မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ​နေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အန်ဂျေလူး​မေတ္တာ ရွတ်ဆိုခြင်းနှင့် ဟောကြားခြင်း

မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ​နေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အန်ဂျေလူး​မေတ္တာ ရွတ်ဆိုခြင်း
မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ​နေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အန်ဂျေလူး​မေတ္တာ ရွတ်ဆိုခြင်းနှင့် ဟောကြားခြင်း
ဒီဇင်​ဘာ ၈၊ ၂၀၁၈

မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ​နေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အန်ဂျေလူး​မေတ္တာ မရွတ်ဆိုမှီ မယ်တော်သခင်မကဲ့သို ကျွနု​ပ်အဆင်သင့်ရှိပါသည်ဟုပြောနိုင်ခြင်းသည် ဘုရားသခင်ကိုအကြီးမားဆုံးသော ချီးမွမ်းခြင်းဖြစ်ကြောင် စဟောကြားခဲ့ပါသည်။
အပြစ်ပြုလုပ်ထားသော ပထမဦးဆုံးလူသား အာဒန် ဘုရားသခင် သူ့ဆီလာတဲ့အချိန်မှာ ပုန်း​​နေခဲ့တ​ယ်။ ​မယ်တော်သခင်မဆီဘုရားသခင်ကြွလာတဲ့အချိန်မှာ ကျွနု​ပ်​ အဆင်သင့်ရှိပါ၏ လိုဖြေခဲ့တယ်။ ဘုရားသခင်ကို ရှောင်ပုန်းေ​နသူတွေဟာ တဦးတည်းတကိုယ်တည်း မိမိဘဝထဲကို မည်သူမျှအဝင်မခံဘူး၊ နှလုံးသားတံခါးပိတ်ထားသူတွေ၊ ကောင်းမြတ်မှု၊ ဘုရားကျေးဇူးတော်ကိုလက်မခံသူများဖြစ်သည်​။
မ​ယ်တော်သခင်မသည် ဘုရားသခင်ကို အဆင်သင့်ကြိုဆိုနေသူဖြစ်ကြောင်း၊ ဘုရားသခင်ကိုကြိုဆိုခြင်းသည် ကောင်းမြတ်မှုများအားလုံးမိမိဘဝထဲဝင်လာရန် နှလုံးသားတံခါးဖွင်ထားကြသူများဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

ဘုရားသခင်အတွက် အဆင်သင့်ရှိနေပါသည်ဟူသော စကားသည် ဘုရားသခင်၏ လမ်းညွန်မူကို ခွင်ပြုပေးလိုက်ခြင်း၊ မိမိအတ္တကို ဘုရားသခင်အတွက် ငြင်းပယ်လိုက်ခြင်းဖြစ်တယ်။ ဘုရားကိုလမ်းဖွင့်ပေးလိုက်ခြင်းဟာ ပေးဆပ်ရမည့်အရာအားလုံး ဘုရားလက်ထဲထည့်ပေးလိုက်ခြင်း ဖြစ်သလို ဘဝသစ်စတင်ခြင်း၊ ဘဝတွင် ​အကောင်းဆုံးစတင်ခြင်းလည်းဖြစ်တယ်။ နေစဉ်အသက်တာမှာ ဘုရားနှင့် အကောင်းဆုံးစတင်ခြင်းဟာ တန်ဖိုးရှိသော အသက်ရှင်မှုပဲ၊ တစ်​ရက်တာ အသက်ရှင်ချိန်ခနလေးမှာ ဘုရားကို ဦးဆောင်ခွင့်ပေးလိုက်ခြင်းပါပဲ။

ကိုယ်တော်၏ အလိုတော်အတိုင်ကျွန်မ၌ဖြစ်ပါစေ မယ်တော်သခင်မ၏ စကားကို ရှင်းရှင်းလေးတွေးကြည့်ပါ၊ မယ်တော်ဟာ သူအလိုဆန္ဒအတိုင်းအသက်ရှင်သူမဟုတ်၊ ဘုရား၏အလိုဆန္ဒအတိုင်း အသက်ရှင်သူဖြစ်ကြောင်းဖော်ပြနေတယ်။
ငါဘဝ တစိတ်တဒေသပဲ၊ အချိန်အတိုင်တာတခုပဲ အစေခံမယ်သူစကားနားထောင်မယ် ပြီးရင်ကျန်တာငါကြိုက်သလိုအသက်ရှင်မယ်ဆိုတာ မယ်တော် ရဲ့စိတ်ဓါတ်မဟုတ်ဘူး၊ သူမရဲ့ဘဝတခုလုံးကို အချိန်ပြည့်ဘုရားသခင်အတွက်အပြည့်အဝယုံကြည်ခဲ့တာ၊ ငါတို့ယုံကြည်ခြင်းက ဘုရားကို သံသယဖြစ်တတ်​ကြတယ်၊ မယ်တော်ရဲ့ အဆင်သင့်ရှိပါသည်ဆိုသော စကားသည် နတ်ဆိုးကိုယ်အောင်နိုင်ခြင်းဖြစ်ကြောင်းဖော်ပြနေတယ်။ ဒီကနေ့မယ်တော် အပြစ်ကင်းမဲ့စွာ သန္ဓေယူခြင်း၊ အပြစ်ကင်းမဲ့စွာမွေးဖွားလာခြင်း၊ အပြစ်ကင်းစွာ အသက်ရှင်နေထိုင်ခဲ့ခြင်း၊ ဘုရားရှေ့မှာ ကျိုးနွံနာခံခြင်းနှင့် ရိုးသားပွင့်လင်းစွာ အသက်ရှင်ခြင်း စသည့်အချက်တွေဟာ နမူနာယူ အသက်ရှင်ရမည့် အချက်များဖြစ်တယ်။

မယ်တော်ရဲ့အသက်တာကိုကြည့်ပါ ဘုရားသခင်နှင့်အပြည့်အဝပေါင်းစပ်အသက်ရှင်တဲ့သူတယောက်ရဲ့ ဘဝဟာ သက်သာလွယ်ကူတဲ့ဘဝမဟုတ်ပါဘူး။ ဒါပေမဲ့ သူမရဲ့ပြသနာတိုင်းကို ဘုရားသခင်ဖြေရှင်းပေးခဲ့တယ်။ သကြားမင်းအမိန်တော်ပြန်ပြီးချိန်က​စပြီး မယ်တော့်ဘဝဟာ ပြသနာပေါင်းစုံနဲ့ဖြတ်သန်းရတော့တာပါပဲ။ သူမမှာဘာတွေဖြစ်လာမယ်ဆိုတာသူမပဲသိတယ်၊ ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ သူမရဲ့ခိုင်မာပြတ်သားတဲ့ယုံကြည်ချက်က ဘုရားသခင်သူမနဲ့အတူရှိနေတယ်၊ ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ် လို့ယုံကြည်တယ်။ ​​ အခက်အခဲများကိုဖြတ်သန်းေ​​နရပေမဲ့ မယ်တော်သိတယ် ဘုရားသခင်ရှိနေတဲ့အတွက် အရာရာအဆင်ပြေသွားမယ်ဆိုတာ မရှိခဲ့ဘူး။ အဲ့ဒီအချက်က မယ်တော်တို့ကို သင်ပေးနေတယ် ဖြစ်ပျက်လာတဲ့ပြသနာတွေပေါ်မှာပဲ ဘဝကိုနှစ်နေပြီးအသက်မရှင်ကြဖို့၊ ပြသနာတွေကို ​ဖြေရှင်းပေးမဲ့ဘုရားသခင်ရှိနေတယ်၊ သူဖြေရှင်းပေးမယ်၊ သူလမ်းညွန်ပေးမယ်၊ အကြံဉာဏ်ပေးမယ် ဆိုတာ အပြည့်အဝ ဘုရားအပေါ်ယုံကြည်ထားဖို့ နေ့စဉ်အသက်တာအတွက် သင်ပေးနေတယ်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-8-december-2018-here-i-am.html

#pope, #angelus, #immaculateconception, #dec8, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 10 =