မိမိကိုယ်ကိုယုံကြည်အားကိုးခြင်းထက် ဘုရားသခင်၌ ခိုလုံးကိုစားခြင်းသည် သာ၍ကြီးမြတ်တော်မူ၏

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ကာစာ စန်တာမာတာ Casa Santa Marta တွင် ဟောကြားခဲ့သော မေစ္ဆားတရားတော်

မိမိကိုယ်ကိုယုံကြည်အားကိုးခြင်းထက် ဘုရားသခင်၌ ခိုလုံးကိုစားခြင်းသည် သာ၍ကြီးမြတ်တော်မူ၏
ဒီဇင်ဘာလ ၃၊ ၂၀၁၉

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ကာစာ စန်တာမာတာ Casa Santa Marta တွင် ဟောကြားခဲ့သော မေစ္ဆားတရားတော်မြတ်တွင် သေးငယ်သောအရာလေးများမှ အခြေတည်ကာ ကြီးမားသောအရာဖြစ်လာဖို့အတွက် မာနတရားများ၊ လောကဂုဏ်ပကာသနများ ကို သေးငယ်စေမှသာလျှင် ဘုရားသခင်၏နိုင်ငံတို့သည် သင့်အထဲမှပေါ်လာနိုင်မည်ဖြစ်ကြောင်းကိုဟောကြားခဲ့ပါသည်။

သခင်ခရစ်တော်မှ သူ၏ကြီးမြတ်မှုကို ပညာကြွယ်ဝသူတို့အားဖော်ပြခြင်းထက်၊ သိမ်ငယ်သူတို့အားဖော်ပြခြင်းအပေါ် အဖခမည်းတော်ဘုရားအားဝမ်‌‌ မြောက်ဝမ်းသာစွာကျေးဇူးတင် ခဲ့ပါသည်။

သခင်ခရစ်တော်သည်ဤလောကသို့ သိမ်းငယ်သူအဖြစ်မွေးဖွားလာခဲ့ခြင်းကို ထောက်ရှုဆင်ခြင်ပြီး သခင်ခရစ်တော်၏လမ်းစဉ်ကိုလိုက်လျှောက်ခြင်းမရှိသောသူတို့သည်ပြိုလဲသွားကျလိမ့်မည်။
အတိတ်သမိုင်းကာလတွင်ခရစ်ယာန်တို့သည် ကြီးမားသောအောင်မြင်မှုများကိုရှာဖွေခဲ့ကြသည် သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သေးငယ်သောအရာလေးမှဖြစ်ပေါ်လာခဲ့သည်ကို သတိရှိကြရမည်၊ သေးငယ်သောအသက်တာ၊ သေးငယ်သောမျိုးစေ့၊ထိုအရာလေးများသည် မိမိ၏လုပ်နိုင်စွမ်းကိုမူတည်မှုမရှိဘဲ တခြားသူ၏ကြီးမားသောခွန်အားဖြင့်သာ ကြီးထွားလာရသည့်ကို ထောက်ရှုဆင်ခြင်ကြရမည်၊ ကျွန်ုပ်တို့၏ဘဝအသက်တာတွင်လည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ကျေးဇူးတော်ဖြင့်သာလျှင် ဘုရားသခင်၏နိုင်ငံတော်သည် ကျွန်ုပ်တို့အထဲမှမျိုး‌‌စေ့အပင်ပေါက်လာသကဲ့သို့ ဘုရားရှင်၏အကူအညီဖြင့်သာ ထွက်ပေါ်လာရမည်ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် မာနကြီးသူတို့၏နှလုံးသားအတွင်းသို့ မဝင်ရောက်နိုင်၊ သေးငယ်နှိမ့်ချသူတို့၏နှလုံးသားများထံသို့သာ ဝင်ရောက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ ဘာသာတရားယုံကြည်မှုသည်လည်း မိမိကိုယ်ကိုချီးမြောက်အောင်ဂုဏ်ဖော်နိုင်ရအောင် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ၊ သေးငယ်နှိမ့်ချသောအစေခံအဖြစ်သာ ကြိုးပမ်းလုပ်ဆောင်ကြရမည်၊ ပုပ်ရဟန်းမင်းကြီးဖြစ်စေ၊ ဆရာတော်ကြီးများဖြစ်စေ၊ဘုန်းတော်ကြီးများဖြစ်စေ သေးငယ်နှိမ့်ချသူမဖြစ်နိုင်ပါက စစ်မှန်သောသိုးထိန်းကောင်းမဖြစ်နိုင်ပါ။
သိမ်းငယ်နှိမ့်ချခြင်းသည်၊ ကြောက်ရွံ့စေသောသိမ်ငယ်စေသော စိတ်ကိုဖြစ်ပေါ်စေခြင်းမျိုးမဟုတ်ဘဲ၊ သိမ်ငယ်စိတ်သည်ကြီးမားသောအရာများကိုပြုလုပ်ရန် ခွန်အားပေးသောအရာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်သိမ်ငယ်နှိမ့်ချသူအတွက်မိမိ၌ဆုံးရှုံးစရာမရှိပေ၊ ထိုသေးငယ်နှိမ့်ချသူသည် ၊သူ၏အစွမ်းအစ၌မဟုတ်၊ ဘုရားသခင်၏ကြီးမြတ်မှု၌သာ မိမိ၏အလိုဆန္ဒကိုကျော်လွှားပြီး ဘုရားသခင်ကြောင့်သာကြီးမြတ်မှုကိုဖြစ်ပေါ်စေသည်ဟုသိမှတ်ဝန်ခံသောသူဖြစ်သည် ဟု ရဟန်းမင်းကြီးမှ ဟောကြားခဲ့ပါသည်။
https://bit.ly/2P8Vu1T
#rvamyanmarservice

Add new comment

1 + 5 =