ဘုရားကို ချစ်ခြင်း ၊ လူကို ချစ်ခြင်း အားဖြင့်ကယ်တင်ခြင်းခံရမယ်

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

ဘုရားကို ချစ်ခြင်း ၊ လူကို ချစ်ခြင်း အားဖြင့်ကယ်တင်ခြင်းခံရမယ်
သြဂုတ်လ ၂၅၊ ၂၀၁၉

ချစ်ခြင်းမေတ္တာ ရဲ့တောင်းဆိုမူ့က ပြင်းထန်းတယ် ဘုရားကို ချစ်ခြင်း ၊ လူကို ချစ်ခြင်း၌သာ တို့တတွေ ဟာ ကယ်တင်ခြင်းခံရမယ် ဒီအလုပ်က သက်သာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး ဟု အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ ကျမ်းစာပါအချက် ကို အခြေခံပြီး ဟေားကြားခဲ့ပါသည်။

သခင်ခရစ်တော် သက်တောထင်ရှားရှိစဉ်အခါက အင်မတန် အငြင်းပွားစရာအချက်ဖြစ်တဲ့ အနည်းငယ်သောသူတို့သာ ကယ်တင်ခြင်း ခံရမည်လော့ ဟူသော မေးခွန်းကို မေးခံခဲ့ရတယ်။ အနည်းငယ်ပဲ ဖြစ်ဖြစ် အများအပြားပဲဖြစ်ဖြစ် ဘယ်လောက်ပယ်ကယ်တင်ခံရသည် ဆိုသည့် အရေအတွက်သည် အရေးမကြီးကြောင်း လက်ရှိ အသက်ရှင်နေချိန်မှာ မိမိတာဝန်ကို ကျေးပွန်စွာလုပ်ဆောင်တပ်သူဖြစ်ဖို့ အချိန်ကို ကောင်းမွန်သော အကျိုးရလဒ်များ အတွက် အသုံးချဖို့ တိုက်တွန်းခဲ့တာကို တွေရတယ်။

ကျဉ်းမြောင်းသော တံခါမှ ဝင်ကြဖို့ သခင်ခရစ်တော်က တိုက်တွန်းနေတယ် ဒီနေရာမှ အရေအတွက်ထက် လူတိုင်းအတွက်ရှိနေတဲ့ မှန်ကန်တဲ့နေရာကို ရွေးချယ်အသုံးချတက်ဖို့ သင်ပေးတာဖြစ်တယ်။ လှပကျယ်ဝန်းပြီး သက်တောင်သက်သာရှိတဲ့နေရာ တွေပြပြီး အဆုံးမှာ ပျက်ဆီးမဲ့ အရာတွေနဲ့ သခင်ခရစ်တော် ကမလည့်စားခဲ့ပါဘူး။ ကျဉ်းမြောင်းသော ခက်ခဲ့သော အရာအားဖြင့်သာ ကြိုးစားစေခဲ့ခြင်းဖြစ်တယ်။ တို့တတွေအတွက် လုပ်ရာမှာက ဘုရားကို ချစ်ခြင်း လူကို ချစ်ခြင်း၌သာ တို့တတွေက ကယ်တင်ခြင်းခံရမယ် ဒီအလုပ်က သက်သာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး အဲ့ဒီနေရာမှာ တို့ရဲ့ကြိူးစားအားထုတ်မူ့ကို တောင်းဆိုနေတယ်။ ဘုရားသခင်းသွန်သင်ခဲ့တဲ့ အချက်တွေကို လိုက်နာအသက်ရှင်ဖို့ တောင်းဆိုနေခြင်းဖြစ်တယ်။ တို့ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတဲ့ ကြီးမားတဲ့ ရာထူးဂုဏ်ထူးတွေနဲ့မတိုင်းတာဘူး လက်တွေပါသောယုံကြည်ခြင်း အသက်တာ၊ ကောင်းမွန်သော အသက်ရှင်နေထိုင်မူနဲ့ နှိမ့်ချသော အသက်တာအားဖြင့် ရှင်သန်နေထိုင်ခဲ့သူများကိုသာ သခင်ခရစ်တော် သခင်ခရစ်တော် အသိအမှတ်ပြုမယ် တံခါးဖွင့်ပေးမယ်၊ အဲ့ဒီအသက်တာမှာ မရှင်သန်ခဲ့တဲ့သူတွေကိုတော့ သင်တို့ကို ငါမသိ ဆိုပြီး တံခါးပိတ်ထားလိမ့်မယ်။

တို့ခရစ်ယာန်အသက်တာဟာ နုတ်ကပါတ်တော်၌ မိမိကိုကိုအားဖြည့်တင်းခြင်း၊ စက္ကရမင်းတူး များကို ခံယူခြင်း၊ ဘုရားသခင်၌ ပေါင်းစီးခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ ဆုတောင်းခြင်း၊ သခင်ခရစ်တော်၌ ပေါင်းစပ်ခြင်း အသက်တာကို ရှင်သန်နေစေဖို့ ခေါ်ခံထားရခြင်းဖြစ်တယ်။ ဒီအသက်တာတွေကပဲ တို့ရဲ့ ယုံကြည်ခြင်း၊ မျော်လင်ခြင်းနှင့် ကရုဏာရေးအသက်တာတွေကို ထိမ်းသိမ်းထားပေးနိုင်မှာ ဖြစ်တယ်။

မတရားမမျှတမူ့တွေ့ နတ်ဆိုးရဲ့လုပ်ရပ်တွေကို ဘုရားသခင် ရဲ့ ကျေးဇူးတော် အကူအညီဖြင့် ဆန့်ကျင် ရုန်းကန်ကျော်လွှားပြီး လူသားအားလုံးကောင်းကျိုး အတွက် တို့ဘဝကို အသုံးချခြင်း ခရစ်ယာန် အသက်တာနေထိုင် အသက်ရှင်မူ့မှာ ကြိုးစားရုန်းကန်ကြပါ။ တို့အတွက် မယ်တော် သခင်မက စံနမူနာပြခဲ့တယ် သခင်ခရစ်တော် နှင့် အတူ ခက်ခဲ့သော အသက်တာကို ရှင်သန်ခဲ့ပြီး အောင်မြင်မူ့သရဖူဆောင်ပြခဲ့တယ်၊ မယ်တော်သခင်မ၏ အကူအညီဖြင့် သခင်ခရစ်တော် အလိုရှိသော ကျင်းမြောင်းသောလမ်း ဖြစ်သည့် ကြိုးစားရုန်းကန်ခြင်း အသက်တာမှာ ရှင်သန်နိုင်အောင် ဆုတောင်းကြပါ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဟေားကြားခဲ့ပါသည်။
By Kyi Maung
Photo Credits to Vatican News

https://bit.ly/2Hpk23C

Add new comment

1 + 3 =