ဘုရားရှင်၏ အဆုံးအစမဲ့ ကရုဏာမေတ္တာတော်ကို ယုံကြည်ကြပါ

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း

ဘုရားရှင်၏ အဆုံးအစမဲ့ ကရုဏာမေတ္တာတော်ကို ယုံကြည်ကြပါ
စက်တင်ဘာ ၁၅၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ သမ္မကျမ်းစာကို အခြေခံပြီး ဘုရားရှင်၏ အဆုံးအစမဲ့ ကရုဏာမေတ္တာတော်ကို ယုံကြည်ကြဖို့ ဟေားကြားခဲ့ပါသည်။

ဒိကနေ့ ဧဝံဂေလိ ကျမ်းစာမှာ သခင်ခရစ်တော်က အခွန်ခံတွေ အပြစ်သားတွေနဲ့အတူရှိလို့၊ အပြစ်သားတွေကိုကြိုဆိုပြီးသူတို့နဲ့အတူစားသောက်လို့ သခင်ခရစ်တော်ကို် ကျမ်းတတ်ဆရာတွေက ဝေဖန်ပြစ်တင်ခဲ့ကြတယ်။ သခင်ခရစ်တော်က တကယ်တမ်းဆို အပြစ်သားတွေကိုကြိုိဆိုခြင်း သူတို့နှင့်အတူစားသောက်ခြင်အမူ့ကိုပြုတာ၊ ဒါသခင်ခရစ်တော်ရဲ့ ကြီးမားတဲ့စီမံကိန်းကို ကြေငြာခြင်းဖြစ်တယ်၊ တကယ်တန်းဆို တိုတတွေရဲ့ ဘုရားကျောင်းတံခါးဝမှာ တောင် (အပြစ်သားများကို ကြိုဆိုပါတယ် သင်တိုနှင့်အတူစားသောက်မယ်) ရေးထားနိုင်ရမယ်၊ မေစ္ဆားတရား ပူဇော်တိုင်းမှာ သူနှင့်အတူတကွစားသောက်ဖို့ တို့အားလုံးကို ဖိတ်ခေါ်နေတယ်။

ကိုယ်ကိုပြစ်တင်ဝေဖန်နေသူတွေကို ရင်ဆိုင်လိုက်ပါ၊ ဒီကနေ့ ကျမ်းစာမှာ ကြားနာရတဲ့ ဥပမာ သုံးခုဟာ ဘုရားသခင်နဲ့ဝေးနေသူတွေ၊ ပျောက်ဆုံးနေသူတွေကို ဘုရားသခင်ပြန်ရှာနေတယ် ဆိုတာ ကြိုတင်သတိပေးခြင်းဖြစ်တယ်။

ပထမဥပမာမှာ ပျောက်သောသိုးအကြောင်းကိုကြားရတယ်၊ ၉၉ ကောင်ကိုထားခဲ့ပြီး ပျောက်သော သိုးတစ်ကောင်ကိုသွားရှာတယ်။ ဘုရားနှင့်ဝေးကွာနေသူတွေ၊ အပြစ်သာတွေ အားမငယ်ပါနဲ့ သင့်ကို စိုးရိမ်စိတ်နဲ့ ဘုရားရှင်လိုက်ရှာနေတယ်၊ သင်ဟာ တခြားသူတွေထက် ဘုရားရှင်ရဲ့ နှလုံးသား အလယ်တည်တည့်မှာ ရှိနေသူပါ။ သင့်ကိုသင်အပြစ်သားဖြစ်နေလို့ မစိုးရိမ်ပါနဲ့။

ဒုတိယ ဥပမာမှာ ဒင်္ဂါပြား ဆယ်ပြားရှိတဲ့အမျိုးသမီး တစ်ပြား ပျောက်လို့လိုက်ရှာတဲ့အကြောင်း ကြားရတယ်၊ ဒိနေရာမှာ ဒင်္ဂါး တစ်ပြားလေးပါကွာ ဘာမှတန်ဖိုးမရှိပါဘူး ရှာစရာမလိုဘူး ဆိုတာမျိုး မဟုတ်ပဲ သေးငယ်ပေမဲ့တန်ဖိုးထားရှာဖွေခံရတယ် တွေတဲ့အချိန်မှာ ကြိးမားစွာပျော်ရွှင်ကြတယ်။ သင့်ကိုယ်သင် ဘာမှ မသိ မတတ်၊ အပြစ်သား၊ တစ်ဒင်္ဂါလောက်ပဲ တန်တယ် အရေးမကြီးတဲ့လူလို့ ခံစားနေ၊ ထင်နေရပေမဲ့ ဘုရားသခင်က သင်ကို မနားမနေရှာဖွေနေတယ်၊ သင်ဟာ သူအတွက် အရမ်းတန်ဖိုးရှိတယ် ဆိုတာ ဘုရားက သင်ကို့ပြောနေတယ်။ အဲ့ဒါ ဒုတိယ ဥပမာရဲ ဆိုလိုရင်းပါပဲ။

တတိယဥပမာမှာ တော့ ပျောက်သောသားပုံဥပမာကို ကြားနာကြရတယ်၊ အဲ့ဒီမှာ ဖခင်ဆီပြန်လာတဲ့ နောင်တရတဲ့သား ကို သူဖခင်က စိတ်မပျက်၊ မျော်လင့်ချက်မပျောက်ဘဲ အမြဲးစောင့်နေခဲ့တယ်။ ဒီနေရာမှာ သင်တို့နားလည်ထားရမှာက သင်ဘယ်လောက်ပဲ ဆိုးဝါး စက်ဆုတ်ရွံရှာဖွယ်ရာ အပြစ်တွေကျူးလွန်မိခဲ့ပါစေ၊ လုံးဝမကြောက်မရွံပဲ ဘုရားစီပြန်လာပါ၊ ဘုရားရှင်သင့်ကို မမောမပန်းနိုင်ပဲ စောင့်နေတယ်ဆိုတာသတိရပါ။

ငါတို့ဟာ တနေမှာ ပျောက်သောသိုးလို သူပုခုံးပေါ်မှာ တင်ခေါ်ခြင်း၊ ပျောက်သော ဒင်္ဂါးလို ဂရုတစိုက်ရှာဖွေခံရသူ၊ ဖခင်နှင့် ပြန်ဆုံခွင်ရတဲ့ သားလို တိုတတွေကျေးဇူးတော်တွေ ခံစားကြရမယ်။

ဘုရားက တို့ကို သူရဲ့အဆုံးအစမဲ့ ချစ်ခြင်းမေတ္တာကို လက်ခံပေးဖို့ စောင့်မျော်နေတယ်။ သို့သော်လည်း ဘုရားရဲ့ကြီးမားတဲ့ကရုဏာကို ငြင်းပယ်တပ်ကြတယ်၊ ပျောက်သောသောပုံဥပမာထဲးက သားကြီးလို ဖခင်ကို ဖခင်လိုမမြင်ပဲ အလုပ်ရှင်လိုမြင်နေခဲ့တယ်၊ စည်းကမ်းတင်းကျပ်လွန်းသောဘုရား စီရင်ချက်ချသော ဘုရားလို့မြင်ပြီး သနားကျင်နာမူ့ပြည့်ဝသော ဘုရားလို့ အမြင်တဲ့ အပြစ်သားတွေဟာ သားကြီးလိုပါပဲ။

ဘုရားကသူဆီပြန်လာဖို့တောင်းဆိုတာ၊ သင့်ကို စီရင်ချက်ချတာမဟုတ်ဘူး၊ ဘုရားက အတင်းအဓ္ဓမ နည်းနှင့်မဟုတ် ချစ်ခြင်းမေတ္တာဖြင့်သာ ကယ်တင်သူဖြစ်တယ်။

တို့တတွေမှားနေကြတာက ပုံဥပမာထဲးက သားကြီးလိုပဲ ငါကမှန်တယ် သူကမှားတာ လိုမြင်နေကြတာ။ ကိုယ်ကကောင်းတယ် တပါးသူတွေကအပြစ်လုပ်ထားတဲ့ မကောင်းတဲ့သူတွေလို မြင်နေကြတာ။ ကိုယ့်ကိုကိုကောင်းတယ်လို့ ဘယ်တော့မှ မယုံလိုက်ပါနဲ၊ ဘုရားနှင့်ပေါင်းစပ်နေသူသာလျှင်ကောင်းမြတ်သူဖြစြ်ပီး အပြစ်ကိုဘယ်လို ကျော်လွှားရမယ်ဆိုတာ သိသူဖြစ်တယ်။ဘုရားအကူအညီမပါပဲ မကောင်းနိုင်သလို အပြစ်ကိုလည်း မကျော်လွှာနိုင်ပါဘူး။

ဘုရားရဲ့ခွင့်လွတ်ခြင်းကျေးဇူးတော်ကိုလက်ခံပြီး ဘုရားသခင်အားဖြင်နတ်ဆိုးကို တိုက်ခိုက် နှိမ်နင်းကြပါစို့။
By Kyi Maung
Credit to Vatican News
https://bit.ly/2kCLLpp

 

Add new comment

4 + 10 =