ဘုရားကိုချီးမွမ်းသော သီချင်းသီဆိုခြင်းအားဖြင့် ဝိညာဉ်ခွန်အားတိုးတက်စေကြလော့

ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများသီဆိုခြင်းအားဖြင့် မိမိ၏ ပျော်ရွင်ခြင်း၊ ယုံကြည်ခြင်း၊ နောင်တရခြင်း နှင့် ချစ်ခြင်းမေတ္တာ ကို ဖော်ပြသည်
ဘုရားကိုချီးမွမ်းသော သီချင်းသီဆိုခြင်းအားဖြင့် ဝိညာဉ်ခွန်အားတိုးတက်စေကြလော့
နိုဝင်ဘာလ ၁၀၊ ၂၀၁၈
နိုဝင်ဘာလ ၁၀၊ ၂၀၁၈ စနေနေ့က အဖွဲ့ဝင် ၃၀၀ ရှိသော Alumni of Heaven သီချင်းဆိုအဖွဲ့နှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခြင်းတွင် ဘုရားကိုချီးမွမ်းသော သီချင်းသီဆိုခြင်းအားဖြင့် ဝိညာဉ်ခွန်အားတိုးတက်စေကြရန် အားပေးစကားပြောကြားခဲ့ပါသည်။
ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများသီဆိုခြင်းအားဖြင့် မိမိ၏ ပျော်ရွင်ခြင်း၊ ယုံကြည်ခြင်း၊ နောင်တရခြင်း နှင့် ချစ်ခြင်းမေတ္တာ ကို ဖော်ပြသည်။ သီချင်းသီဆိုခြင်းအားဖြင့် နှလုံးသားများ စည်းလုံးစေသည်။ အတားဆီးများကို ကျော်လွန်၍ စည်းလုံခြင်းနှင့်ငြိမ်းချမ်းခြင်းကို ဖော်ဆောင်၍ ဘုရားကို ချီးမွမ်းသော သီချင်းများသည် ဘာသာတရား၏ နက်ရှိုင်းသော အတွင်းစိတ်သဘောကို ဖော်ဆောင်သည်။
သင့်တို့၏ အတွင်းစိတ်ကို ကမ္ဘာလောက၏ ဆွဲဆောင်းမှုနောက်ကို ပါမသွားစေရန်သတိထားရမည်။ တဦးတည်းဆုတောင်းခြင်း၊ အဖွဲ့အစည်းနှင့်ဆုတောင်းခြင်း၊ ဘုရားသခင်၏ နုတ်ကပတ်တော်ကို နားထောင်ခြင်း၊ စက္ကရမင်းတူး များကို ခံယူခြင်းအားဖြင့် သင့်တို့၏ ဝိညာဉ်ခွန်အားကို တိုးတက်နေရမည်။
သင်တို့၏ ပြည့်ဝသော ဝိညာဉ်ခွန်အားများသည် သင်တို့၏ ချီးမွမ်းသံကိုကြားခြင်းအားဖြင့် နားဆင်သူတို့၏နှလုံးသားကို ဘုရားရဲ့ကျေးဇူးနော်များကူစက်ခံစားစေကြရန်ဖြစ်သည်။
သီချင်းသီဆိုခြင်းဖြင့်သာ စည်းလုံးညီညွတ်စွာနေထိုင်ရန်မဟုတ်၊ အပြင်လောကတွင် လည်း သီချင်းသီဆိုစည်းလုံးခြင်းစိတ်ဓါတ်ကိုယူဆောင်အသက်ရှင်ကြ စေလိုသည်။ ယင်းသည် ခရစ်ယာန်တို့၏ စည်းလုံးမှုကို ဖော်ပြရာ၍ အတူတကွ ဘုရားကိုချီးမွမ်းသော သီချင်းသီဆိုခြင်းအားဖြင့် သင်တို့သည် သခင်ခရစ်တော်၏ နောက်လိုက်များဖြစ်ကြောင်း သက်သေခံကြရန်၊ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာ သင်တို့၏ ချစ်ခြင်မေတ္တာ ကို သီချင်သီဆိုခြင်းအားဖြင်ဖော်ပြကြစေလိုသည်။
သင်တို့၏ ဖြူစင်သာ အပြုံးများ၊သာယာချိုမြိန်သော အသံများသည် သင်တို့၏ ဘုရားရှိမှု ဘုရားသခင်နှင့်ပေါင်းစပ်မှုကို ဖော်ပြပြီး ကမ္ဘာအရပ်ရပ်ရှိ ဘုရားသခင်သားသမီးများကို သွားရောက်သက်သေခံကြရန် သင်တို့၏ ချီးမွမ်းသံကိုကြားနာရသူတိုင်း ငြိမ်းချမ်း ပျော်ရွင်မှု့များခံစားဝေကြရန် ချီးမွမ်းသီဆိုကြပါဟု မိန့်ကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-alumni-heaven-music-spirit.html

#pope, #choirgroup, #singforgod, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 5 =