မက်စီကို နိုင်ငံအတွင်းရောက်ရှိနေသော ရွေ့ပြောင်းဒုက္ခသည်များကို ကက်သလစ်သာသနာပြုများမှ ကူညီထောက်ပံ့

Oblate သာသနာပြုများ
မက်စီကို နိုင်ငံအတွင်းရောက်ရှိနေသော ရွေ့ပြောင်းဒုက္ခသည်များကို ကက်သလစ်သာသနာပြုများမှ ကူညီထောက်ပံ့
ဒီဇင်္ဘာ ၂၀၊ ၂၀၁၈

အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော ဒုက္ခသည်များသည် ယခုအခါတွင် မက်စီကို Tijuana အနီးဝန်းကျင်တွင် တခါမျှမကြုံဖူးလောက်အောင် စုရုံးရောက်ရှိလာကြပါသည်။ အမေရိကအလယ်ပိုင်မှ ရွေ့ပြောင်းလာကြသူများသည် ဒုက္ခသည်စခန်းအဖြစ်အကူအညီပေးနေသောနေရာတွင် လူဦးရေ ၆၀၀၀ ခန့်ရောက်ရှိနေကြောင်း ဗာတီကန်သတင်းဌာနအင်တာဗျူးတွင် ဒုက္ခသည်များကို အကူအညီပေးနေသော Oblate အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Fr. Jesse Esqueda မှ ပြောကြားခဲ့ပါသည်။ Oblate သာသနာပြုများမှ ရွေ့ပြောင်းရောက်ရှိလာသော ဒုက္ခသည်များကို လူငယ်စင်တာတစ်ခုဖွင့်ပြီး ကူညီပေးနေသည်မှာ သုံးပတ်မျှရှိပြီးဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် နေစရာ၊ စားစရာ၊ အဝတ်အထည်များနှင့် နိုင်ငံသားအဖြစ်လျှောက်ထားလိုသူများ၊ နေစရာနှင့် အလုပ်အကိုင်ရှာဖွေနေသူများအတွက် ရှေ့နေများ ငှါပေးခြင်းများကူညီပေးလျှက်ရှိကြောင်း၊ တချို့သောသူများအတွက် အလုပ်များနေစရာများရှာဖွေပေးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း Oblate သာသနာပြုများမှ လိုအပ်နေသူများအတွက် ဆက်လက်ကူညီပေးနေကြောင်း Fr. Jesse Esqueda မှ ပြောကြားခဲ့ပါသည်။

 
ဒုက္ခသည် ခြောက်ထောင်ခန့်ကို အဆင်ပြေစွာနေထိုင်စားသောက်နိုင်ရေးအတွက် Tijuana ဒေသမှ စေတနာရှင်များကလည်း အစားအစာအဝတ်အထည်၊ စောင်များ ကို ကက်သလစ်အသင်းတော်ကရုဏာရေးအသင်းမှတဆင့်ကူညီပေးနေကြကြောင်း သို့သော်လည်း တချို့​သောအလှုရှင်များမှ ကိုယ်တိုင်ချက်၍ ကားများဖွင့်လာရောက်ဝေငှသောအခါ လူပေါင်း ၆၀၀၀ လောက် အစားအစာယူဖို့ တန်းစီနေကြရခြင်းသည် အစဉ်မကြမှုများလည်းရှိကြောင်း ပြောကြားခဲ့ပါသည်။ ဒုက္ခသည်များ၏ အခြေအနေသည် မသက်သာလှပါ။ လူငါးထောင်လောက်အတွက် ရေချိုးသန့်စင်​ဖို့၊ အစားအစာရရှိဖို့၊ လတ်တလောအခြေအနေကနေ ရေရှည်အတွက် ကလေးသူငယ်များပညာရေးအပါအဝင် စီမံကိန်းများချပြီး ကူညီပေးဖို့စီစဉ်ထားကြောင်း၊ အင်္ဂလိပ်စာနှင့် တခြားဘာသာရပ်များပါဆေးခန်းနေရာများတွင် ယခုကတည်းက စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း နှင့် အလုပ်အကိုင်များလည်းရှာဖွေပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း Oblate သာသနာပြု ဘုန်းတော်ကြီး Fr. Jesse Esqueda မှ ပြောကြားခဲ့ပါသည်။ ဗာတီကန် သတင်းဌာနမှ ကောက်နုတ်ေ​ဖ်ာပြပါသည်။

https://www.vaticannews.va/en/church/news/2018-12/catholic-missionaries-provide-relief-migrants-mexico.html

#migrant, #help, #oblate, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 4 =