ဘုရား နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြရမယ်

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

ဘုရား နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြရမယ်
သြဂုတ်လ ၁၁၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း မတိုင်မှီ တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး မိမိအတွက် သက်တောင့်သက်သာ ဘဝ အခြေအနေကို ရှောင်ကျင်ခြင်း၊ ဘုရားအပေါ်မှာပြည့်ဝသောယုံကြည်ခြင်း ထာဝရအသက်တည်းဟူသော နောင်ဘဝကို ဦးတည်လျှောက်လှမ်း ပြီး
ဘုရားနှင့်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြရမည်ဟု ဟေားကြားခဲ့ပါသည်။

အမှောင်ထုကြီးဆိုးနေသော ဘဝထဲမှာ ရင်ကျက်ခိုင်မာသောယုံကြည်ခြင်း၊ ပြည်ဝသော အသက်တာတို့ဖြင့် သင်ရဲ့ ဘဝမီးအိမ် ကို အမြဲးတောက်လောင်နေစေရမယ်၊ ယင်းကဲ့သို့ တောက်လောင်နေစေဖို့၊ ဘုရား၏ နုတ်ကပတ်တော်ကို နားထောင်ခြင်း၊ သခင်ခရစ်တော်၏ နှလုံးသားနှင့် ထိစပ်နိုင်အောင် ဆုတောင်းခြင်းအသက်တာ တို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေဖိုလိုအပ်တယ်။ ။ စစ်မှန်သော ယုံကြည်ခြင်းဟာ မိမိနှလုံးသားကို တစ်ပါးသူအတွက် ဖွင့်လှစ်ထားပေးခြင်း၊ နားလည်ခံစားပေးတပ်ခြင်း၊ အထူးသဖြင့် ဒုက္ခရောက်နေသူ၊ လိုအပ်နေသူများ နှင့် တစ်လုံးတဝတည်းဖြစ်စေတယ်။

သခင်ပြန်လာမည့် အချိန်ကို နိုးနိုးကြားကြား စောင့်နေသော အစေခံကဲ့သို့ ဘုရား နှင့် နောက်ဆုံးတွေကြုံရမည့်အချိန်အတွက် အားလုံး အဆင်သင်ပြင်ဆင်စောင့်စားနေရမယ်။ သခင်ပြန်လာမည့် အချိန်ကို နိုးနိုးကြားကြား စောင်နေသော အစေခံကို ကောင်းမြတ်သော အစေခံဟု တင်းစားခံရသလို ကျွနု်ပ်တို့အရောက်တိုင်းစီကို သခင်ခရစ်တော်က ကောင်းမြတ်သော အစေခံဟု အခေါ်ခံရအောင် အဆင်သင့်ဖြစ်ကြဖို့၊ ယင်းအဆင်သင့်စောင့်နေသော အစေခံများကို သခင်နှင့် အတူ စားသောက်ပွဲး ဝင်ခွင်ရသကဲ့သို့၊ တိုတတွေလည်း ကောင်းကင်နိုင်ငံ ဝင်ခွင်ရအောင် သတိရှိစွာ ပြင်ဆင်စောင့်စားနေကြရမယ်။ ဒါကြောင့် ဒီလောက ကမ္ဘာမှာ ပညာသတိရှိစွာနဲ့ အသက်ရှင်ပြီး ထာဝရကောင်းကင်ကို ဝင်နိူင်ဖို့ပြင်ဆင်ကြရမယ်။

ကျွနု်ပ်တို့တတွေ ဘုရား၏ ပညတ်တော်များ၊ နုတ်ကပတ်တော်များ နှင့် လိုက်လျောညီထွေစွာ နေထိုင်ကြမည်ဆိုလျှင် ဘုရားသခင်သည် ကျွနု်ပ်တို့အာ ထားဝရပျော်ရွှင်မူ့ကို ဝေမျှပေးမှာ အမှန်ပဲ၊ အဆင်သင့်စောင့်နေသော အစေခံများကို စားသောက်ပွဲးကို ခေါ်သွားပြီး သခင်နှင်အတူစားသောက်ခွင်ရခြင်း သခင်ကိုတိုင် သူတိုကို ပြုစုပေးခြင်းသည် ကြီးမားသောပျော်ရွှင်မူဖြစ်ကြောင်း၊ ဘုရားသခင်ကိုယ်တိုင် သူ၏ စာသောက်ပွဲ၌ တို့ကို ပြင်ဆင်ဧည့်ခံတော်မူပါလိမ့်မည်။ ဒါဟာ ဘုရားကို ကောင်းမွန်စွာ အစေခံခဲ့တဲ့ အစေခံအတွက် ဘုရားပေးသော လက်ဆောင် ဖြစ်ပါတယ်။

လောကကမ္ဘာကြီး တွင် တရားမျှတမူ့ငြိမ်းချမ်းမူ့၊ ညီကိုယ်မောင်နှ မ မေတ္တာတရား များတည်ဆောက်ခြင်းဖြင့် ကောင်းကင်နိုင်ငံကိုပြည်ဝသော ယုံကြည်ခြင်း၊ မျော်လင့်ခြင်းတို့ဖြင့် စောင့်မျော်ရင်း အသက်ရှင်နေထိုင်ကြပါ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဟေားကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2GW0OlV

 

Add new comment

2 + 13 =