ဘုရားသခင်အတွက်၊ တရားတော်အတွက် အသက်ပေးသွားကြသူတွေကြောင့် ဘုရားသခင်ရဲ့သားသမီးတွေမှာ အသီးအပွင့်တွေခံစားကြရတယ်

အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်း

ဘုရားသခင်အတွက်၊ တရားတော်အတွက် အသက်ပေးသွားကြသူတွေကြောင့် ဘုရားသခင်ရဲ့သားသမီးတွေမှာ အသီးအပွင့်တွေခံစားကြရတယ်
စက်တင်ဘာလ ၂၅၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်းတွင် ရှင်လုကား ဧဝံဂေလိ ကျမ်းကို အခြေခံပြီး အသင်းတော်အတွင်းပြသနာများရှိကြောင်း ရှေးဦးခရစ်ယာန်တို့လက်ထက်ကတည်​းက ရှိခဲ့ကြောင်း သွန်သင်ခဲ့ပါသည်။

ရှေးဦးခရစ်ယာန်အဖွဲ့အစည်းသည် မတူညီသော ယဉ်ကျေးမှု၊ ကိုယ်ကွယ်ယုံကြည်မှုတို့ မှ ခရစ်ယာန်ဖြစ်လာကြသူများဖြစ်ကြတယ်၊ ယင်းမတူညီမှုတွေကြောင့် အသင်းတော်အတွင်း သဘောထားမတိုက်ဆိုင်မှုများ ရှိခဲ့သလို့ ဘုရားသခင်၏ အကူအညီဖြင့် ညှိနှိုင်းဆွေးနွေသော နည်းလမ်းကိုအသုံးချပြီး ပြန်လည်စုစည်းအောင် အဖြေရှာခဲ့ကြပါတယ်။

ရှေးဦးခရစ်ယာန် ဖြစ်လာကြတဲ့ ဂရိလူမျိုးတွေက အဖွဲ့အစည်းအတွင်းမှာ မုဆိုးမတွေဟာ စွန့်ပြစ်ထားခြင်းခံရတယ် ဆိုပြီး အသင်းတော်အကြီးအကဲတွေကို တင်ပြလာကြတယ်။

ဒီနေရာမှာ အသင်း​တော်ရဲ့ခေါင်းဆောင်တွေ စုစည်းပြီး ဟောကြားခြင်း နှင့် အစေခံခြင်း အမှုကို ကွဲးပြားစွာ စီ်မံခန့်ခွဲကြဖို့ တိုင်ပင် ဆွေးနွေးခဲ့ကြတယ်၊ ကြီးထွားလာတဲ့သာသနာတော် ကို စီမံခန့်ခွဲဖို့ရန် ဆင်ရဲးသားများကို ကြည့်ရှု့စောင့်ရှောက်ရေး အလုပ်အတွက် စတေဖာနူး အပါအဝင် နာမည်ကောင်းရှိသော ချီးမွမ်​းထိုက်သော လူပုဂ္ဂိုလ် ၇ ဦး ကိုရွေးချယ်ခဲ့ပြီး သူတို့ကို ဒီကင် Deacons (ဦးပုဇင်းကြီးများ) ဟုခေါ်ဆိုကာ သာသနာတော်၏ ကရုဏာရေးလုပ်ငန်းတွေမှာ စီမံခန့်ခွဲ့ဖို့ရန် ခန့်အပ်ခဲ့ပြီး၊ သာသနာတာ်၏ ဟောကြားခြင်းအပိုင်းကို သာသနာ့ခေါင်းဆောင် တပည့်​တော်ကြီးများမှတာဝန်ယူ လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီကင်များဟာ ဘုန်းတော်ကြီးများ မဟုတ်ကြပါဘူး၊ သူတို့ဟာ သာသနာတော်ရဲ့ အစေခံခြင်းအပိုင်းကို တာဝန်ယူထားရသူတွေသာဖြစ်တယ်။ ဒီကင်များကို ဖွဲ့စည်းပေးခဲ့ခြင်းအားဖြင့် သာသနာတော်အတွင်းမှာဖြစ်ပေါ်နေတဲ့ ပြသနာ ကို ဖြေရှင်းပေးခဲ့ကြသလို သာသနာရဲ့ နုှတ်ကပတ်တော် ဝေမျှခြင်း နှင့် အစေခံခြင်း ကရုဏာလုပ်ငန်းများကို သဟဇာတ ဖြစ်အောင် ညိနှိုင်းပေးခဲ့သလို သာသနာတော်ကိုလည်း ပိုမို ခိုင်မာတောင့်တင်းအောင်လုပ်ဆောင်ပေးခဲ့ကြတယ်။

ဒီကင်တို့ရဲ့လုပ်ဆောင်မှု အစေခံမှုများ ကြောင့် ကျော်ကြားလာသလို သခင်ခရစ်တော်၏ လူ့အဖြစ်ယူခြင်း၊ အသေခံခြင်း နှင့် ရှင်းပြန်ထမြောက်ခြင်းအကြောင်းကို ဒီကင် စတေဖာနူး က ရဲရဲဲ​တောက် ဟောကြားခဲ့တယ်၊ သို့သော်လည်း သာသနာတော်ကို် မုန်းတီးသူ ဖျက်စီးလိုသူတွေက စတေဖာနူးကို မမှန်မကန် စွတ်စွဲခဲ့ကြပြီး ကျောက်ခဲနှင့် ပေါက်သတ်ခဲ့ကြတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတော် နှင့်ပြည့်ဝနေသူ၊ သခင်ခရစ်တော်ရဲ့နောက်လိုက်ပီသသူ စတေဖားနူးဟာ မသေခင်မှာ သူရဲ့ဝိညာဉ်ကို ဘုရားကိုပူဇော်ပြီ သူကို သတ်တဲ့ သူတွေအတွက် (အိုအဖ သူတို့ပြုသောအပြစ်ကို သူတို့မသိသောကြောင့် သူတို့ကို ခွင့်လွတ်ပါ) လို့ဆုတောင်းပေးခဲ့သေးတယ်။

စတေဖာနူးရဲ့ လုပ်ရပ်ဟာ တို့ဘုရားသားသမီးတွေရဲ့ စိတ်ဓာတ်ကိုအပြည့်အဝဖော်ပြလိုက်ခြင်း ဖြစ်တယ်။ ကိုယ့်ဘဝကို ဘုရားလက်အပ်တယ်၊ မိမိကို အသေသတ်သူ၊ နာကျင်ခံစားရအောင်လုပ်သူ၊ အရှက်တကွဲဖြစ်အောင် လုပ်တဲ့သူတွေကို ခွင့်လွတ်ပေးဖို့ တောင်းဆိုပေးခဲ့သေးတယ်၊ စတေဖာနူး ကဲ့သို့ ဘုရားသခင်အတွက်၊ တရားတော်အတွက် သာသနာတော်အတွက် အသက်ပေးသွားကြတဲ့ သာသနာ့ သူရဲကောင်း ဓမ္မအာဇာနည်တွေရဲ့ လုပ်ရပ်ကြောင့် သာသနာတော် ဟာ ယနေ့ထိတိုင် ကြီးထွား တိုးပွားလာနေခြင်းဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်အတွက်၊ တရားတော်အတွက် သာသနာတော်အတွက် အသက်ပေးသွားကြတဲ့ သာသနာ့ သူရဲ​ကောင်း ဓမ္မအာဇာနည်တွေလို သစ္စာရှိစွာ နေ့စဉ်အသက်တာမှာ ရှင်သန်နိုင်သူတွေဖြစ်အောင် နေထိုင် အသက်ရှင်ကြဖို့ သင်ကြားခဲ့ပါသည်။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2n2HRXz

 

Add new comment

5 + 5 =