မိုဇမ်ဘစ်နိုင်ငံသားတို့၏ ငြိမ်းချမ်းရေ ဖော်ဆောင်မူ့အပေါ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ချီးကျူးခြင်း

မိုဇမ်ဘစ် နိုင်ငံခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်တော်များ နှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေဆုံခြင်း

မိုဇမ်ဘစ်နိုင်ငံသားတို့၏ ငြိမ်းချမ်းရေ ဖော်ဆောင်မူ့အပေါ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ချီးကျူးခြင်း
စက်တင်ဘာလ ၅၊ ၂၀၁၉

မိုဇမ်ဘစ် နိုင်ငံခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်တော်များ နှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေဆုံခြင်းတွင် မိုဇမ်ဘစ်နိုင်ငံသားတို့၏ ငြိမ်းချမ်းရေ ဖော်ဆောင်မူ့အပေါ် ချီးကျူးခဲ့ပြီး တွေဆုံးဆွေးနွေးခြင်း ယဉ်ကျေးမူ့ဖလှယ်ခြင်းများ လုပ်ဆောင်ကြဖို့ အားပေးခဲ့ပါသည်။
သဘာဝအလှတရားများ၊ များပြားလှသည့် ရိုးရာယဉ်ကျေးမှု တွေဟာ သင်တို့နိုင်ငံအတွက် ဘုရားရဲ့ကျေးဇူးတော်တွေပါ။ ပြီးခဲ့သော ဧပြီလက မုန်းတိုင်း အီဒိုင်းအီ နှင့် ကဲနက် တိုက်ခိုက်ခံရမူ့ကြောင့် ဒုက္ခရောက်ကြရသူ အယောက်တိုင်းစီ စီကိုယ်တော့ကျွနု်ပ်မသွားနိုင်ပါဘူး သို့သော် သင်တို့ရဲ့ဒုက္ခအခက်အခဲးတွေနဲ့အတူကျွနုပ်ရှိနေပါတယ် မမေ့လျှော့ပါဘူး သာသနာတော်အနေနဲ့လဲ အလိုအပ်ဆုံးသူတွေကို ကူညီပေးနေပါတယ်။

သင်တို့နိုင်ငံ တွေကြုံခံစားနေရသော ဒုက္ခအခက်အခဲးတွေ၊ စိန်ခေါ်မူ့တွေကို ငြိမ်းချမ်းရေးဖော်ဆောင်သော နည်းလမ်းများ ဖြစ်သည့် ပြန်လည်သင့်မြတ်ခြင်း ညှီနိုင်းဆွေးနွေး ခြင်းများဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ သင်တို့တွေကြုံခဲ့ရတဲ့ ၁၇ နှနှစ်ကြာ စစ်ပွဲရဲ့ ရလဒ်တွေက ဝမ်းနည်းခြင်း၊ ပူဆွေးသောကရောက်ရခြင်း နှင့် ဒုက္ခအခက်အခဲးတွေကို သင်တို သိရှိခံစားခဲ့ရပြီးပါပြီ၊ သင်တို့ရဲ့ နှလုံးသားထည်းမှာ အမုန်းတရား၊ တွေ မကောင်းတဲ့စိတ်တွေ မစိုးမိုးပါစေနဲ့တော့၊ ရေရှည်တည်တန်နုုိင်သော ငြိမ်းချမ်းရေးကို သင်တို့ရဲ့လမ်းစဉ်အဖြစ် မဆုတ်မနစ်ကြိုးစား သွာကြပါ။
ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မူ့ တွေမှာ မည်သူမျှနောက်ချန်ထားရစ်ခြင်းမခံရအောင် လုပ်ဆောင်ကြပါ၊ အထူးသဖြင့်လူငယ်များရဲ့ဘဝတွေကို မြှင့်တင်ပေးကြပါ။ လူငယ်တွေဟာ မနက်ဖြန်ဆိုတဲ့အနာဂတ်အတွက် သက်သက်မဟုတ် ဒီနေ့ ဖြစ်တဲ့လက်ရှိအချိန်လည်ဖြစ်တယ်။ မိုဇမ်ဘစ် နိုင်ငံ၏ ၄၅ ရာခိုင်နုန်း မှာအသက် ၁၅ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြပါသည်။
လူအများကောင်းကျိုးအတွက် စိတ်စေတနာအပြည်အဝဖြင့် နိုင်ငံဖွံဖြိုး တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ အမြင်ကျဉ်းမြောင်းခြင်း၊ မှားယွင်းသော အတွေးအခေါ်များကိုကျော်လွှာပြီး အားလုံးမျှော်မှန်းသော ဖွံဖြိုးတိုတက် ငြိမ်းချမ်းသော နိုင်ငံကို တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါ်။

သင်တို့မှာ ဘုရားကျေးဇူးတော် ကိုကာကွယ်ဖို့ တာဝန်ဝတ္တရား ရှိတယ်၊ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်း၊ မိမိနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခြင်းဟာ အသက်တွေကိုကာကွယ်စောင့်လျှောက်ခြင်းပါပဲ။ ညီကိုမောင်နှမ စိတ်ဓာတ်နဲ့ ဒါတို့နိုင်ငံ ငြိမ်းချမ်းသာယာသောနိုင်ငံ ကို တည်ဆောက်ကြပါ။
By Peter Kyi Maung
Credit to Vatican News
https://bit.ly/2lYhd1q

 

Add new comment

1 + 2 =