ဘုရားသခင်အား သီချင်းသီဆိုချီးမွမ်းခြင်းအားဖြင့် အဖွဲ့အစည်း၏ အနှစ်သာရကို ဖော်ထုတ်ကြရန် ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် မှတိုက်တွန်း

နိုင်ငံတကာ ခရစ်ယာန်ဓမ္မတေးသံစုံကျူးဧအဖွဲ့ နှင့် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံ
ဘုရားသခင်အား သီချင်းသီဆိုချီးမွမ်းခြင်းအားဖြင့် အဖွဲ့အစည်း၏ အနှစ်သာရကို ဖော်ထုတ်ကြရန် ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် မှတိုက်တွန်း
နိုဝင်ဘာ ၂၄၊ ၂၀၁၈

နိုဝင်ဘာ ၂၄ ရက် စနေနေ့က ရဟန်းမင်းကြီးရုံးတော် အသစ်သော သာသနာပြုခြင်းဆိုင်ရာမြှင့ှ်တင်ရေးကောင်စီ အဖွဲ့အစည်းမှ ကြီးမှူးပြီး ဂီတပညာရှင် ၇၀၀၀ ဦးခန့်ပါဝင်သော သုံးကြီမ်မြောက် နိုင်ငံတကာ ခရစ်ယာန်ဓမ္မတေးသံစုံကျူးဧအဖွဲ့ နှင့် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တို့ ဆဌမမြောက် ပေါလူးခန်းမတွင် တွေ့ဆုံပြီး ဘုရားသခင်အား သီချင်းသီဆိုချီးမွမ်းခြင်းအားဖြင့် အဖွဲ့အစည်း၏ အနှစ်သာရကို ဖော်ထုတ်ကြရန် တိုက်တွန်း ခဲ့ပါသည်။
သင်တို့၏ သီချင်းများ၊ ဂီတသံစဉ်များသည် ဘုရားသခင်နှုတ်ကပါတ်တော်၏ နက်နဲသော အဓိပ္ပါယ်ကို လူတို့၏ နှလုံးသားအထိသို့ ပို့ဆောင်ပေးနိုင်စွမ်းသော အသစ်သော သာသနာပြုခြင်း၏ အသုံပြုခံအရာတခု နည်းလမ်းတခုဖြစ်ကြောင်း၊ ကိုယ်တော်မြတ်စက္ကရမင်းတူး ဖန်ဆင်းခြင်း မေစ္ဆားတရား ဟောကြားခြင်းတို့၌ သီချင်းအတူတကွ သီဆိုချီမွန်းကြခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်ကို ပြည့်ဝစွာအဓိပ္ပါယ် ဖော်ဆောင်ကြဖို့ ကိုလည်းတိုက်တွန်းထားပါသည်။
သင်တို့ဂီတပညာရှင်များသည်၊ သာသနာအတွင်းရှိဘာသာသူများကို စိတ်ဓာတ်ခွန်အားတိုးတက်အောင်လုပ်ဆောင်နိုင်စွမ်းသူများဖြစ်ကြောင်း၊ သို့သော် သင်တို့နှင့်အတူ ဘုရားသခင်ကို သီဆိုချီးမွမ်းချင်သူများကို လည်းတားဆီးပိတ်ပင်ခြင်းများမပြုလုပ်ကြရန်နှင့် အတူတကွဘုရားကို သီဆိုချီးမွမ်းကြရန်၊ မေစ္ဆားတရား ၏နက်နဲသောအနှစ်သာရကိုပေါ်လွင်အောင်ဖော်ထုတ်ကြရန် အားပေးတိုက်တွန်းခဲ့ပါသည်။
တထူးတခြားပွဲနေ့များ ရဟန္တာများ၏ ပွဲနေ့များတွင် ဂီတသံစဉ် များဖြင့် အတူတကွချီးမွမ်းခြင်းသည် အသင်းတော်၏ နှလုံးသားထဲမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အလုပ်လုပ်ဆောင်နေကြောင်းကို ဖော်ပြတာဖြစ်ကြောင်း၊ ဆက်လက်ပြီး ဂီတပညာရှင်များအနေနှင့် ဘုရားသခင်၏ သမ္မာကျမ်းစာတော်မြတ်ကို လူတို့၏ဘဝထဲ၌ အနှစ်သာရပြည့်ဝစွာ ဖော်ထုတ်ပေးနိုင်ရန်ကြိုးစားကြဖို့ကိုလည်း အားပေးပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-3rd-choirs-meeting-singing.html

#pope, #musicians, #praise, #peterkm,
Photo credits to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 4 =