဖရိကတိုက် တစ်ခုလုံးတွင် ထွက်ပေါ်လာစေရန်အတွက်

- ကိုရီးယားကျွန်းဆွယ်အရေးအတွက် ခိုင်မာ​တောင့်တင်းသော ညီကိုမောင်နှမ စိတ်ဓာတ်ကို ဒီနှစ်ထဲတွင်ဖြစ်ပေါ်လာရေးအတွက် ဆုတောင်းပေးကြောင်း

- ဗင်နီဇွဲးလား ဒေသအတွက် နိုင်ငံဖွံဖြိုးတိုးတက်ရေးများကို အတူတကွ ညီကိုမောင်နှမ စိတ်ဖြင့် လုပ်ဆောင်နိုင်ကြရန် အချင်းချင်းဖြေလျှော့ပြီး ပြန်လည်သင့်မြတ်ကြကာ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးအတွက် မျှော်လင့်ကြောင်း

- ယူကရိန်း ဒေသအတွက် နိုင်ငံတိုင်ရရှိရမည့်အခွင့်အရေးကို လေးစားခြင်းအားဖြင့် စိတ်သက်သာရရာခြင်း၊ ရေရှည်တည်တန့်သောငြိမ်းချမ်းရေး ကို မွေးဖွားလာသောသူငယ်တော်လေးမှ ယူဆောင်လာပေးရန် မျှော်လင့်ကြောင်း

- နီကာရာဂွာ ဒေသအတွက် နိုင်ငံ၏ အနာဂတ်ကို ပြန်လည်သင့်မြတ်ခြင်းနှင့် အတူတကွ တည်ဆောက်ခြင်းတို့ဖြင့် အချင်းချင်းကြားတွင် ညီကိုယ်မောင်နှမ စိတ်များပြန်လည်ပေါက်ဖွားလာစေရန် အတွက်ဆုတောင်းပေးခြင်း၊

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဆုတောင်းပေးခဲ့ပါသည်။
 

 
ကျန်းမာရေးအစောင့်အရှောက်မရရှိသောဒေသများ နှင့် ဒုက္ခခံစားနေကြရသူများ၊ အစားအစာ ရှားပါးမှု့ကြောင့် ဆာလောင်ငတ်မွတ်နေသူများ၊ ခေတ်သစ်ကိုလိုနီစနစ်ကြောင့် လူသားတို့၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာ များ ဆုံးရှုံးနေရသူများအတွက် လည်းထည့်သွင်းဆုတောင်းပေးခဲ့ပါသည်။
မနှစ်မြို့​သော အရပ်ဒေသတွင် ခက်ခက်ခဲခဲ ခရစ္စမတ် ပွဲကိုကျင်းပနေကြရသောသူများအတွက် လူနည်းစုအဖွဲ့အစည်းလေးများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရိုသေလေးစားကြစေရန် ဆုတောင်းပေးခဲ့ပါသည်။
 
 
ဘုရားသခင်သည် ကျွနု​ပ်တို့ကို ချစ်တော်မူသည်

နွားစားခွက်ထဲမှာရှိသောသူငယ်လေးမှ အစွန့်ပစ်ခံလူသားများ၊ အားကိုးရာမဲ့ကလေးငယ်များ၊ ကမ္ဘာပေါ်ရှိကလေးသူငယ်များအားလုံးကို ကာကွယ်စောင့်ရှောက်ရန် ဆုတောင်းပေးပါသည်၊ ဒီကမ္ဘာပေါ်တွင် ဘုရားသခင်သည်ငါတို့ကိုချစ်​တယ်။ သူရဲ့ချစ်ခြင်းမေတ္တာကြောင့် တစ်ဦးနှင့်တစ်ဦး ညီကိုမောင်နှမအဖြစ် ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ကြခြင်းကိုသတိပြုပြီး သခင်ခရစ်တော် ကယ်တင်ရှင် မွေးဖွားခြင်းကြောင့် လူသားတိုင်း နှစ်သိမ့်မှု့ ငြိမ်းချမ်းမူများခံစားကြရပါစေ ဟု ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဆုတောင်းပေးခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2018-12/pope-francis-urbi-orbi-christmas-message.html

#christmas, #blessing, #pope, #message,#peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

17 + 2 =