မုဆိုးမအလှူကဲ့သို့ ရက်ရောစွာပေးလှုခြင်းအားဖြင့် ခရစ်ယာန်အသက်တာကို အဓိပ္ပါယ် ဖော်ဆောင်ကြပါ

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း
မုဆိုးမအလှူကဲ့သို့ ရက်ရောစွာပေးလှုခြင်းအားဖြင့် ခရစ်ယာန်အသက်တာကို အဓိပ္ပါယ် ဖော်ဆောင်ကြပါ
နိုဝင်ဘာ ၁၁၊ ၂၀၁၈
အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ သမ္မကျမ်းစာ ကိုအခြေခံပြီး မုဆိုးမအလှူကဲ့သို့ ရက်ရောစွာပေးလှုခြင်းအားဖြင့် ခရစ်ယာန်အသက်တာကို အဓိပ္ပါယ် ဖော်ဆောင်ကြရန် အရှင်သူမြတ်မှ တိုက်တွန်းခဲ့ပါသည်။
ကိုယ့်ကိုကို အရေးပါတဲ့သူ၊ ချမ်းသာတဲ့သူ၊ တပါးသူကိုလွမ်းမိုးနိုင်သူများ ကတစ်ဖွဲ့၊
အထင်ကြီးမခံရသူများ၊ ဆင်းရဲသားများနှင့် အားနည်းသောသူများကတစ်ဖွဲ့ ဆိုပြီး ယနေ့ကျမ်းစာမှာ အုပ်စုနှစ်ခုကိုတွေ့ရတယ်။ ပထမအုပ်စုက ဒုတိယအုပ်စုကို အထင်အမြင်သေးကြတယ်၊
ဘာသာရေးအလုပ်တွေ အပေါ်ယံလုပ်ပြီး ဆင်းရဲသားတွေကို ချိုးနှိမ်၍ အထင်အမြင်သေးတာ ကို သခင်ခရစ်တော်ဆန့်ကျင်ကြောင်း ဖော်ပြရန် သူ၏ နောက်လိုက်တပည့်များကို မိမိတစ်ရက်တာ အသက်ရှင်ရန်အတွက်စားသောက်စရာကို မိမိအတွက်မသုံးဘဲ ရက်ရောသောစိတ်နှင့်လှူသာ မုဆိုးမအလှူထည့်ပုံ နှင့် အပိုအလျှံထဲမှ လူအထင်ကြီးအောင် လှူဒါန်းသော သူဌေးများ၏ လှူဒါန်းပုံနှစ်ခုကို ဥပမာပေးကာ ရှင်းပြခဲ့ပါသည်။
ဘုရားသခင်သည် သင်မည်မျှလှူဒါန်းသည်ထက် သင့်လှူဒါန်းမှုတွင် သင်ရဲ့အနစ်နာခံ ပေးဆပ်မှု၊ ရက်ရောမှု မည်မျှပါကြောင်းကို အဓိကလိုချင်သည်။ မိမိအလှူသည် လူ အထင်ကြီးရန်မဟုတ်။ ဘုရားနှစ်သက်ရန်သာလိုအပ်ကြောင်း သူ၏နောက်လိုက်တပည်များကို သွန်သင်သလို ကျွန်ုပ်တို့ကိုလည်းသွန်သင်ဆုံးမနေသည်။
သမ္မာကျမ်းစာမာ ဖော်ပြသော မုဆိုးမ၏ အမည်ကို ကျွန်ုပ်တို့ မသိဘူး။ ဒါပေမဲ့သူ့ရဲ နှလုံးသားကို ကျွနုပ်တိုသိကြတယ်၊ သင်နာမည်သည် အရေးမကြီးပါ။ သူရဲ့ဖြူစင်ရက်ရောပေးဆပ်သော နှလုံးသားကသာ အဓိက အရေးကြီးပါသည်၊ လူအထင်ကြီးခံချင်သော စိတ်၊ ကြွားဝါလိုသောစိတ်၊ ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို လူအများအထင်ကြီးခံရရန် ရှာဖွေလိုစိတ်၊ ဘာသာရေးကို ခုတုံးလုပ် နာမည်ကြီးခြင်းကို ရှာဖွေတတ်သော စိတ်များကို ပြင်ဆင်ရပါမည်။
အမိမယ်တော်မာရီယားက ဆင်းရဲသော အမျိုးသမီး တစ်ယောက်ပါ။ သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်းလေး ကို ဘုရားသခင်အား ပေးဆပ်တာမဟုတ်။ သူမဘဝတခုလုံးကို ဘုရားကိုပေးဆပ်ခဲ့သည်။ သူမဘဝတခုလုံးကို သူမအတွက်မစဉ်းစားဘဲ အရာရာအားလုံးဘုရားအတွက်ဆိုသောရက်ရောသော စိတ်နဲ့ပေးဆပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မယ်တော်၏ ရက်ရောသောစိတ်၊ မုဆိုးမ၏ ရက်ရော နှိမ့်ချသော အလှူစိတ်များဖြင့် လှူဒါန်းကြစေလိုကြောင်း ဟောပြောသွန်သင်ဆုံးမခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-angelus-poor-widow-11-november.html

#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 16 =