ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ရဟန်းများအာပတ်ဖြေနားထောင်မပေးနိုင်လျှင်ခွင့်လွှတ်ခြင်းကောင်းကြီးကိုအဘယ်သို့ခံရမည်ဖြစ်ကြောင်းရဟန်းမင်းကြီး၏လမ်းညွှန်ချက်

ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ရဟန်းများအာပတ်ဖြေနားထောင်မပေးနိုင်လျှင်ခွင့်လွှတ်ခြင်းကောင်းကြီးကိုအဘယ်သို့ခံရမည်ဖြစ်ကြောင်းရဟန်းမင်းကြီး၏လမ်းညွှန်ချက်

ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ရဟန်းများအာပတ်ဖြေနားထောင်မပေးနိုင်လျှင်ခွင့်လွှတ်ခြင်းကောင်းကြီးကိုအဘယ်သို့ခံရမည်ဖြစ်ကြောင်းရဟန်းမင်းကြီး၏လမ်းညွှန်ချက်

ရဟန်းမင်းကြီးသည် တမန်တော်ခရီးကြွချီခြင်း၊ အခြားသော၀တ်ပြုခြင်းအခမ်းအနားများ၌ဦးဆောင်ရန်မရှိပါက နေ့စဉ်မစ္ဆားတရားကို၄င်းသီတင်းသုံးသောဆန်တာမားရ်တာ (Santa Marta) ဟုခေါ်သောရိပ်သာ၌သာနေ့စဉ်မစားပူဇော် လေ့ရှိသည်။ လက်ရှိဖြစ်ပွားနေသောကူးစက်ရောဂါမဖြစ်ပွားမီအချိန်ထိရဟန်းမင်းကြီးနေ့စဉ်ပူဇော်သောမစ္ဆားတရားအတွင်း၌ထိုရိပ်သာတွင်သီတင်းသုံးနေသောကာဒီနယ်များ၊ ဆရာတော်များ၊ ရဟန်းတော်များအပြင် အဆိုပါမစ္ဆားပူဇော် ခြင်း၌ပါ၀င်လိုကြောင်းလျှောက်လွှာတင်ထားသောပြည်တွင်းမှသော်လည်းကောင်း၊ နိုင်ငံတကာမှဘုရားဖူးများလည်းပါ ၀င်ပူဇော်နိုင်သည်။
ရဟန်းမင်းကြီးသည်ယမန်နေ့နံနက်မစ္ဆားတရားပူဇော်ခြင်း၌ ဘုရားသခင်သည်သူ၏လူမျိုးတော်ကိုသူ့ထံသို့ပြန်လာရန်ခေါ်ဖိတ်နေသည့်အကြောင်းကိုထောက်ရှုဝေမျှခဲ့သည်။
၀ါတွင်းကာလ၌ဘုရားသခင်၏နူးညံ့သိမ်မွေ့ခြင်းကို ထူးခြားစွာထိတွေ့ခံစားရသည်။ ၀ါတွင်းကာလ၌ ဘုရားသခင်၏ လူမျိုးတော်သည်မိမိတို့၏ကျင့်စဉ်များကိုပြန်လည်ဆင်ခြင်ပြီး၊ ဘုရားသခင်ထံပြန်လှည့်ပြန်ရမည်ကိုအသိ၀င်ရမည့်အချိန်ကာလဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်မိမိလူမျိုး ၏ အပြစ်အနာအဆာများကိုကုသပျောက် ကင်းပေးနိုင်၊ အဘယ်မျှညစ်ပတ်ပေရေနေစေကာမူမိုးပွင့်ကဲ့သို့ ဖြူစင်အောင်ဆေးကြောပေးနိုင်စွမ်းရှိသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့အားလူသစ်၊ စိတ်သစ်ဖြစ်လာအောင်ပြောင်းလဲ ပေးစွမ်းနိုင်သည်။ သို့သော်ကျွန်ုပ်တို့ဖက်မှစုံလင်ကြေကွဲသောစိတ်ဖြင့်ဘုရားသခင်ထံပြန်လာလိုသောစိတ်ကိုဦးစွာမွေးရ မည်။ ကျွန်ုပ်တို့အစပြုလိုက်သောခြေလှမ်းသည်ဘုရားသခင်ထံသို့သာလှည့်ပြန်ခြင်းမဟုတ်။ အိမ်တော်သို့သက်သက် ပြန်ခြင်းဖြစ်သည်။

ပါးစကာပွဲတော်ကြီးကိုပြင်ဆင်ရန်အတွက်ဘာသာတူများသည်၀ါတွင်းကာလ၌စုံလင်သောနောင်တဖြင့်ဘုရား သခင်၏ခေါ်ဖိတ်ခြင်းကိုခံယူကာပြန်လာလိုကြသော်လည်း ၄င်းတို့၏နောင်တဖြင့်တောင်းလျှောက်သံကိုနားညောင်းပေး ရန်ဘုရား၏ကိုယ်စားလှယ်များဖြစ်သော ရဟန်းများသည်အာပတ်ထိုင်ဖြေပေးရန်အသင့်ရှိမနေနိုင်သောကြောင့် အာပတ်ဖြေလျှောက်လိုသော်လည်းရဟန်းများရှိမနေ၊ ရဟန်းများကိုမတွေ့လျှင်ဘုရားသခင်နှင့်စကားပြောလိုက်ပါ။ ဘုရား သခင်သည်သင့်အဖဖြစ်သည်။ သင့်၏ဖြစ်ကြောင်းကုန်စင်ကိုမထိန်မချန်ဘဲ၊ အမှန်အတိုင်း “ကိုယ်တော်၊ တပည့်တော်ဒါ ဒါတွေလုပ်ခဲ့တယ်။ တပည့်တော်ကိုခွင့်လွှတ်ပေးတော်မူပါ ” ဟုဖွင့်ချတောင်းပန်၍ ဘုရားသခင်၏ သနားခွင့်လွှတ်ခြင်းကို စုံလင်သောနာကြင်ခြင်းဖြင့်သင့်၏စိတ်နှလုံးအတွင်းမှလိုလိုချင်ချင်၊ တောင့်တောင့်တတဖြင့်တောင်းခံရန်၊ ခွင့်လွှတ်ခြင်း ကိုတောင်းခံပြီးနောက်လည်း နောက်နောင်အပြစ်ဖြေဆိုရန်အခြေအနေအခွင့်အခါသာသည့်အခါ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သောအပြစ်များကိုရဟန်းတော်အားပြန်လည်တင်လျှောက်၍အပြစ်ခွင့်လွှတ်ခြင်းကောင်းကြီးကိုခံယူပါမည်ဟုကတိပြုရန်၊ ဤနည်းအားဖြင့်လည်းဘုရားသခင်၏ ကောင်းကြီးတော်အခြေအနေသို့ချက်ချင်း ပြန်လည်ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ကူးစက်ရောဂါ ကပ်ဘေးဆိုးနှင့်ကြုံနေရစဉ်တွင်ရဟန်းများအာပတ်ထိုင်ဖြေမပေးနိုင်သော်လည်း ဘာသာတူများဘုရားသခင်နှင့်မည်သည့်နည်းလမ်းမျိုးဖြင့်ပြန်လည်နီးစပ်နိုင်သည်၊ ဘုရားသခင်၏သနားခွင့်လွှတ်ခြင်း ကောင်းကြီးကိုအဘယ်သို့ပြန်လည်ရရှိနိုင်သည်ကိုရဟန်းမင်းကြီးကထောက်ရူပြီး၊ ရှင်းလင်းတိကျသောဘုရားစကားကို သင်ကြားပေးသွားခဲ့ပါသည်။ မစ္ဆားတရားအတွင်းဩ၀ါဒကိုကောင်းမွန်ထိရောက်စွာပြင်ဆင်ဟောကြားခြင်းသည်လည်း ဘုရားစကားသင်ကြားခြင်းပင်ဖြစ်သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2vBmhho

 

Add new comment

4 + 3 =