ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မီးလျှံသည် ကရုဏာတရား၌ လောင်ကျွမ်းလျှက်ရှိ

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မီးလျှံသည် ကရုဏာတရား၌ လောင်ကျွမ်းလျှက်ရှိ
သြဂုတ်လ ၁၈၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းတွင် နှလုံးသားများကိုဖွင်ထားပြီး လိုအပ်နေသူတို့ရဲ့ဘဝများကို မြင့်တပ်ရန်၊ စိတ်မဝင်စားသလို၊ မမြင်သလိုနေတပ်သောအကျင့်ကိုကျော်လွှာနိုင်ရန် သခင်ခရစ်တော်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် မီးကို ဒီကမ္ဘာမြေပေါ်သို့ယူဆောင်လာခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟေားကြားခဲ့ပါသည်။

ဒီကနေ့ ရှင်လုကား သမ္မကျမ်စာမှာ ကမ္ဘာမြေပေါ်တွင် မီးတောက်လောင်စေခြင်းငှါငါလာ၏ ယခုပင်တောက်လောင်နေစေရန် ငါအလိုရှိလေပြီ လို့ သခင်ခရစ်တော်သူ၏တပည်တော်ကြီးတွေကို မိန်ကြားခဲ့တယ်။ သခင်ခရစ်တော်က သူတပည်တော်တွေရဲ့ စိတ်နှလုံးသားထဲးက ပျင်းရိခြင်း၊ သူစိမ်းဆန်ခြင်း၊ မဆိုင်သလို မတူမတန်သလိုနေခြင်း၊ နှလုံးသားကိုပိတ်ထားခြင်း စသည်အရာတွေကိုဖယ်ရှားပြီး ဘုရားရဲ့ချစ်ခြင်းမေတ္တာ မီးကို လက်ခံကြိုဆိုနိုင်ဖို့ ကူညီသင်ပြပေးနေခြင်းဖြစ်တယ်။ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ မီးလျံှဟာ လူတွေနှလုံးသားကိူ အလင်းပေးပြီး လူသားထုကိုကယ်တင်ဖို့ဖြစ်တယ်။ ဒီချစ်ခြင်းမေတ္တာမီးလျှံကို ကျွနုပ်တိူ့အားဖြင့် နေရာအနှံ အပြား လောင်းကျွမ်းစေကြရမယ်၊ ဒါမှသာ သခင်ခရစ်တော်ရဲ့နောက်လိုက် ကောင်းများဖြစ်ကြမယ်။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမီးလျှံ၊ သခင်ခရစ်တော် လောကကိုသယ်ဆောင်လာသောမီးလျံအားဖြင့် စိတ်ဝမ်းကွဲးခြင်း၊ မနာလိုခြင်း၊ လူသားများအချင်းချင်းကြား၊ တိုင်းနိုင်ငံများအကြား ကွဲးပြားမူ့တွေကို လောင်ကျွမ်းပျောက်ကွယ်စေပြီး ချစ်ခြင်းမေတ္တာ၊ လွမ်းမိုးစေရမယ်။

ဒို့အယောက်တိုင်းစီရဲ့နှလုံးသာမှာ တပါသူအပေါ်အစေခံခြင်သော စိတ်စေတနာတွေနဲ့ လောင်ကျွမ်းနေရမယ်။ ခရစ်ယာန်တစ်ယောက်၊ ခရစ်တော်ရဲ နောက်လိုက်တစ်ယောက်ဖြစ်တဲ့ သင့် နှလုံးသားထည်းမှာ ဘုရားရဲ့ချစ်ခြင်းမေတ္တာ မီးလျံအားဖြင့် သင့်ရဲ့ အတ္တ၊ လောဘ၊ မောဟ၊ တစ်ကိုယ်ကောင်း စိတ်တွေကို လောင်ကျွမ်း ကွယ်ပြောက်စေရမယ်၊ ဆက်ပြီးတော့မှ အဲ့ဒီမီးလျံကို တခြားသူရဲ နှလုံးသားကိုပါ ဆက်လက် ကူးဆက်လောင်ကျွမ်းစေရမယ်၊ ဒါဟာနောက်လိုက်တွေရဲ့ အလုပ်ဖြစ်တယ်။

ဘုရားရဲ့ ချစ်ခြင်းမေတ္တာမီးလျံှဟာ တိုနှလုံးသားထည်းမှာလာပြီး ကောင်းတာ မကောင်းတာ၊ တရားတာ မတရားတာတွေကိူ ခွဲခြားပေးမယ်၊ ထင်ရောင်ထင်မှားဖြစ်စေတဲ့အရာတွေကို သိသာကွဲးပြားစေမယ်၊ ပြီးတော့ တို့ ရဲ့ချစ်ခြင်းမေတ္တာကို သူရဲ့ချစ်ခြင်းမေတ္တာ ကဲ့သို့ စစ်မှန်စေမှာဖြစ်တယ်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2YZd4gl

 

Add new comment

1 + 0 =