ဘုရားသခင်နှင့်အတူ ခရီးဆက်နေမှသာ စစ်မှန်သော ပျော်ရွှင်မှူ့ကိုရမယ်

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

ဘုရားသခင်နှင့်အတူ ခရီးဆက်နေမှသာ စစ်မှန်သော ပျော်ရွှင်မှူ့ကိုရမယ်
ဇူလိုင်လ ၇၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ကုသခံရခြင်း၊ ငြိမ်းချမ်းခြင်း နှင့်ပျော်ရွှင်ခြင်းကျေးဇူးတော်များ အကြောင်း နှင့် ကက်သလစ်သာသနာတော်၏ သာသနာပြုုခြင်း လက္ခဏာ အကြောင်းများကို ဝေမျှခဲ့ပါသည်။

သာသနာတော်သည် ကုသခံရခြင်း၊ ငြိမ်းချမ်းခြင်း နှင့်ပျော်ရွှင်ခြင်းကျေးဇူးတော်များသက်​ဆောင်ဝေမျှခြင်းတွင် အမြဲ​ပျော်ရွှင်နေရမည်ဟု တနင်္ဂနွေနေ့ သမ္မာကျမ်းစာဖြစ်သော နောက်လိုက် တပည့်တော် ၇၂ ပါးကို စေလွှတ်ခြင်းမှာ နှုတ်ကပတ်တော်ကို ဝေမျှဖို့ ဖြစ်ကြောင်း၊ ရိတ်သိမ်းစရာအသီးအနှံ များစွာရှိ၏ လုပ်ဆောင်သောသူတို့မူကားနည်းကြ၏ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက်ကြလော့ ဟူသောကျမ်းပိုဒ်ကို ထောက်ရှု့ဝေမျှခဲ့ပါသည်။

ဒီအလုပ်ဟာ အားလုံးနှင့်ဆိုင်သော အလုပ်ဖြစ်တယ် ဒါကြောင့် ခရစ်ယာန် အယောက်တိုင်းစီဟာ သာသနာပြုစိတ်ဓာတ်နှင့် နှလုံးသာများ ဖွင့်လှစ်ပြီး လုပ်ဆောင်ကြရမယ်။ တို့ဆုတောင်းကြတဲ့နေရာမှာ ကိုယ်လိုခြင်တာလေက်ပဲဆုတောင်းခြင်းမျိုး မှာ ကန့်သပ်မထားရပါ။ ဆုတောင်းခြင်းဟာ ခရစ်ယာန် အလုပ်ဖြစ်သလို၊ သာသနာပြုနေခြင်းလည်း ဖြစ်တယ်၊ လူတိုင်းအတွက်၊ အများအတွက် အားလုံးအတွက် ဆုတောင်းပေးရမည့် တာဝန်လည်းဖြစ်တယ်။ ဆုတောင်းခြင်းမှာ စွန့်လှွတ် အနစ်နာခံခြင်း၊ ဆင်ရဲခြင်းကျေးဇူးတော်တွေပါဝင်ရမယ်၊ အဲ့ဒီအရာတွေက ဘုရားနှင့်နည်းစပ်စေတဲ့အရာတွေဖြစ်သလို ကုသခံရခြင်း၊ ငြိမ်းချမ်းခြင်း နှင့်ပျော်ရွှင်ခြင်းကျေးဇူးတော်များ ကို သယ်ဆောင်ပေးသောအရာတွေလည်း ဖြစ်တယ်။

သာသနာပြုြုခင်းဟာ သတင်းကောင်းဝေမျှခြင်း၊ မိမိဘဝနှင့်သက်သေခံခြင်းဖြစ်တယ်၊ ပွင့်ပွင့်လင်းလင်းရှိဖို့နှင့် လွတ်လပ်စွာ သာသနာပြုခွင့်ရှိဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒီိလို အသက်ရှင်​​နေကြမယ်ဆိုရင် သာသနာပြုခြင်းဟာ ပျော်ရွှင်စရာ တစ်ခုဖြစ်နေပါလိမ့်မယ်။ သာသနာပြုတွေ ဝမ်းမြောက်ပျော်ရွှင်ရမည့်အရာက ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ အောင်မြင်မူ့ကြောင့်မဟုတ် သခင်ခရစ်တော် ကတိပေးထားခဲ့တဲ့ သင်တို့၏ အမည်နာမများကို ကောင်းကင်၌ ရေးမှတ်ထားလျှက်ရှိသော ကြောင့် သာဝမ်းမြောက်ကြရမယ်။ အဲ့ဒီပျော်ရွှင်မူ့က သံသယကင်းပြီး ငါဟာ ဘုရားနောက်လိုက် သာသသနာပြုဖြစ်တယ်၊ ငါအမည်နာမ သည် ကောင်းကင်၌ ရေးမှတ်ထားခြင်းခံရပြီးဟူသော စိတ်သည် သခင်ခရစ်တော်နောက်လိုက်ဖြစ်ရခြင်းအပေါ် ပျော်ရွှင်ခြင်း နှင့် ဂုဏ်ယူနိုင်မည်ဖြစ်သည်။ ဆေးကြေားခြင်း ခံယူခဲ့စဉ်က တို့ရရှိခဲ့တဲ့အမည် နာမများဟာ ကောင်းကင် နိုင်ငံ ဘုရားသခင်ရဲ့ နှလုံးသားထဲမှာ ရေးမှတ်ထားခြင်းခံရပြီ ဆိုးပြီ ခံစားနေရမယ်။ အဲ့ဒီအရာက တို့ကို ပျော်ရွှင်သော နောက်လိုက်ကောင်းများ သာသနာပြုများ အဖြစ် ဘုရားအတွက် အများအတွက် ဘဝကို လွတ်လပ်စွာပေးဆပ်ပြီး ဘုရားသခင်နှင့်အတူ လျှောက်လှမ်း ခရီးဆက်နေဖို့ အမာခံကျေးဇူးတော် ဖြစ်တယ်။

https://www.vaticannews.va/en/pope/news/2019-07/pope-angelus-catechesis-...

#angelus, #pope, #joy, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 0 =