ဘုရားသခင်အတွက် ခရစ္စမတ် မှာ ဘာအံ့သြဖွယ်ရာလက်ဆောင်ပေးမလဲ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း
ဘုရားသခင်အတွက် ခရစ္စမတ် မှာ ဘာအံ့သြဖွယ်ရာလက်ဆောင်ပေးမလဲ
ဒီဇင်္ဘာ ၁၉၊ ၂၀၁၈

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်းတွင် ခရစ္စမတ် တွင် တစ်ဦးကိုယ်တစ်ဦးအပြန်အလှန် ခရစ္စမတ် လက်ဆောင်ပေးခြင်းအားဖြင့် အံ့သြ ဝမ်းသာစေသည့် အလေ့အထကိုအခြေခံပြီး ဘုရားသခင်မှ လူသားများအတွက် သူ၏ တစ်ပါးတည်းသောသားတော်ကို လူသားတို့အံ့သြ ဝမ်းသာစေရန် ပေးခဲ့သည့်အကြောင်း၊ ခရစ္စမတ် သည်အံ့သြစရာများနှင့် ပြည့်နှက်နေသည့်အကြောင်းကို ဟောကြားသွန်သင်ခဲ့ပါသည်။

 

မယ်တော်နှင့် စိန့်ဂျိုးဇက် တို့၏ ပထမဦးဆုံး ခရစ္စမတ် ဖြစ်တဲ့ သူငယ်တော်လေးမွေးဖွားခြင်းဟာ အံသြမူ​တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ မယ်တော်မာရီယားထံ သိကြားမင်းအမိန်တော်ပြန်လို့ မယ်တော်အံ့သြခဲ့ရတယ်၊ သူငယ်တော်ကို ကိုယ်ဝန်ဆောင်ခွင့်ရလို့အံ့သြခဲ့ရတယ်၊ ဝမ်းသာပျော်ရွင်သောအံ့သြမှု့ကနေ၊ သူငယ်တော်အသက်ကိုရန်ရှာမည့်ဘေးကြောင့် အီဂျစ်ပြည်ကိုထွက်ပြေးရတဲ့ စိုးရိမ်စရာအံ့သြမှု ရုတ်​တရက်တွေ့ကြုံရတယ်။ ခရစ္စမတ်ည ရဲ့အံ့သြစရာအကောင်းဆုံးအရာကတော့ အကြီးမြတ်ဆုံးသောသူသည် ကလေးသူငယ်လေးအသွင်ဖြင့်လူသားတို့အလယ်​တွင် လူအဖြစ်ကြွလာခြင်း၊ အရင် မရှိခဲ့ဖူး မဖြစ်ခဲ့ဖူးသောအရာ ထူးဆန်းသောအရာဖြစ်တယ် ထိုအရာအတွက် လူသားတွေကျင်းပကြခြင်းဖြစ်တယ်။

 

လောကမှာ ခရစ္စမတ် ပွဲကျင်းပခြင်းဟာ၊ ဘုရားသခင်ပေးသော ထူးဆန်းအံ့သြဖွယ်ရာ ကိုကြိုဆိုကျင်းပခြင်းဖြစ်တယ်။ အကူအညီလိုအပ်နေသော လောကလူသားများကိုကူညီရန် ဘုရား၏ကြွလာခြင်း သည် ကျွနု​ပ်တို့လူသားအချင်းချင်း အကူအညီလိုသူကို ကူညီကြရန်သတိပေးနေသော အချက်လည်းဖြစ်ကြောင်းသိရမယ်၊ မယ်တော်ကဲ့သို့ ဘုရားသခင်၏ စီမံကိန်းကို နားမလည်သော်လည်းယုံကြည်ခြင်းအပြည့်အဖြင့် လက်ခံတတ်​ဖို့၊ စိန့်ဂျိုးဇက် လို မိမိအစီအစဉ်ကိုပြောင်းပြီး ဘုရားသခင်စေခိုင်း ပေးအပ်သောတာဝန်ကိုကျေပွန်ဖို့ သတိပေးနေခြင်းဖြစ်တယ်။ လောကအပျော်အပါး​လောက်သာ ခရစ္စမတ်ပွဲကို ကျင်းပနေကြခြင်းသည် မှားယွင်းသောကျင်ပမှုမျိုးဖြစ်တယ်။ လူတို့၏အပျော်အပါး၊ အလုပ်နားခွင့်ရခြင်း၊ ခရီးသွား စားသောက်ပျော်ပါးခြင်း၊ စသည့် ကိုယ့်အခွင့်အရေးလောက်သာ ဦးစားပေးကျင်းပသော ခရစ္စမတ်ပွဲသည် ဘုရားသခင်ကြွလာခြင်းကိုမေ့လျှော့စေပြီး ခရစ်တော်ကို ဦးတည်ကျင်းပသောခရစ္စမတ် မဟုတ်သောကြောင့် အဓိပ္ပါယ် မဲ့စေပါသည်။ ခရစ္စမတ် ကိုလောကပျော်ရွင်ပွဲမလုပ်ကြပါနှင့်၊

 

 
စစ်မှန်သော ခရစ္စမတ် သည် စိန့်ဂျိုးဇက် ကဲ့သို့ တိတ်ဆိတ်စွာ နှလုံးသား ဖွင့်ထားခြင်း၊ မယ်တော်ကဲ့သို့ ကျွနု​ပ်ကိုယ်တော့အတွက် အဆင်သင့်ရှိပါ၏၊ သိုးထိန်းတွေကဲ့သို့ မိမိအခြေအနေကိုထားခဲ့ပြီး ဘုရားသခင်ထံလာကြခြင်း၊ သခင်ခရစ်တော်ကဲ့သို့ လိုအပ်နေသူများထံကြွလာခြင်း များသည်သာ စစ်မှန်သော ခရစ္စမတ် ဖြစ်ပါသည်။ ခရစ္စမတ် မှာ အံသြ ဝမ်းသာမှုများစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-general-audience-christmas-surprises.html

#generalaudience, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 3 =