မူဝါဒတွေရဲ့အဓိကနေရာမှာ လူ့အခွင်အရေးကိုထားဖို့ ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
မူဝါဒတွေရဲ့အဓိကနေရာမှာ လူ့အခွင်အရေးကိုထားဖို့ ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း
ဒီဇင်​ဘာ ၁၀၊ ၂၀၁၈

ကုလသမ္မဂ လူ့အခွင့်အရေး စာတမ်းကြေငြာခြင်းနှစ် ၇၀ ပြည့်အခန်းအနားသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

 
ရဟန်းမင်းအမတ် ကာဒီနယ် Peter Turkson ဖတ်ကြားသော ရဟန်းမင်းကြီးသဝဏ်လွှာတွင် တန်းတူညီမျှသော လူ့အခွင့်အရေးကို အသိအမှတ်ပြုရန် နိုင်ငံတိုင်း၏ မိသားစုများမှ အလိုရှိကြောင်း၊ ဝိညာဉ်နှင့် ခန္ဓာခွဲခြားမရသလို လူတို့၏ ဘဝထဲတွင်အမြစ်တွယ်နေသော အပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်မှီခိုမှု၊ ခွဲခြားလို့မရသော၊ အများနှင့်သက်ဆိုင်သော လူ့အခွင့်အရေးများအကြောင်း၊ ခေတ်နှင့်လျှော်ညီသော အခွင့်အရေးများ၊ လူ့အဖွဲ့အစည်းတွင် ခုခံကာကွယ်မှုမဲ့သောသူများကို ကာကွယ်ပေးခြင်း ကို အထူးသတိပြုဆောင်ရွက်စေလိုကြောင်း၊ ဆန့်ကျင်ဖက်အရာတွေများစွာရှိနေသောအခြေအနေတွင် ကုလသမ္မဂက လူ့အခွင့်အရေး စာတမ်း​ကို အသိအမှတ်ပြုခြင်း၊ လေးစားမှုရှိခြင်း၊ ကာကွယ်ပေးခြင်း၊ မည့်သည့်အခြေအနေတွင်မဆို တိုးတက်အောင်လုပ်ဆောင်ပေးခြင်း စသည့်အခြေအနေများကို လေ့လာနေရမည်ဖြစ်ကြောင်း၊
ယနေ့ခေတ်ကြီးတွင် စီးပွားရေးအမြတ်ထုတ်မှု့၊ လူသားအချ​င်းချင်းအပေါ် အမြတ်ထုတ်မှု့စသည့်မတရားမှု့များကို တွေဝေမှု့မရှိဘဲ တွန်းလှန်တိုက်ဖျက်ကြဖို့၊ လူအခွင့်အရေးအပြည့်အဝရရှိနေသောသးများအနေနှင့် လူအခွင့်အရေး ချိုးဖောက်ခံရသူများ၊ မေ့လျှော့ခံရသူများ၊ မတရားညှင်းပန်မှု့ခံနေရသူများ၏ ဘဝများကို မြင်အောင်ကြည့်ကြစေလိုကြောင်း၊ လူမျိုးရေး ဘာသာရေး ချိုးနှိမ်ကန့်သတ်​ခံရမှု့များ၊ စစ်ပွဲများကြောင့်ဒုက္ခသည်ဘဝရောက်ကြရသူများ၊ လူကူန်ကူခံရသူများ၏ ဘဝအခြေအနေများကို လုံးဝသည်းခံမှု့မရှိဘဲ လူအခွငံအရေးများပြန်လည်ရရှိအောင်​ဖော်ထုတ်ကြဖို့၊
တရားမျှတမှု့၊ လူဂုဏ်သိက္ခာ၊ တလုံးတဝတည်းရှိမှုများကို ဖော်ထုတ်ကြဖို့ တိုက်တွန်းနိုးဆော်ထားပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-message-human-rights-day-international-conference.html

#pope, #humanrights, #dignity, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 6 =