ဘုရာနှင့်အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြဖို့ ဆရာတော်အသစ်များအား ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆရာတော် သစ်များနှင့် တွေဆုံခြင်း

ဘုရာနှင့်အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြဖို့ ဆရာတော်အသစ်များအား ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
စက်တင်ဘာ ၁၂၊ ၂၀၁၉

၂၀၁၈ ခုနှစ်က သိက္ခာခံယူခဲ့သော ဆရာတော် သစ်များနှင့် တွေဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဘုရားနှင့် အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြဖို့ ဆရာတော်အသစ်များအား တိုက်တွန်းခဲ့ပါသည်။

ကျွနု်ပ်တို့ရဲ့လုပ်ငန်းစဉ်ဟာ အသင်းတော် နှင့် အတူရှိနေသလို ကမ္ဘာကြီးကိုလည်း ဘုရားသခင်၏ စက္ကရမင်းတူတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးဖို့ဖြစ်တယ်။ ကမ္ဘာကြီးက ဘုရားနဲ့နီးစပ်ဖို့ရှာဖွေနေတယ်။ ဒီနေရာမှာ သိုးထိန်းကောင်များ၏ ဘဝပေးဆပ်ပြီး အစေခံသော နုညံ့သိမ်မွေ့မှုများပေးဆပ်ခြင်းမရှိတော့ရင် အသင်းတော်ကို်ယ်၌ကိုက ပျောက်ဆုံးနေသလိုပါပဲ။

♥ ဘုရားနှင့် နီးစပ်စွာ နေခြင်း
ဘုရားနှင့် နီးစပ်စွာ နေခြင်းဟာ ဆရာတော်ကြီးများရဲ့ အဓိက ရှင်သန်ရမည်အ့သက်တာဖြစ်တယ်၊ ထို့အတွက်သာလျှင် ကျွနု်ပ်တို့တည်ရှိနေခြင်းဖြစ်တယ်။ ဘုရားနဲ့ နီးစပ်မှုမရှိရင် ဘုရားနဲ့ ဆက်သွယ်လိုမရဘူး၊ ဘုရားနဲ့ နီးစပ်မှုမရှိတော့ရင် မျိုးစေ့ကြဲချသူနဲ့ မနီးစပ်တော့ရင် မျိုးစေ့တွေရှင်သန်ကြီိးထွားမူ့မှာ တို့တတွေစိတ်ရှည်သည်းခံစွာ ပါဝင်နိုင်မှာမဟုတ်ဘူး။

♥ ဘုရား၏ သားသမီးတွေနှင့် အတူရှိခြင်း
ကျွနု်ပ်တိုအဓိက လုပ်ဆောင်ရမည့်အချက်က ဘုရားသခင် တို့လက်မှာအပ်နှံထားတဲ့ သူရဲ့သားသမီးတွေနဲ့ နီးစပ်စွာရှိနေဖို့ပဲ၊ ညီကိုယ်မောင်နှတွေရဲ့ ဝမ်းသာခြင်း ဝမ်းနည်းခြင်းတွေကို တိုနှလုံးသားနဲ့ခံစားရမယ်၊ ကိုယ့်ကိုကိုယ်ဂုဏ်ဖော်ဖို့မဟုတ်၊ သခင်ခရစ်တော်က သင်တို့ရဲ့နုှတ်ကကြေငြာတဲ့ သူရဲ့နုှတ်ကပတ်တော်တွေ၊ သင်တို့ရဲ့ သနားကြင်နာတက်သော နှစ်သိမ့်ပေးသည့်လက်တွေကနေ လူတွေကို ထိတွေ့နေတယ် ဆိုတာ ဆရာတော်တို့ သတိရှိကြပါ။ ဘုရားရှင်ရဲ့နုှတ်ကပတ်တော်ကို တို့ရဲ့ အသက်ရှင်နေထိုင်မှုနဲ့ဟောပြောသက်သေခံရမယ်၊ လောကလူတို့တွက်ချက်တိုင်းတာခြင်းမျိုးနဲ့မတူသော အတိုင်းအတာ မရှိသော ချစ်ခြင်းမေတ္တာမျိုးနဲ့ ရှင်သန်ရမှာဖြစ်တယ်။

♥ ကောင်းသော ဆာမာရီတန် နှင့် နီးစပ်ခြင်း
ဆရာတော်တွေရဲ့ ဘုရားနဲ့နီးစပ်ခြင်းဟာ အပြောအဟောကောင်းရုံသက်သက်မဟုတ်၊ ကိုယ့်ကိုယ်ကို အမွှန်းတင်နေဖို့မဟုတ် တပါးသူအတွက် အစေခံခြင်းမှာ အသင့်ဖြစ်နေဖို့သာဖြစ်တယ်။ ကောင်းသောဆာမာရီတန် ကဲ့သို့သော အသက်တာမှာ ရှင်သန်နေဖို့ ဖြစ်တယ်။ ပြသနာတွေကို မသိကျိုးကျွန်ပြုုခြင်း၊ ခေါင်းရှောင်ခြင်းမျိုး မဖြစ်ရ၊ လမ်းလွဲှသွားတာမျိုး လူတွေကို စောင့်နေရာအောင် လုပ်တာမျိုးမဖြစ်စေရ။ စားပွဲမှာ အချိန်ကုန်နေခြင်းမျိုးထက် လူတွေအတွက် အချိန်ပေးဖို့၊ လူတွေနဲ့ အမြဲထိတွေမူ့ရှိနေဖို့ လိုအပ်တယ်။ ကောင်းသော ဆာမာရီတန် ဟာ ဒဏ်ရာတွေကို ဆေးထည့်ပေးခြင်း စည်းကြပ်ပေးခြင်းမှာ သူရဲ့လက်တွေကိုညစ်ပေစေခဲ့တယ်။ ဒါ့ကြောင့် ဘုရားသခင်ရဲ့ သာသမီးတွေနဲ့အတူရှိခြင်းဆိုတာ သူတိုရဲ့ နာကျင်မူ့တွေ ပျော်ရွှင်မူ့တွေနဲ့ အတူ ရှိနေဖို့၊ ဝေမျှခံစားဖို့ဖြစ်တယ်။

♥ ဆင်းရဲသားများ နှင့် အတူရှိခြင်း
ဆင်းရဲသားများအပေါ်မှာ ဘယ်လောက်ဂရုစိုက်သလည်းဆိုတဲ့အရာ က သင့်ရဲ့နည်းစပ်မူ့ကို တိုင်းတာသော အရာဖြစ်တယ်။ ဖြူစဉ်ရိုးသားတဲ့ အသက်တာ ရှင်သန်ခြင်းဆိုတာ သခင်ခရစ်တော်ဟာ တို့ဘဝအတွက် ပြီးပြည့်စုံသောအရာအဖြစ် သက်သေခံခြင်းဖြစ်ပြိး တို့ကိုဝန်းရံနေတဲ့ တန်ဖိုးရှိတဲ့အရာတွေဟာ ဆင်းရဲသားတွေသာဖြစ်နေခြင်းက၊ သိုးထိန်းကောင်းဆိုတာ ပုံဖော်နေခြင်းပါ။ ကျွနု်ပ် ဆိုလိုတဲ့အဓိပ္ပါယ်က ဖခင်တစ်ဦးရဲ့ဘဝအသက်တာ ကို ဆိုလိုခြင်းပါ သင့်ကို အဖေလို့သတ်မှတ်ထားသူတွေ၊ သင့်ရဲ့လက်ကို အပ်နှံထားသူတွေရဲ့ ဘဝတွေကို မြင်နိုင်၊ စောင့်ရှောက်နိူင်ရမယ်၊ သူတိုအ့တွက် ငိုကြွေးနိုင်ရမယ်။

♥နားထောင်တတ်ခြင်း
နားထောင်တတ်သော နောက်လိုက်ကောင်းတွေဖြစ်ကြရမယ်၊ နားထောင်တက်တဲ့သူတွေအတွက် ကြားရမဲ့အရာတွေက နားဝင်ချိုသောအရာများကိုတော့ အမြဲကြားရမှာမဟုတ်ပါဘူး။ ကိုယ်ပြောသမျှ ခေါင်းငြိမ့်နေတက်သော Yes men တွေနဲ့ပဲ ဝန်းရံမနေပါစေနဲ့။ ဘာသာသူသိုးစု များဆီသို့ မကြာခဏ သွားရောက်လါ်ပတ်ကြပါ၊ ဘာသာဝင်များ နှင့်တွေ့ဆုံသလို သူတို့ကိုကြည့်ရှုနေရသော ဘုန်းတော်ကြီးများ နှင့်လည်တွေ့ဆုံကြပါ၊ အမိမယ်တော်ကဲ့သို့ ဘုရားရဲ့ နှစ်သိမ့်ပေးမူ့ကို သယ်ဆောင်သွားသူများအဖြစ် သွားရောက်ကြည့်ရှု့ကြပါ။

♥ ဘုန်းတော်ကြီးများ နှင့် နီးစပ်စွာနေခြင်း
ဘုန်းတော်ကြီးများသည် ဆရာတော်များအတွက် အနီးစပ်ဆုံးမိတ်ဆွေများ ဖြစ်ကြပါတယ်။ နောက်ဆုံးအချက်အနေနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆရာတော် အသစ်များအာ ဘုန်းတော်ကြီးများ နှင့် နီးကပ်စွာနေကြဖို့၊ သူတို့ကို ချစ်ဖို့၊ အဖော်ပြုပေးဖို့၊ ခွန်အားပေးဖို့ မှာကြားခဲ့ပါသည်။ သူ၏ နာမ၌ ဘုန်းတော်ကြီးများ အားပွေဖက် နုတ်ဆက်ပေးဖို့ကိုလည်း မှာကြားခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2lMUg1c

 

Add new comment

14 + 3 =