ဘုရားရှိခိုးခြင်းအမှုလည်းပြု၊ ကိုယ်နဲ့နီးစပ်သောသူကိုလည်းကူညီ

ကမ္ဘာဆင်းရဲးသားများနေ့
ဘုရားရှိခိုးခြင်းအမှုလည်းပြု၊ ကိုယ်နဲ့နီးစပ်သောသူကိုလည်းကူညီ
နိုဝင်ဘာလ ၁၈၊ ၂၀၁၈

ကမ္ဘာဆင်းရဲးသားများနေ့တွင် သခင်ခရစ်တော်သည် ဘုရားသခင်နှင့်ပေါင်းစပ်ဆုတောင်အပြီးတွင် လိုအပ်သောသူများကို သွားရောက်ကြည့်ရှု့ကဲ့သို့ ဘုရားရှိခိုးခြင်းအမှုလည်းပြု၊ ကိုယ်နဲ့နီးစပ်သောသူကိုလည်းကူညီကြရန် ဟောကြားခဲ့ပါသည်။
သခင်ခရစ်တော် ဆုတောင်းအပြီး ရေပေါ်မှာ လမ်းလျောက်ကာ တပည့်တော်တွေစီကိုကြွသွားသည့်အကြောင်း ရှင်ပေတရုကို ရေပေါ်မှာလမ်းလျှောက်လာစေခဲ့သည့် ကျမ်းစာကို အခြေခံပြီး ဟောကြားခဲ့သည်​။ ဆုတောင်းမှုပြုပြီးသော ခရစ်တော်သည် မုန်တိုင်းထန်သော အခြေအနေအတွင်းသို့ ဆင်းသက်ခြင်းသည် အောင်မြင်မူ၊ အေးချမ်းတည်ငြိမ်သော ဘဝအသက်တာတွင် တစ်ေ​ယာက်တည်းမခံစားဘဲ မုန်တိုင်းထန်သည့် လူသားတို့ဘဝထဲသို့ ဆင်းသက်လာရောက်ကူညီခြင်းကို ဖော်ပြနေကြောင်း၊ ယင်လမ်းစဉ်သည် သခင်ခရစ်တော်ကျွနုပ်တို့ကို လျှောက်လှမ်းစေချင်သော လမ်းမျိုးဖြစ်ကြောင်း၊ ဘုရားနှင့်ပေါင်းစပ် ပြီးရင် ဆင်းရဲဒုက္ခရောက်နေသူတွေကို သွားရောက်ကူညီစေလိုကြောင်း၊
သခင်ခရစ်တော် တပည့်​တော်ကြီးတွေရဲလှေပေါ်ကိုရောက်ရှိသွားတဲ့အခါ ပြင်းထန်နေတဲ့မုန်တိုင်း​တွေ ငြိမ်သက်သွားတယ်၊ သခင်ခရစ်တော်ကိုရရှိသွားတဲ့သူတွေရဲ့ဘဝဟာ မိမိဘဝ ငြိမ်းချမ်းသာယာမှုရရှိသွားသလို မိမိပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းမှု​ပေးတယ်၊ လောက မုန်တိုင်းထန်နေတဲ့ဘဝတွေနဲ့ရင်ဆိုင်နေရသူတွေဆီကို သခင်ခရစ်တော်ကိုယူဆောင်သွားကြရမယ်၊
သခင်ခရစ်တော်က ရှင်ပေတရု ကို ရေပေါ်မှာလမ်းလျှောက်ြ​ပီးသူဆီကိုလာစေတယ်၊ ရှင်ပေတရု ရေပေါ်မှာလျှောက်သွားနေစဉ် သခင်ခရစ်တော်ဆီမှာ အာရုံအပြည့်အဝထားလှောက်လှမ်းနေစဉ် ရေပေါ်မှာလှောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ သခင်ခရစ်တော်ဆီကနေ လေမုန်တိုင်းထန်နေတဲ့ ပင်လယ်ကြီးကို သတိထားမိချိန်၊ သခင်ခရစ်တော်စီကနေ အာရုံလွဲသွားချိန်မှာ ပင်လယ်ထဲကို နစ်မြုပ်သွားပါတယ်။ ဒါပေမဲ့ သူ သခင်ခရစ်တော် ကို ချက်ခြင်းသတိရတယ် (ကိုတော်ကယ်ပါဦး) အကူအညီတောင်းခဲ့တယ် အကူအညီတောင်းတဲ့သူရဲ့ အသံကို ကိုယ်ေ​တာ် မငြင်းပယ်ခဲ့ဘူး။ ကယ်တင်ခဲ့တယ်၊
ကျွနု​ပ်တို့ပတ်ဝန်းကျင်မှာ ဆင်းရဲသားတွေ နေတိုင်း​အော်ဟစ်နေကြတယ်။ (ကိုယ်ေ​တ်ာကယ်ပါဦး) သင်ကြားရရဲ့လား သခင်ခရစ်တော်ရဲ့နောက်လိုက်တစ်ေ​ယာက်လို့ သင့်ကိုသင်ပြောဆိုနေပြီး နှလုံးသားမရှိသူတယောက်လို အသက်ရှင်နေရင် သင်ကိုယ်တိုင်ပါ လောကဓံထဲနစ်မြုပ်သွားလိမ့်မယ်။
သခင်ခရစ်တော် ရှင်ပေတရုကို လက်ကမ်းပြီး ကယ်တင်ပေးခဲ့သလို သင်တို့ရဲ့လက်တွေကို ဆင်ရဲးသားတွေဆီကို ကမ်းလှမ်းကြပါ၊ သူတို့ရဲ့အသံကိုကြားကြပါ၊ သင်တို့ရဲ့လက်တွေကို ဆန့်ထုတ်ကယ်တင်ကူညီပေးကြပါ။

https://www.vaticannews.va/en/pope/news/2018-11/pope-world-day-poor-homily.html

#pope, #angelus, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 9 =