ဘုရားဖူးများအားမိန့်ကြားခဲ့သောရဟန်းမင်းကြီးထောက်ရူချက်

ဘုရားဖူးများအားမိန့်ကြားခဲ့သောရဟန်းမင်းကြီးထောက်ရူချက်

ဘုရားဖူးများအားမိန့်ကြားခဲ့သောရဟန်းမင်းကြီးထောက်ရူချက်

ယခုတစ်ကြိမ်ဘုရားဖူးများနှင့်တွေ့ဆုံခြင်းသည်ကိုရိုနာဗိုင်းရပ်စ်ကူစက်ခံရသည်ဟုကော်လဟာလများထွက် ပေါ်လာပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ကြုံခြင်း၌ကိုလိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှိမ်နင်းကျ ဆင်းရေး၊ ကာကွယ်နိုင်ရေးအတွက်ကိုယ်ဖိရင်ဖိလုပ်ဆောင်နေကြသောအသိပညာရှင်၊ အတတ်ပညာရှင်မှသည်ဤရော ဂါမပျံ့ပွားရေးအတွက်လုပ်ဆောင်နေသူအားလုံးအားကျေးဇူးတင်စကားမြွတ်ကြားခဲ့သည်။ ယခုတစ်ကြိမ်၌ဘုရားဖူးများ သည်ရဟန်းမင်းကြီးကိုခါတိုင်းကဲ့သို့အပြင်၌ရင်းနှီးစွာထိတွေ့မြင်တွေ့ခွင့်မရဘဲဖန်သားပြင်မှသာထုတ်လွှင့်သည်ကို စောင့်ကြည့်ခဲ့ရသည်။ သူ၏ပတ်စဉ်သွန်သင်ချက်များမှယခုတစ်ပတ်၏သွန်သင်ချက်မှာဖြောင့်မတ်ခြင်းတရားကိုဆာမွတ်တောင့်တသောသူတို့သည်မဂ်လာရှိကြ၏၊

အကောင်းမူကားသူတို့သည်လိုအင်ဆန်ဒပြည်၀ကြလိမ့်မည်ဖြစ်သည်။ လူသားတိုင်းသည် ဘုရားသခင်ကိုဆာငတ်လျှက်ရှိ၏ဟုမိန့်ကြားခဲ့သည်။ အတွင်းစိတ်မှဘုရားသခင်အားတမ်းတနေခြင်းသည်မဂ်လာ တ ရားရှစ်ပါးအနက်မှစတုထမြောက်မဂ်လာတရားဖြစ်သည်။ ဆာငတ်ခြင်း (အဂ်လိပ်လို hunger and thirst) ဟူသော စ ကားလုံးသည်နေ့စဉ်အသက်တာ၌မရှိမဖြစ်သောအခြေခံလိုအပ်ချက်ကိုဆိုလိုသည်။ ဖြောင့်မတ်ခြင်း (justice) မှာမူလူတို့ ၏အတွင်းစိတ်ထဲ၌ဆာလောင်မွတ်သိပ်ခြင်း၊ အတွင်းစိတ်၏ဆောက်တည်ရာမရအောင်မွတ်သိပ်မူကိုရည်ညွှန်းသည်။ ဤမွတ်သိပ်မူသည်တရားရှိသောသူများ၏အသက်တာ၌သာမဟုတ်၊ အကျင်ပျက်ခြစားသောသူတို့၏ဘ၀၌ လည်းမြင်တွေ့နိုင်သည်။ အကောင်းဖက်မှဆာငတ်ခြင်းမဟုတ်ဘဲ၊ ပျက်စီးခြင်းသို့ဦးတည်သောဆာငတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အထဲ၌ဤတောင့်တခြင်းရှိနေခြင်းသည်သန့်ရှင်းသော၀◌ိညာဉ်တော်၏ကျေးဇူးကြောင့်ဖြစ်သည်။ သူသည်အ သက်မြတ်စမ်းရေဖြစ်သည်။ ထိုရေသည်မြေမှုန့်မှထုလုပ်သောကျွန်ုပ်တို့ကိုပုံလောင်းထုဆစ်ပေးသည်။ ဇီ၀အသက်ကို ဆက်၍ရှင်သန်စေသည်။ လူသားသည်ယေဇူးသခင်၏သတင်းကောင်းကိုလိုအပ်သည်။ ထို့ကြောင့်ပင်အမိသာသနာတော်ကြီးသည်သတင်း ကောင်းကိုဟောကြားရန်အမူတော်ပေးအပ်ခြင်းခံရသည်။

အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်၏ဧ၀ဂေလိ (၀မ်းမြောက် ခြင်းသတင်း) သည်လူသားတို့၏နှလုံးသားကိုရှင်သန်မူပေးနိုင်သည့်အကြီးမြတ်ဆုံးသောဖြောင့်မတ်ခြင်းဖြစ်သည်။ သို့ သော်လူတို့သည်မကြာခဏမေ့လျော့နေတတ်သည်။ လူတိုင်းသည်အရေးကြီးသောအရာကိုဖွေရှာရန်အရေးကြီးသည်။ ၄င်းတို့မည့်အရာကိုလိုအပ်သနည်း၊ သူတို့ကိုအ သက်ရှင်သန်စေသည့်အရာမှာမည်သည့်အရာနည်းဆိုသည်ကိုသိရန်လိုသည်။ ထို့အတူမည်သည့်အရာသည်သာမညအ ရာ၊ မည်သည့်အရာသည်မရှိသော်လည်းဖြစ်သည်ကိုလည်းကွဲကွဲပြားပြားသိရမည်။ ယနေ့ထောက်ရူသောမဂ်လာတရားတော်၌စိတ်ပျက်အားငယ်မသွားနိုင်စေသောဆာလောင်မွတ်သိပ်မူကိုယေဇူးသခင်ကြေညာနေသည်။ အကယ်၍အနှောင်အယှက်ပေးခံရလျှင်လည်းစိတ်မပျက်ဘဲကျေနပ်မူကိုပေးသည်၊ ဆက်လက် လျှောက်လှမ်းသွားနိုင်သည့်တွန်းအားကိုပေးသည်။

အဘယ်ကြောင့်ဆိုသော်ဤဆာလောင်မွတ်သိပ်မူသည်ဘုရားသခင် ၏နှလုံးတော်နှင့်ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ပတ်စဉ်ထောက်ရူချက်၏အဆုံး၌ရဟန်းမင်းကြီးကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသောလူနာများအတွက်ဆု တောင်းပေးရန်၊ ဆုတောင်းမေတာအားဖြင့်၄င်းတို့နှင့်နီးကပ်စွာရှိနေရန်၊ ထို့အတူအခြားသောရောဂါအမျိုးမျိုးကိုခံစား နေကြရသူများအတွက်ဆုတောင်းပေးရန်အလှူခံခဲ့သည်။ ဤကူးစက်ရောဂါအားလုံးပမ်းနှိမ်နင်းနေရသောကြောင့်ဂရိ နှင့်တူရကီနယ်ခြားတွင်အတိဒုက်ခရောက်နေသောဆီးရီးယားနိုင်ငံသားများ၏သနားစရာအဖြစ်အခြေအနေကိုလည်းမ မေ့စေလိုပါ။ ၄င်းတို့သည်နှစ်နှင့်ချီကြာခံစားလာခဲ့ကြရသည်။ ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများကိုမမေ့မလျော့ဘဲ အတိဒုကခရောက်နေသော၄င်းတို့အားလုံးအတွက်ကိုလည်းအထူးသတိရဆုတောင်းပေးကြပါစို့။ (မတ်လ၊ ၁၁၊ ၂၀၂၀)

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Source: Vatican News

http://bit.ly/38NEwxR

Add new comment

4 + 3 =