မာသာ ၏ လက် မေရီ ၏ နှလုံးသား အစေခံခြင်း နှင့် နားထောင်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အပတ်စဉ် တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း

မာသာ ၏ လက် မေရီ ၏ နှလုံးသား အစေခံခြင်း နှင့် နားထောင်ခြင်း
ဇူလိုင်လ ၂၁၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အပတ်စဉ် တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် မာသာ နှင့် မေရီတို့အိမ်သို့ သခင်ခရစ်တော် သွားရောက်လည်ပတ်ခြင်းကျမ်းစာကို အခြေခံပြီး အလုပ်လုပ်ခြင်း နှင့်ဆုတောင်းခြင်း၊ နွေးထွေးစွာကြိုဆိုတပ်ခြင်း အကြောင်းများကို ဝေမျှဟောကြားခဲ့ပါသည်။

မေရီ က သခင်ခရစ်တော်ခြေရင်းမှာ ထိုင်ပြီး သခင်ခရစ်တော်ရဲ့ပြောစကားကို နားထောင်နေခဲ့တယ် ဒါဟာအရေးကြီးတဲ့အချက်ဖြစ်တယ် ဘာလို့လည်းဆိုတော့ ဘုရားသခင်ရဲ့ နုှတ်ကပတ်တော်ဟာ တို့ဘဝအတွက် ကြောက်ရွံ့နေတာတွေကို တည်ငြိမ်အေးချမ်းစေတယ်၊ ယုံမှားသံသယ မသေခြာမူ့ှတွေအတွက် အမှန်တရားဖြင့်လမ်းပြပေးတယ်၊ ဘဝမှာ မရှင်းလင်းတဲ့အရာတွေကိုရှင်းလင်းစွာ လမ်းပြပေးတဲ့အရာဖြစ်လို့ တို့တတွေ နားထောင်ကြရမယ်။ ဘုရားသခင်ကိုနားထောင်နိုင်ဖို့ တို့ဘဝထဲမှာ နှလုံးသားထဲမှာ ဘုရားအတွက် နေရာတစ်ခုပြင်ပေးထားရမယ်။

ပြီးတော့ ဘုရားရဲ့စကားကို နာထောင်ခြင်းအားဖြင့် လောကကပေးလာတဲ့ အရာတွေအခြေအနေတွေကို ကောင်းမွန်စွာ ရင်ဆိုင်နေထိုင်နိုင်မှာဖြစ်တယ်။

လူတစ်ယောက် ဧည့်သည်တစ်ယောက်ကို ကြိုဆိုဧည့်ခံတဲ့နေရာမှာ စိုးရိမ်စိတ်တွေ ဝန်ထုတ်ဝန်ပိုး တွေမဖြစ်ရဘူး၊ တကယ်လိုအပ်သူကို ညီကိုယ်မောင်နှမစိတ်နဲ့ လိုအပ်သူကို ကူညီကြိုဆိုရမယ်။ ဒီနေ့ကျမ်းစာမှာ မာသာ က သူတို့အိမ်ကို ကြွဝင်လာတဲ့ သူတိုရဲ့ အထူးဧည့်သည်တော်ကို ဘာမှလိုလေသေးမရှိဧည့်ခံခြင်တဲ့စိတ်ကြောင့် သခင်ခရစ်တော်ဘေးမှာထိုင်နေပြီး သူကို အကူအညီမပေးတဲ့ ညီမ မေရီအပေါ်မှာ စိတ်တို့ခဲ့တာကို တွေ့ရတယ်။ အဲ့ဒါကြောင့်လည်း သခင်ခရစ်တော်က မာသာ မာသာ သင်သည်များစွာသောအမူ့ှကိစ္စတို့ အတွက်စိုးရိမ်မူပန်ခြင်းရှိ၏ လို့ပြောခဲ့တာ၊ ဒီနေရာမှာ သခင်ခရစ်တော်​က မာသာ ရဲ့ အစေခံခြင်းစိတ်ကို အပြစ်တင်တာမဟုတ်ဘူး၊ မာသားရဲ့ အစေခံမူ့ဟာလည်း တို့လူသားတွေအသိုင်းအဝန်းမှာ လိုအပ်တဲ့အရာဖြစ်တယ်၊ ဧည့်ဝတ်ပြူဌာမူ့ရှိမှ ဧည့်သည်လည်း စိတ်ချမ်းသာမူ့ရှိမှာ ဒါပေမဲ့ စိုးရိမ်ပူပန်တာများရင် အရေးကြီးတာတွေကို မေ့လျော့တပ်တယ်။

သခင်ခရစ်တော် မာသာ နဲ့ မေရီ တို့ရဲ့ အိမ်ကိုသွားရောက်လည်ပတ်ခြင်းက ဆုတောင်းခြင်း နှင့် လက်တွေ့လုပ်ဆောင်ခြင်း နှစ်ခုကို ဉာဏ်ပညာနဲ့ ရှု့မြင်သုံးသတ်ဖို့ တို့ကို သတိပေးနေတယ်။ မာသာ က အစေခံတယ် မေရီက သခင်ခရစ်တော်ကို နားထောင်နေတယ် ဒီအရာ (ဘုရားကို အစေခံခြင်း နှင့် ဘုရားကို နားထောင်ခြင်း) နှစ်ခုဟာ တို့ဘဝမှာ လက်တွဲညီစွာရှင်သန်ရမဲ့အချက်ဖြစ်တယ်၊

ဒါကြောင့် အမိမယ်တော်သခင်မထံမှတဆင့် ဘုရား နှင့် လူ ကို ချစ်တပ်ဖို့ အစေခံတပ်ဖို့​ကျေးဇူးတော်တောင်းခံပြီး မာသာရဲ့ လက် မေရီရဲ့ နှလုံးသား များပိုင်ဆိုင်ပြီ အစေခံခြင်းနှင့် နားထောင်ခြင်း တို့ကို လက်တွေ့ဘဝ မှာ အသုံးချကြရမယ်။ ။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2Z6jTbU

 

Add new comment

8 + 0 =