ယုံကြည်ခြင်း နှင့်သနားကြင်နာခြင်း၏စံပြ ပုဂ္ဂိုလ် မယ်တော်မာရီယား

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
ယုံကြည်ခြင်း နှင့်သနားကြင်နာခြင်း၏စံပြ ပုဂ္ဂိုလ် မယ်တော်မာရီယား
ဒီဇင်္ဘာ ၂၃၊ ၂၀၁၈

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ခရစ္စမတ်ကာလ၏ အနှစ်သာရ အဖြစ် မိမိကိုယ်ကို ဦးစားပေးခြင်းထက် သခင်ခရစ်တော်နှင့် ဒုက္ခရောက်နေသော ညီကိုယ်မောင်နှမများကို ဦးစားပေးကြရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်တိုက်တွန်းခဲ့ပါသည်။

မယ်တော်မာရီယား ဧလီဇဘက်ထံ သွားရောက်ကူညီခဲ့သော ကျမ်းစာကိုအခြေခံပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် မယ်တော်သခင်မအားကျေးဇူးတော်ပေး၍ အသက်ကြီးသော သူမ၏ဆွေမျိုး ဧလိဇဘက်ကို ကူညီစေခဲ့ပါသည်။ ဧလိဇဘက်မှ မယ်တော်၏ ယုံကြည်ခြင်းကို ချီးကျူးခဲ့ပါသည်။ ဇခရိယ ဧလီဇဘက်၏ အမျိုးသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို သံသယ ဖြစ်ခဲ့ခြင်းကြောင့် ယောဟန်ဘတ္တိဇံ မွေးဖွားသည့်​အချိန်ထိတိုင်အောင်စွံ့အခဲ့ရကြောင်းကို ရှင်းပြခဲ့ပါသည်။ ဘုရားသခင်၏ စီမံကိန်းကို အပြည့်အဝယုံကြည်သူတို့သည် မင်္ဂလာရှိကြ၏။

ဘုရားသခင်နှင့်ထိတွေ့ခံစားကြရခြင်းသည် ဘုရားသခင်အပေါ်အပြည့် အဝယုံကြည်ခြင်း၏ အသီးအပွင့်များဖြစ်ကြောင်း၊ ယုံကြည်ခြင်းဆိုရာ၌ ကြီးမားသောအရာများကိုပြုလုပ်နေခြင်းမျိုးမဟုတ် ဘုရားအပေါ်နေ့စဉ်ပုံအပ်အသက်ရှင်ပြီး ကရုဏာမေတ္တာကို မိမိဘဝ၌ရှင်သန်နေခြင်းကိုဆိုလိုကြောင်း၊ မယ်တော်၏ယုံကြည်ခြင်းကြောင်း ကရုဏာအလုပ်ကိုလုပ်နိုင်ခဲ့တယ်၊ ယုံကြည်ခြင်းမဲ့သူ ယုံကြည်ခြင်းမရှိသူတို့သည် ဇာခရီယ ကဲ့သို့ ဒုက္ခရောက်နေသူများကို ကာကွယ်ပြောဆိုပေးနိုင်သော စကားစွမ်းအားရှိကြမည်မဟုတ်ပေ။

သင့်၏ယုံကြည်ခြင်းသည် သင်၏ ကရုဏာမေတ္တာအားဖြင့်ပုံဖော်သည်။
မယ်တော်မာရီယား သည် သူ၏ဆွေမျိုး ဧလိဇဘက်ထံ အမြန်သွားခြင်း သည် သူမ၏ ကူညီပေးခြင်းသော စိတ်ဆန္ဒပြင်းပြမှုကို ​ဖော်ပြနေကြောင်း ယုံကြည်ခြင်းသည် လိုအပ်နေသူ၊ ဒုက္ခရောက်နေသူကို ကူညီခြင်း၌ ပိုမိုပေါ်လွင်ထင်ရှားကြောင်း ရဟန်းမင်းကြီးမှ ရှင်းပြခဲ့ပါသည်။

ငါ သည် အဓိကမဟုတ် အကူအညီလိုအပ်နေသော ညီကို​မောင်နှမများသည် သာအဓိက ဖြစ်ရမည်။ ခရစ္စမတ်ကာလ၏ အနှစ်သာရ အဖြစ် မိမိကိုယ်ကိုယ် ဦးစားပေးခြင်းထက် သခင်ခရစ်တော်နှင့် ဒုက္ခရောက်နေသော ညီကို​မောင်နှမများကို ဦးစားပေးကြရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-4th-sunday-advent-catechesis.html

#angelus, #pope, #family, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 15 =