မေတ္တာတရားသည် ဘုရားရှင်၏ နုတ်တော်ထွက်စကားဖြစ်သည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် စန်တာမာတာတွင် ပူဇော်ခဲ့သော မေစ္ဆားတရား

မေတ္တာတရားသည် ဘုရားရှင်၏ နုတ်တော်ထွက်စကားဖြစ်သည်
စက်တင်ဘာလ ၁၇၊ ၂၀၁၉

လူတွေရဲ့စကားတွေဟာ အခြေအနေအချိန်အခါ ပေါ်မှာ လိုက်ပြီးပြောင်းလဲနေတဲ့အချိန်မှာ ဘုရားရှင်အတွက်တော့ မေတ္တာတရားသည်သာ သူ၏ နုတ်တော်ထွက်စကားဖြစ်သည်ဟု အင်္ဂါနေ့ က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် စန်တာမာတာတွင် ပူဇော်ခဲ့သော မေစ္ဆားတရားတွင် နာအိမ်မြို့က မုဆိုးမသားကို ရှင်ပြန်စေခဲ့သည် သခင်ခရစ်တော်၏ ကရုဏာမေတ္တာကို အခြေခံပြီး ဝေမျှဟေားကြားခဲ့ပါသည်။

လူတွေဟာ အခြေအနေအချိန်အခါ ပေါ်မှာ လိုက်ပြီးပြောင်းလဲနေတဲ့အချိန်မှာ သင်တို့အနေနဲ့ မေတ္တာတရားအပေါ်မှာသာ အခြေခံပြီး ပြုမူဆက်ဆံကြဖို့ တိုက်တွန်းလိုတယ်၊ ကရုဏာ တရားနဲ့ကြည့်မြင်ခဲ့တဲ့သခင်ခရစ်တော်က မုဆိုးမရဲ့ ဒုက္ခဝေဒနာကို သိမြင်ခဲ့သလို၊ သင်တို့ရင်ထဲမှာရှိတဲ့ ကရုဏာတရားနဲ့ လောကကို မြင်အောင်ကြည့်ကြရမယ်၊ ကရုဏာ တရားသာ တို့ကို စစ်မှန်တဲ့အရာတွေကိုမြင်တွေ့စေမှာဖြစ်တယ်။

ဘုရားရှင်က သူရဲ့ကရုဏာ မေတ္တာ ကြီးမားမူ့ကြောင့် မိုးဇယ်ကို စေလွတ်ပြီး အီဇရာအဲလ် လူမျိုးတွေကိုကယ်တင်စေခဲ့တယ်၊ ဒါကြောင့် ဘုရားရှင်သည် ကရုဏာရှင်ဖြစ်တော်မူ၏ လို့ အီဇရာအဲလ်လူမျိုး တွေကြားမှာကြွေးကြော်ခဲ့ကြခြင်းဖြစ်တယ်။ တပါးသူတွေရဲ့ဒုက္ခထဲမှာ ပါဝင်ရတဲ့အခါ၊ ဒုက္ခရောက်သူတွေကို ကူညီကယ်တင်ပေးရတဲ့အခါမှာ ဘုရားရှင်သင်တို့ကို ပေးထားတဲ့ ကရုဏာ တရားကို အခြေခံပြီး မိုးဇယ်ကဲ့သို့ လုပ်ဆောင်ကြဖို့လိုအပ်တယ်။

သခင်ခရစ်တော်နောက်ကိုလိုက်ပြီး တရားနာနေခဲ့ကြတဲ့သူတွေကို စားစရာမရှိလို့၊ အချိန်လဲနှောင်းနေပြီးဖြစ်လို တပည်တော်ကြီးတွေက လူတွေကို မိမိနေရပ်ကို ပြန်ကြဖို့ ပြောပေးရန် သခင်ခရစ်တော်ကို တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ ဆာလောင်နေသော လူငါးထောင်ကို စားစရာပေးဖို့ သခင်ခရစ်တော်ပြောခဲ့တယ်၊ တပည့်တော်ကြီးတွေက သူတို့အပင်ပန်းမခံချင်ဘူး၊ အလုပ်ရုပ်မခံချင်ဘူး ဒါကြောင့် အလွယ် နည်းနဲ့ အိမ်ပြန်ကြဖို့ကိုသာ တိုက်တွန်းခဲ့တယ်၊ သို့သော် သခင်ခရစ်တော်က ကရုဏာမေတ္တာတရားကို လက်တွေပြခဲ့တယ်၊ မုန်ငါးလုံး ငါးနှစ်ကောင် နဲ့သခင်ခရစ်တော်ကကျွေးမွေးခဲ့တယ်၊ ဒီနေရာမှာ တပါးသူရဲ့ဝေဒနာကိုယ် ကိုယ့်ဒုက္ခလို့ မခံယူတပ်သေတဲ့ တပည့်တော်ကြီးတွေကို သင်ပြပေးလိုက်ခြင်းဖြစ်တယ်။

တပါးသူကို ကရုဏာမေတ္တာမပြနို်င်ခြင်းဟာ မိမိ နှလုံးသားတံခါးပိတ်ထားကြောင်း၊ ဘုရားကျေးဇူးတော်ကို တပါးသူကိူ မဝေမျှချင်သော အတ္တကြီးမားသော စိတ်နေစိတ်ထားကိုပြခြင်း၊ ခေါင်းရှောင်လိုခြင်း ဖြစ်တယ်၊ အဲ့ဒီလူအပြုအမူမျိုးသင့်မှာရှိနေရင် သင့်စိတ်ကိုစမ်းစစ်ဖို့လိုနေပြီ။

သခင်ခရစ်တော်က မငိုနဲ့ ဆိုပြိး မုဆိုးမကို ပြောတယ် ပြီးတော့ သူသားကို ရှင်ပြန်စေပြီး သူမကို ပြန်လည်ပေးအပ်ခဲ့တယ်၊ ဒီနေရာမှာ မုဆိုးမရဲ့ ရပိုင်ခွင့်ဖြစ်တဲ့တရာမျှတမူ့ကို သခင်ခရစ်တော်က ပြန်ပေးခဲ့ခြင်းဖြစ်တယ်။ သူမမှာ ဒီသားကိုပဲ အားကိုးနေရတယ် ဒီသားကသေသွားတော့ သူမဘဝရဲ့ ရှေ့ဆက်ရမဲ့ဘဝက တရားမျှတမူ မရှိတော့ သလိုဖြစ်လာတယ်၊ ဒီနေရာမှာ သခင်ခရစ်တော်ရဲ့ ကရုဏာတရားက ဒုက္ခရောက်သူကို တရာမျှတမူပြန်ပေးပြီး သူရဲ့ဘဝကိုပျော်ရွှင်စေရုံသာမက ဘဝလုံခြုံရေးအတွက်ပါ စီစဉ်ပေးခြင်းဖြစ်တယ်။

ဘုရားပေးထားတဲ့ ကရုဏာတရားကို အသုံးပြုပြီး ဒုက္ခရောက်သူတွေရဲ့ဘဝကို မြှင်တင်ပေးကြဖို့ တို့မှာတာဝန်ရှိတယ် ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟေားကြားခဲ့ပါသည်။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2mkwCJJ

 

Add new comment

10 + 5 =