ဘုရားရှင်ဆီကရရှိခံစားရသော အရာများကို ကရုဏာ လုပ်ငန်းများဖြင့် ဖော်ပြကြပါ

စိန့်သြဂုတ်စတင်း အသင်းဂိုဏ်းဝင် ၁၅၀ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

ဘုရားရှင်ဆီကရရှိခံစားရသော အရာများကို ကရုဏာ လုပ်ငန်းများဖြင့် ဖော်ပြကြပါ
စက်တင်ဘာလ ၁၃၊ ၂၀၁၉

စိန့်သြဂုတ်စတင်း အသင်းဂိုဏ်းဝင်များ အသင်းဂိုဏ်းတစ်ခုလုံးဆိုင်ရာ အသင်းဂိုဏ်းအကြီးအကဲတို့၏ သုံးသပ်နှီးနောဆွေးနွေးပွဲးအတွက် ရောက်ရှိနေသော အသင်းဂိုဏ်းဝင် ၁၅၀ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုုံခြင်းတွင် ဘုရား ရှင်ထံမှရရှိခံစားရသော အရာများကို ကရုဏာ လုပ်ငန်းများဖြင့် ဖော်ပြကြဖို့ ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

ဒါဟာတိုအ့တွက် ကြီးမားတဲ့အလုပ်တာဝန်တစ်ခုဖြစ်တယ်။ သာသနာတော်ဟာ ဘုရား နှင့် အစဉ်ထိတွေနေသလို တချိန်တည်းမှာပဲ ဘုရားစီးရရှိခံစားရသော ကျေးဇူးတော်များကိူ ကရုဏားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ကို လောကမှာတည်ဆောက်နေခြင်းဖြစ်တယ်။ ဒီကရုဏာတရားတွေသာ မလုပ်ဆောင်တော့ရင် သာသနာရဲ့အသက်သေဆုံးခြင်း နှင့် လူသားအားလုံးကယ်တင်ခြင်းခံရရေး စည်မံကိန်းတော်ဟာ ပျောက်ကွယ်သွားလိမ့်မယ်။

သြဂုတ်စတင်း အသင်းဂိုဏ်းဝင်တို့ရဲ့ အခြေခံကြသော ဝိညာဉ်ရေးတရားကျင့်စဉ်ဖြစ်တဲ့ သခင်ခရစ်တော်နဲ့၊ သန့်ရှင်ေးသာဝိညာဉ်တော် တည်ရှိနေခြင်းကိူ သက်သေခံနေသော ကရုဏာရေးလုပ်ငန်းတွင် စည်းလုံးခြင်း၊ အဖွဲ့အစည်းအတွင်း၌ ကရုဏာတရားနှင့် နေထိုင်ခြင်းကို ကျွနု်ပ် လေးစားတယ်။ အဖွဲ့အစည်းနဲ့နေထိုင်ခြင်းဆိုတာ ရှင်ပြန်ထမြောက်တော်မူသော ဘုရားရှင်တည်ရှိရာနေရာ၊ တစ်ဦးကိုတစ်ဦးနှလုံးသားတံခါးဖွင့်ပေးရာနေရာ၊ တစ်ဦးနှင့် တစ်ဦး ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ခြင်းတို့ကို အသေးအဖွဲးလေးကစပြုလုပ် ပေးကြသော နေရာဖြစ်တယ်။

စိတ်နှလုံး တစ်လုံးတဝတည်းဖြင့် ကရုဏာတရားရဲမီးတောက်လောင်နေဖို့ဆိုတာ ဘုရားနှင့်ပေါင်းစပ်မူ့မရှိပဲ လုံးဝမဖြစ်နိုင်ပါဘူး၊ အဲဒီအရားပေါ်မှာ အခြေံပြီး သာသနာတော်ကြီးကို သင်တို့အသင်းဂိုဏ်းက ကောင်းမွန်အောင်လုပ်ဆောင်ပေးနေခြင်းဖြစ်တယ်။ ရက်ရောစွာပေးဆပ်ခြင်း၊ သာသနာအမူ့တော်ဆောင်ရွက်ခြင်းတွေနဲ့ ဘုရားကိုရှာဖွေသော လုပ်ငန်းစဉ်တွေဟာ အမြဲးဖြူ စဉ်နေရမယ် တချိန်တည်းမှာပဲ ဘုရားက ကိုယ့်ကိူပြန်ရှာနေတာကို နှလုံးတခါးဖွင်ြ့ပီး နားစွင့်နေရမယ်။

ကရုဏာရေးလုပ်ငန်၊ ချစ်ခြင်းမေတ္တာ လမ်းစဉ်ဟာ သင်တို့အသင်းဂိုဏ်းရဲ့ ဦးတည်ချက်အဖြစ် လုပ်ဆောင်ရမည့် နည်းလမ်းလည်းဖြစ်တယ်၊နုညံသိမ်မွေခြင်း နှိမ့်ချခြင်းတရားတို့နဲ့ မိမရဲ့ကားတိုင်ကို နေစဉ်ထမ်းပြီး မလျှောက်လှမ်းနိုင်ရင် မျော်လင့်ချက်ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူး။ အနစ်နာခံခြင်း မရှိသော ချစ်ခြင်းမေတ္တာ ဟာ မစစ်မှန်ဘူး။ ဒါကြောင့် စစ်မှန်သောချစ်ခြင်းမေတ္တာဖြင့် အသင်တော်ကြီးကိူ အစေခံကြပါ ဟု ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2kNorVI

Add new comment

1 + 0 =