ဗာတီကန် ခရစ္စမတ် ဖျော်ဖြေရေးအဖွဲ့ ရွှေ့ပြောင်းဒုက္ခသည်အရေး ဦးစားပေးဖော်ပြ

ဗာတီကန် ခရစ္စမတ် ဖျော်ဖြေရေး
ဗာတီကန် ခရစ္စမတ် ဖျော်ဖြေရေးအဖွဲ့ ရွှေ့ပြောင်းဒုက္ခသည်အရေး ဦးစားပေးဖော်ပြ
ဒီဇင်ဘာ ၁၅၊ ၂၀၁၈

ဒီဇင်ဘာ ၁၅၊ ၂၀၁၈ စနေနေ့က အီတလီအနုပညာရှင်များ၊ နိုင်ငံတကာအနုပညာရှင်များပူပေါင်းပြီး ဆဌမမြောက် ရဟန်းမင်းကြီး ပေါ ခန်းမတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ခရစ္စမတ် ဖျော်ဖြေရေးပွဲကိုပြုလုပ်ကျင်းပခဲ့ပါသည်။

ဗာတီကန်မှ ကရုဏာရေးအဖွဲ့မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ခရစ္စမတ် ဖျော်ဖြေရေးပွဲကို ကျင်းပလာခဲ့သည်မှာ ၂၅ တိုင်ခဲ့ပြီး၊ ဆင်းရဲးနွမ်းပါး​သော၊ ဒုက္ခသည်စခန်းများတွင်ရှိသော ကလေးသူငယ်များကိုထောက်ပံ့ရန် အီတလီအနုပညာရှင်များဖြစ်သော Andrea Bocelli, The Cranberries နှင့် B.B King တို့ပါဝင်ကူညီခဲ့ကြပါသည်။

ဒီနှစ်ကျင်းပသော ဖျော်ဖြေရေးပွဲတွင် အမေရိက အဆိုတော် Anastasia, အီတလီ အဆိုတော် Alessandra Amotoso, Dee Dee Bridgewater နှင့် New Direction Tennessee State Gospel Choir အဖွဲ့တို့လည်းပါဝင်ခဲ့ပါသည်။
အနုပညာဖန်တီးရှင်များကြောင့် ရရှိလာမည့်အကျိုးအမြတ်များကို ဆ​လေးရှင်း သာသနာပြုများ ကူညီပေးနေသော ပထမဦးစားပေးအနေနှင့် တောင်ဆူတန် ယူဂန္ဓား ရှိ Palabek ဒုက္ခသည်စခန်းမှ ကလေးသူငယ်များ၏ ပညာရေးအတွက်ရည်ရွယ်ထားကြောင်း၊ ဒုတိယအနေနှင့် အီရတ် ကာဒစ်စ်ကန် ရှိ Erbil တွင် ပညာသင်ကြားနေသော ဒုက္ခသည်ကလေးငယ် တစ်သိန်းသုံးသောင်းအတွက် ပေးလှုကူညီသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/vatican-christmas-concert-highlights-refugees.html

#artists, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 3 =