ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုဖော်‌ပြ ပေးသောည

ခရစ္စမတ် ည စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဟောကြား‌ တော်မူခဲ့သောတရားတော်၊

ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုဖော်‌ပြ ပေးသောည
ဒီဇင်ဘာ ၂၄၊ ၂၀၁၉

ခရစ္စမတ် ည စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဟောကြား‌ တော်မူခဲ့သောတရားတော်၊

ဘုရားရှင်သည်လူမျိုးအပေါင်းတို့အတွက် ယူဆောင်လာသော ကယ်တင်ခြင်းကျေးဇူးတော် အကြောင်းကို‌ ဝေမျှခဲ့ပါသည်။

ဘုရားရှင်၏ချစ်ခြင်းမေတ္တာ၊ ယင်း
ချစ်ခြင်းမေတ္တာသည်ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းခြင်းကို ကျွနုပ်တို့၏နှလုံးသားများ၌ ဖြည့်ဆည်းပေးရုံသာမက၊ နတ်ဆိုး၏လွမ်းမိုးမူ့များမှကယ်တင်ပေးခြင်း၊ သမိုင်းသစ်များကိုဖြစ်ပေါ်စေခြင်း၊ ဘဝများကိုပြောင်းလဲစေခြင်း၊ ထိုချစ်ခြင်းမေတ္တာသည်ခရစ်တော်၌ ယနေ့ညဘုရားရှင်ဖော်ပြ‌ လေပြီ၊

အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်သည်၊ ဆင်းရဲနိမ့်ကျသည်လူ့အဖြစ်ကိုယူဆောင်လာသောကြောင့် ကျွနုပ်တို့သည်သူ၏ ကြီးမားသောချစ်ခြင်းမေတ္တာကိုတုန့်ပြန်သောအားဖြင့် ကျွနုပ်တို့ကလည်းသူ့အားချစ်ခင်ကြရမည်။

ဘုရားရှင်၏လူသားတို့အပေါ်မှာတန်ဖိုးထားမှုသည် အလွန်အင်မတန်မှကြီးမားပြီး၊ ထိုချစ်ခြင်းမေတ္တာသည်လည်းကျွနုပ်တို့၏အစွမ်းအစ‌ ပေါ်၌မူတည်မူ့မရှိပဲ၊ဘုရားရှင်၏ အတိုင်းအဆမဲ့ချစ်ခြင်းမေတ္တာသာဖြစ်တယ်၊ ဘုရားရှင်သည်တရားမျှတသူတဦးဖြစ်သော်လည်း သူ၏ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုသည်၊ သူ၏တရားမျှတမှုထက်သာလွန်ကြီးများပေသည်။

ကျွနှုပ်တို့သည်လည်း ဘုရားရှင်၏လှပသောချစ်ခြင်းမေတ္တာကိုရှာဖွေပြီး၊ ကျွနုပ်တို့အတွင်း၌လည်း ဘုရားရှင်၏ချစ်ခြင်းမေတ္တာကြောင့်လှပနေမှုကို ရှာဖွေတွေ့ရှိနိုင်ကြရမည်၊ ထိုအရာသည်ဘုရားရှင်၏ကြီးမားသောချစ်ခြင်းမေတ္တာပင်ဖြစ်ပေသည်။

ကျွန်ုပ်တို့ပြုလုပ်ရမည့်တာဝန်သည် ကြီးမားလှသည့်ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို၊ လက်ခံရန် မိမိကိုယ်ကိုခွင့်ပြုကြရမည်၊ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုငါသည် ခွင့်ပြုရဲ့လား၊ သို့တည်းမဟုတ်ကျွနုပ် တို့ကိုလာရောက်ကယ်တင်သည့်ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုငြင်းဆန်နေသလား။

ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုလက်ခံပြီး ကြွရောက်လာသည့်သူငယ်တော်ယေဇူးလေးထံမှ ကယ်တင်ခြင်းကျေးဇူးတော်ကိုရယူကာ ဘဝသစ်ကိုစတင်ပြီးကမ္ဘာကြီးကို အသစ်သောနည်းလမ်းဖြင့်ပြောင်းလဲပြုပြင်ကြပါစို။

https://bit.ly/358IDm6
#rvamyanmarservice
Credit to Vatican News

Add new comment

1 + 12 =